တစ်ခါတုန်းက ပုံပြင်အသစ်တွေ မကြားဖူးတဲ့ မောင်ထူးဆိုတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ အုန်းမောင်း ခေါက်တော့ ထုံးစံအတိုင်း မောင်ထူးနိုးပြီ။ ချက်ချင်း ဆိုသလိုပဲ သူသတိရပြီး ဝမ်းနည်းလာတယ်။ အမှောင်ထုထဲ မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကြည့်ရင်း ကြေကွဲမှုဟာ ဒီ အမိုက်မှောင်လို သူ့ကို လွှမ်းခြုံထားတယ်လို့ ထင်မိလာ တာပဲ။ ခဏနေတော့ နို့ဆီခွက်ဟောင်းပေါ်ကဖယောင်းတိုင်တိုကို ထွန်းပြီး မီးတောက် ကို ငေးပြန်တယ်။ မီးတောက်ကလေးထဲ မှာ ဘာတွေ မြင်ရပါ့။ အဝါရယ်၊ လိမ္မော်ရယ်၊ ပြာလဲ့လဲ့ရယ်၊ ပြီးတော့မီးစာနက်နက်။ တစ်ညလုံး သူငိုနေခဲ့တာ။ ခုတော့ ဝမ်းနည်း မှုက အစိုင်အခဲကြီးလို ရင်ထဲမှာ ကြပ်ဆို့ လေးလံနေတယ်။ မနေ့က သူ့ဂဏန်းပေါင်းစက်ကလေး ပျောက်သွားတယ်လေ။ ရိုးရိုး ဂဏန်းပေါင်းစက်တော့ မဟုတ်ဘူးပေါ့။ နည်းပညာကောလိပ် […]