အဇဋာJune 22, 20121min2526
“ငါတွေးသည်။ ထို့ကြောင့် ငါရှိသည်” ဆိုတဲ့ အတွေးအခေါ်ကို အတွေးအခေါ်ပညာရှင် ဒေးကားစ် က ပြောခဲ့ဖူးပါတယ်။ အားလုံးလည်း ရင်းနှီးနေခဲ့မယ့် အတွေးအခေါ်တစ်ခုပါ။ အဲဒီအတွေးအခေါ်ကို ကျွန်တော်စကြားဖူးတုန်းက စဉ်းစားကြည့်တယ်။ တွေးကြည့်တယ်ပေါ့။ ဒါပေမယ့် ကျွန်တော် တွေးနေလျှက်နဲ့ ကျွန်တော်ရှိနေတယ်ဆိုတာကို ပြဖို့ လုံလောက်မနေဘူး။ ကျွန်တော်ရှိမနေရင်ကော ကျွန်တော်တွေးမနေနိုင်ဘူးလား။ သူဆိုလိုတာက တွေးပြီးမှ ရှိလာတာလား။ ရှိနေတာကို သက်သေပြဖို့ တွေးတာလား။ ကျွန်တော်ရှိနေတာကို ပြဖို့ ကျွန်တော်တွေးနေဖို့လိုသလား ဆိုတာကိုက ကျွန်တော့်အတွက် ပြဿာနာတစ်ခု ဖြစ်လာပြန်ပါတယ်။ အဲဒါနဲ့ ကျွန်တော် ဆက်တွေးပါတယ်။ (တစ်နည်း) ကျွန်တော်ရှိနေတယ်ဆိုတာကို ပြဖို့ ကျွန်တော်ဆက်တွေးပါတော့တယ်။ ငါ တွေးသည်…ထို့ကြောင့် ငါရှိသည် ဆိုတဲ့ အယူအဆဖြစ်ပေါ်လာပုံက အဲဒီ အတွေးအခေါ်ပညာရှင်ဟာ တစ်ရက် မီးပုံနားမှာထိုင်နေရင်းနဲ့ အတွေးခန်းဝင်နေတယ် တဲ့။ […]