black chawMarch 7, 20171min42311
ပြည်သူ ့နီတိမှာ ဘာသာရေးထည့်မယ့် အစား Money Education ထည့်သင့်တယ်။ တရုတ်တွေ ကုလားတွေဟာ သူတို ့သားတွေသမီးတွေကို ငယ်ငယ်ကတည်းက ပိုက်ဆံအကြောင်း သင်ပေးလေ့ရှိသတဲ့ဗျာ။ ဘယ်ဟာက အသုံး ဘယ်ဟာက အဖြုန်း ဘယ်ဟာက အလှူ ဘယ်လိုရှာဖွေစုဆောင်းရတယ် စသည်ဖြင့်ပေါ့။ ကလေးတွေ ငွေနဲ ့ထိပ်တိုက်တိုးတဲ့ အခါ ကိုးရိုးကားယားမဖြစ်အောင် ကြိုပြင်ဆင်ပေးထားတဲ့သဘော။ ကျုပ်တို ့တိုင်းရင်းသား မိသားစုတွေမှာ သင်ပေးလေ့မရှိသလောက်ပါပဲ။ ဟော ငွေနဲ ့လည်းထိပ်တိုက်တိုးရော ကိုးရိုးကားယားတွေဖြစ်ကုန်ရော။ ဟေ့လူတွေ။ အတည်ပြောနေတာဗျ။ ကိုယ်တွေ ့ကိုယ်တွေ ့။ အဲဒီတော့ ပြည်သူ ့နီတိထဲ ဘာသာရေးတွေ သွားထည့်မယ့် အစား ငွေ အကြောင်းသာ ထည့်သင်ပေးလိုက်ကြစမ်းပါဗျာ။ (BC)