moethihaMay 21, 20101min1091
မိမိသွားလေရာသို့ USB drive နှင့် အလွယ်တကူသယ်ဆောင်သွားနိုင်သော application များစွာကို အခမဲ့ရယူနိုင်စေမည့် ဝက်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တွင် Portable ဆော့ဖ်ဝဲများစွာကိုတွေ့ရှိရပြီး ကွန်ပျူတာပြုပြင်ခြင်းဆိုင်ရာ Tool များ၊ အင်တာနက် Tool များ၊ media player များ၊ ဂိမ်းများ၊ CD နှင့် DVD Burning ဆော့ဖ်ဝဲများ စသည်ဖြင့် ခေါင်းစဉ်ပေါင်းမြောက်များစွာဖြင့် ခွဲခြားဖော်ပြပေးထားပါတယ်။ ထို့ပြင်ဆော့ဖ်ဝဲများအလိုက် အသုံးပြုပုံအဆင့်ဆင့်နှင့် အရွယ်အစားတို့ကို အသေးစိတ်ဖော်ပြပေးထားပါတယ်။ ဝက်ဘ်ဆိုက်အတွင်း ဆော့ဖ်ဝဲပေါင်းများစွာကို အလွယ်တကူရှာဖွေနိုင်ရန် Search bar ထည့်သွင်းပေးထားပြီး Portable Application များစွာကို ရယူလိုသူများအတွက် သင့်တော်သောဆိုက်တစ်ခုပဲဖြစ်ပါတယ်။