ဇာခန်းဆီး၏ နောက်ကွယ် သူမကြင်နာလို့ ကိုယ်စိမ်းလိုက်ရတယ် ဆိုပေမယ့် လူမမြင်ကွယ်ရာမှာ ဘယ်သူစိမ်းတွေနဲ့ … နင်.. ဂိမ်းတွေပဲ ဆော့နေတော့မှာလား မျက်လုံးတွေလည်းဝေဝါးနေပြီ… နင့်ကို ပေးတပ်ဖို့ မျက်မှန်တစ်လက် မနက်ဖန်မနက်မှာ နင် မျက်နှာသစ်ရအုံးမယ်လေ… နင်… အဲဒီလို ပေးဆပ်မှုမျိုးနဲ့တော့ အဲဒီ ပျော်ရွှင်မှုမျိုးကို မတပ်မက်သင့်ဘူး… နင်စွန့်လွှတ်ခဲ့ရတဲ့ ဂုဏ်သိက္ခာအတွက် လူတစ်ချို့တော့ မျက်ကွယ်ပြုတန်ကောင်းရဲ့… နင်… အဲဒီလို ရပ်တည်မှုမျိုးနဲ့တော့ အဲဒီဘက်ကို နင် မယိမ်းယိုင်သင့်ဘူး… တစ်ခါတုန်းက ရင်းနှီးခဲ့တဲ့ ရင်တစ်ခုက တိတ်တဆိတ် ပြက်ရယ်ပြုနေမှာကို… နင်… တစ်ဖက်ကို မကြည့်ချင်တော့လို့ အခြားတစ်ဖက်ကို မမြင်နိုင်တာမျိုးလား… ရိုးရိုးသားသား (ဘာလို့ နားတွေကို ပိတ်ထားရတာလဲ…) နင်… ဟောဒီ ရင်ဘတ်ထဲက ပေါက်ကွဲသံစဉ်တေွ ဟောဒီ ဘယ်ဘက်တစ်ခြမ်းမှာပဲ… မနာလို […]