Yin Nyine NwayAugust 24, 20101min1190
ဝသုန်မိုးအေး commented on “ဟုတ်ကဲ့ပါဆရာ… တုပ်ကွေးဖြစ်နေရင် Paracetamol တစ်ခုပဲ သောက်ရတာလား.. အများအားဖြင့် ဆရာတွေက အဲဒီဆေးပဲ ညွန်းကြတယ်ကော… ကျေးဇူးတင်ပါတယ်ဆရာ…” တုပ်ကွေးကလည်း အခုခေတ်မှာ “လေးကောင်ဂျင်ရောဂါ” လား မေးရတော့မယ်။ အကောင်နာမယ်တွေနဲ့ ပြောကြတယ်။ ကြက်-ဝက်-ဆင်-မျောက်။ ဘာနာမယ် ဖြစ်ဖြစ် ဗိုင်းရပ်စ် ကနေဖြစ်တာချည်းပါဘဲ။ ဆရာဝန်တွေ သိပ်မနိုင်သေးတဲ့ အကောင်ပေါ့။ ဒီအကောင်ကို မနိုင်ပေမဲ့ မကူးစေအောင်နဲ့၊ ခံချနိုင်အောင်လောက်တော့ ရပါတယ်။ တုပ်ကွေးက အင်မတန် ကူးစက်မြန်လှတယ်။ RNA virus အုပ်စုထဲက အကောင်တွေကြောင့်ပေါ့။ ငှက်တွေရော နို့တိုက် သတ္တဝါတွေမှာလည်း ကူးတယ်။ အေ၊ ဘီ၊ စီ ဆိုပြီး မတူတာလေးတွေ ရှိသေးတယ်။ Influenzavirus A ထဲကနေမှာ နာမည်ကြီးလာတာက H1N1 […]