Zaw WonnaOctober 6, 20101min1621
လူသားတို့ သိရှိခဲ့သမျှ ရုပ်ဝတ္ထုများတွင် အပါးလွှာဆုံးနှင့် အခိုင်ခံ့ဆုံးဖြစ်ပြီး ပိုမိုမြန်ဆန်သော ကွန်ပြူတာများနှင့် အလင်းပေါက်သော Touch screen များအတွက် အရေးပါသည့် ကာဗွန် တစ်မျိုးကို တီထွင်နိုင်ခဲ့သော ရုရှနိုင်ငံဖွား သိပ္ပံပညာရှင် နနှစ်ဦးသည် ပြီးခဲ့သည့် အင်္ဂါနေ့က ၂၀၁ဝ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ပူးတွဲ ရရှိခဲ့ကြသည်။ မန်ချက်စတာ တက္ကသိုလ်မှ ပါမောက္ခများ ဖြစ်ကြသော Andre Geim နှင့် Konstantin Novoselov တို့ နှစ်ဦးသည် အက်တမ် အရွယ်အစားတမျှ ပါးလွှာသော်လည်း သံမဏိထက် အဆပေါင်း ၁၀ဝ ကျော် ခိုင်ခံ့သည့် ကာဗွန် တစ်မျိုးဖြစ်သည့် graphene ကို တီထွင်နိုင်ခဲ့ကြောင်း Royal Swedish Academy of Sciences […]


kaiFebruary 19, 20101min88243
“ဗမာတယောက် နိုဗယ်ဆုရတော့မည်။” အဲဒီလိုဆိုရမှာပဲ။ ဘယ်နှယ် …အောက်ကသတင်းဖတ်ကြည့်ပါလား။ နိုဗယ်ဆုတင်မဟုတ်..။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်နိုင်ကြောင်းပါ။ ဒါတင်လည်းမဟုတ်..။ နိုင်ငံတိုင်းရဲ့ခေါင်းဆောင်တွေ ခေါ်တွေ့မေးရမဲ့သူဖြစ်သွားနိုင်ကြောင်းပါ။ ဆိုတော့ …ဒီကမ္ဘာမှာ အကျော်ကြားဆုံးသူ ဖြစ်ဦးမယ်ဆိုပါတော့…။ သတင်းက အင်တာနက်ထဲလိုက်နှီုက်ရင်း တွေ့တာပါ။ သုံးသတ်ချက်တွေကတော့ ဖိုရမ်တွေ၊ ဘလော့ဂ်တွေမှာလည်းတက်နေပါပြီ။ ကျုပ်တို့က အမေရိကနေတဲ့ မီဒီယာဆိုတော့ တကယ်သာဟုတ်ခဲ့ရင် အရိုးအရင်းလေးကိုက်ရလိုကိုက်ရငြား…အကူအညီပေးချင်လို ့ဆိုပါတော့။ အဲဒီပညာရှင်(ဦးစိုင်းသန့်ဇင်)ကိုလည်း ဘယ်လိုဆက်သွယ်ရမှန်းမသိတော့ ဒိကပဲ ရေးလိုက်ပါတယ်။ မူပိုင်ခွင့်၊ မှတ်ပုံတင်တာ။ ကမ္ဘာအဆင့်မှတ်ပုံတင်တာ။ နိုဗယ်ဆုတင်ပေးတာတွေ အားလုံး မန္တလေးဂေဇက်ကလုပ်ပေးနိုင်တယ်လို ့ပါ..လို့။ ပြောရရင် ကျုပ်လည်း လောကဓါတ်ပညာ နည်းနည်းပါးပါးတီးခေါက်မိတော့ အခုဖြစ်စဉ်ကြီးက သိပ်ပံဥပဒေသတွေ ချီုးဖေါက်နေတာမျိုးလို ့ထင်မိပါတယ်။ အခုဟာက ရွက်သဘောင်္ပေါ် ပန်ကာကြီးတင်ပြီး ပန်ကာလေနဲ့ ရွက်လွှင့်သလိုမျိုး ဖြစ်နေသလားပါပဲ။ စွမ်းအင်ကို စိုက်ထုတ်ပေးလိုက်တာထက် အလိုအလျှောက်အပိုထွက်နေတော့လေ။ […]