-ဟာသလေးပါ ကျောက်သင်ပုန်းတဲ့-ဆိုတဲ့ post မှာ comment ပေးရင်းစိတ်ကူးရလို့ ရေးလိုက်တာပါ၊ မူပိုင်ခွင့်တွေဘာတွေနဲ့လည်းမဆိုင်ပါ၊ မြန်မာတွေမညံ့ဘူးဆိုတာသိစေချင်တာတခုတည်းပါ။ ကမ္ဘာအလယ်မှာမြန်မာဆိုတာနဲ့ အထင်အမြင်သေးကြတယ်၊ ဒါတွေဟာ မြန်မာပြည်းသား တွေကစခဲ့ပြီးကမ္ဘာကျော်နေတဲ့အားကစားအကြောင်းပါဘဲ။ ငယ်ငယ်တုန်းကကစားခဲ့ဘူးတဲ့ ဘောလုံးရိုက်ကစားနည်းတခုပါ၊ ၁ဖွဲ့မှာ အနဲဆုံး ၃ယောက်ရှိရတယ်၊ အဖွဲ့၂ဖွဲ့ခွဲပြီး၁ဖွဲ့ကဘောလုံးပစ်ရတယ်၊ တဖွဲ့ကဘောလုံးကိုရိုက်ရတယ်၊ ဘောလုံးပစ်တဲ့သူကဘောလုံးရိုက်တဲ့သူနောက်က ထင်ရူးပုံးကိုထိအောင်ပစ် (သို့) ထင်ရူးပုံးနောက်က ကိုယ့်လူဆီကို ဘောလုံးရိုက်တဲ့သူ ရိုက်မမှီအောင် အမြောက်ပစ်(ခပ်မြင့်မြင့်)ပေးရပါတယ်၊ တဖက်အဖွဲ့က ထင်းရူးပုံးကိုထိအောင် ပစ်တဲ့ဘောလုံးကို ဘောလုံးရိုက်တဲ့သူက ထင်းရူးပုံးကိုမထိအောင် ဘတ်တံနဲ့ရိုက်ထုတ်ရပါတယ်၊ ဘောလုံးဟာထင်းရုူးပုံးကိုသွားထိရင် ရိုက်တဲ့သူသေပြီးနောက်တယောက်လဲရပါတယ်၊ ဘောလုံးဟာ ဘတ်တံနဲ့ရိုက်မိလို့လွင့်သွားရင် ဘောလုံးလိုက်ကောက်တဲ့အချိန်မှာ ရိုက်လိုက်တဲ့သူက ပစ်တဲ့စည်းနဲ့ ထင်းရူးပုံးနေရာကို ရသလောက်အသွားအပြန်ပြေးရပါတယ်၊ ဘောလုံးကောက်တဲ့သူက ဘောလုံးကောက်ပြီး အဲဒီပြေးတဲ့လူကိုစည်းမရာက်ခင်ထိအောင်ပစ်နိုင်ရင် ဘောလုံးရိုက်တဲ့သူသေပြီးနောက်တယောက်လဲရပါတယ်၊ ဘောလုံးရိုက်တဲ့သူက ၅ခေါက် ပြေးနိုင်ရင် တယောက်ရှင်ပါတယ်၊ ဒါတွေဟာ ကျနော်တို့ငယ်ငယ်ကတည်းကကစားခဲ့တာပါ၊ အခုအချိန်မှာတော့ […]