နိုင်ငံတော်က ၂လုံး ၃လုံး ပပျောက်ရေး အတွက် ဒိုင်တွေကို ထိထိရောက်ရောက် ဖမ်းနေတယ်လို့ ကြားရပါတယ်။ ကျနော့်အတွေးကတော့ ဒါတွေကို ဖမ်းရုံနဲ့ အမြစ်ပြတ် ပပျောက်နိုင်ပါသလား။ မလွယ်ဘူးလို့ ထင်ပါတယ်။ ဒါဟာ အခြေခံကျတဲ့ အဓိကအချက်ကို ဖြေရှင်းတယ်လို့ မထင်ပါ။ သစ်ပင်တပင်ကို အမြစ်ပြတ် သတ်ချင်ရင် မြင်ရတဲ့ အကိုင်းအခက်တွေကို ပင်စည်တွေကို ခုတ်ပစ်ရုံနဲ့ ဒီသစ်ပင်ဟာ သေသွားမှာ မဟုတ်ပါ။ လောလောဆယ် အမြင် ရှင်းပြီး သေသလို ဖြစ်နေပေမဲ့ ရေသောက်မြစ်ရှင်သန်နေတဲ့ အတွက် မကြာမှီမှာ ပြန်လည် ရှင်သန်လာပါလိမ့်မယ်။ ၂လုံး ၃လုံး ရဲ့ရေသောက်မြစ်ကရော ဘာလဲ။ ထိုးသားတွေရဲ့ ဆင်းရဲတွင်း လွယ်လွယ် လွတ်မြောက်စေနိုင် တယ်ဆိုတဲ့ အထင်နဲ့ ထိုးလိုတဲ့စိတ် ၊ အကျိုးအမြတ်ရှိလို့ ရောင်းချင်တဲ့ […]