ပြည်တွင်းရေကြောင်း သဘောင်္များ

klnMay 25, 20101min440

ပြည်တွင်းရေကြောင်း သဘောင်္များ မုန်တိုင်းမကျရောက်မီ ၁၂နာရီအတွင်း မုန်တိုင်းနားခိုရာသို့ ရွှေ့ပြောင်းပြီး ပန်းဆိုးတန်း- ဒလကူးတို့ကို မုန်တိုင်းမဝင်မီ တစ်နာရီအထိ ပြေးဆွဲပေးသွားမည်

သဘာဝဘေးအန္တရာယ်များတွင် တစ်ခုအပါအဝင် ဖြစ်သည့် မုန်တိုင်းအန္တရာယ်နှင့် ကြုံတွေ့လာရပါက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သဘောင်္များအား မုန်တိုင်းမကျရောက်မီ၁၂နာရီ အတွင်း မုန်တိုင်းနားခိုရာ နေရာသို့ ရွှေ့ပြောင်းပေးပြီး ပန်းဆိုးတန်း- ဒလ ကူးတို့လမ်းကိုမူ မုန်တိုင်းမဝင်မီ တစ်နာရီအလိုအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးဆောင်ညွှန်ကြားရေး မှူးဦးစိုးတင့် ကပြောပြခဲ့ပါသည်။ “ နာဂစ်မုန်တိုင်းဖြစ်ပြီးတော့ ကမ်းတင်၊ နစ်မြှုပ်နေတဲ့ သဘောင်္တွေကို ပြန်ပြီး ဖော်ဆယ်ပြုပြင်ခဲ့တယ်။ တဖက်မှာလည်း နောက်ဒီလိုမျိုးထပ်ဖြစ်လာရင် ဆုံးရှုံးမှု နည်းအောင် သဘောင်္တွေ မုန်တိုင်းနားခိုဖို့နေရာ ၊ မုန်တိုင်းလာရင်လုပ်ဆောင်ရမယ့် အဆင့်တွေအလိုက် အရောင်သတ်မှတ်ချက်တွေ၊ စတာတွေကို ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ခဲ့တယ်” ဟုပြည်တွင်းရေကြောင်း မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ထိုသို့ မုန်တိုင်းအန္တရာယ်ကျရောက်ပါက လုပ်ဆောင်ရမည့် သတ်မှတ်ချက်များတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သဘောင်္များအား မုန်တိုင်းမကျရောက်မီ ၁၂နာရီအတွင်း မုန်တိုင်းနားခိုရာသတ်မှတ်နေရာအသီးသီးသို့ အရောက်သွားရန်ပါရှိသော်လည်း ပန်းဆိုးတန်း- ဒလကူးတို့လမ်းတို့မူ မုန်တိုင်းမဝင်မီ တစ်နာရီအလို အချိန်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၂၆ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။