black chawJanuary 6, 20121min69191
ညီလေး အင်ဇာဂီရေ မနက်ဖြန် January 7, 2012 ဟာ ညီလေးရဲ့ မွေးနေ့လို့ သိထားတော့ အမှတ်တရမွေးနေ့လက်ဆောင်လေး ပေးချင်နေမိပါတယ်။ စဉ်းစားရင်းနဲ့ ညီလေးအတွက် တန်ဖိုးရှိမယ်လို့ထင်တဲ့ စာပိုဒ်လေးတစ်ပိုဒ် လက်ဆောင်ပေးချင်ပါတယ်။ စိတ်ဝင်တစား ဖတ်ပေးပါနော့။ ဖတ်ပြီးသားဖြစ်ဖို့များပေမယ့် ဒီအချိန်မှာ ဒီစာဟာ ကိုယ့်ညီအတွက် သင့်တော်တယ်ထင်လို့ လက်ဆောင် ပေးတာပါ။ ကဲ ဖတ်ကြည့်ဗျာ။ မိမိတန်ဘိုးကို အသိအမှတ်ပြုပါ တစ်ကြိမ်မကတော့ပါဘူး။ ဒီပုံပြင်ကို ကျွန်တော်ပြောဖြစ်ခဲ့တာ၊ ကျွန်တော်နဲ့ သူငယ်ချင်း ဂယ်ရီစမောလေတို့ဟာ လူထုပရိသတ်ကို စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းက လူထုပရိသတ်တစ်သောင်းလောက်ရှေ့မှာ ဒေါ်လာ ၅ဝ တန် ငွေစက္ကူ ကို ကိုင်မြှောက်ပြပြီး “ဒီဒေါ်လာ ၅ဝ တန်ကို ဘယ်သူလိုချင်လဲ” လို့ မေးလိုက်ပါတယ်။ နေရာတိုင်းမှာ လက်တွေမြှောက်လာတာ […]