Phaung PhaungApril 20, 20121min32422
ကုန်းကုန်းအော်နေတဲ့ ကိုဘုန်းကျော်သို့ သို့ ကိုဘုန်းကျော် ကိုဘုန်းကျော်ရဲ့ “မုန်တိုင်းကထန်ထန် အဖေကမှုးမှုး” ဆိုတဲ့ ပို့စ်ထဲမှာ NLD အမတ်တွေ လွှတ်တော်တက်ဖို့ ကျမ်းကျိန်တဲ့ကိစ္စလေးကို ဝေဖန်ထားတာလေးကို မိမိအမြင်နဲ့ ဒီလို လေးပြန်ရှင်းချင်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုစဉ်အတွင်း ရွတ်ဆိုရတာက….. 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရမယ်လို့…..ပါပါတယ်။ ရိုးရိုးလေးပဲတွေးကြည့်ရအောင်ပါ…..။ ဥပဒေဆိုတာ ပြဌာန်းပြီးရင် ဘာလုပ်ရမလဲ ?? အဲဒီဥပဒေကို လေးစားလိုက်နာရမယ်မဟုတ်လား ။ လုံးဝကို လိုက်နာရ တော့မှာလေ။ အခုဟာက ဒီဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတော့ ဥပဒေကိုပြဌာန်း ထားတဲ့သူတွေက ဥပဒေရဲ့အထက်အပေါ်မှာ ရှိနေတဲ့သဘောပေါ့။ ဥပဒေရဲ့အထက်မှာ မည်သူမှမရှိစေရဆိုတာတော့ ကိုဘုန်းကျော်သိပြီးသားဖြစ်မှာပါ။ ဆိုတော့ကာ….(မိုးဒီလေသံနဲ့ ) ဥပဒေဆိုတာ ပြဌာန်းသူတွေရဲ့ ပါးစပ်ထဲမှာရှိသလိုဖြစ်နေမှာပေါ့ ။ အဲဒီလို မလိမ့် တပတ်လုပ်ခဲ့လို့လဲ နှစ် 20 […]