နားစည်ကိုထွင်းနှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်မှာရပ်တန့်နေသော …….အပိုင်း8

စတီရီယိုတေးဆိုတဲ့ ဂီတထဲမှာလည်း ကိုယ်ပိုင်သံစဉ် ရယ် ကော်ပီရယ်ဆိုပြီးလိုင်းကွဲ ကြပါသေးတယ်။
တစ်ချို့ကတေ့ာ ကော်ပီသက်သက် တစ်ချို့ကတော့ နှစ်မျိုးလုံး တစ်ချို့ကတော့ ကိုယ်ပိုင်သံစဉ်ကလွဲရင် နိုးပါပေါ့၊
ဒီအထဲမှာမှ တစ်ချို့ကတော့ စတီရီယိုရော မိုနို်ရောပါ အကုန်နှစ်မျုိုးလုံး ဆိုနို်င်တဲ့သူတွေပေါ့။
ဒီကော်ပီဆိုတာနဲ့ပြောစရာလေးတစ်ခုကတော့ “မြဝတီမင်းကြီး ဦးစ “တို့ ” ပြင်စည်မင်းသား”တို့လို မြန်မာသီချင်းကြီး အစကနဦးက
လူတွေရေးတဲ့သီချင်းမှာလဲ ” ယိုးဒယား ဖိန်းချားသီချင်း”ဆိုတဲ့ သံစဉ်အလိုက်တို့ “ခရစ်ယာန်ဓမ္မတေး “အလိုက်တွေကိုယူလို့ သုံးဘူးပါတယ်။
နောက် စစ်ပြီးခေတ်မှာရော လွတ်လပ်ရေးရပြီးခေတ်မှာရော သီချင်းတွေမှာလဲ ကော်ပီသီချင်းတွေကိုတွေ့ရပါတယ်။
ဥပမာပြောရရင် “ပန်းမြိုင်လယ် ယိုးဒယား ” ၊” မြပန်းခွေ” ၊” စကားတက္ကသို်လ်”၊ ” တစ်နေဝင်သော်” ၊
” လွမ်းငွေ့ဝေဝေ(ရွှေပြည်အေး)”၊ပယင်းရောင် ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး ” အိုကွယ်သူလေး ရှောင်ပြေးလို့ပုန်းရက်တယ်”ဆိုတဲ့သီချင်းတို့
“စိန်ကြည်နော် စိန်ကြည်နော် လင်ယူပက်စက်သည် မာစတာက တိုကျိုပြန် ဗိုက်တစ်လုံးနဲ့ကျန် “တို့
” အိုဗလာဒီ အိုဗလာဒ “ဆိုတဲ့သီချင်းမျိုးတွေပေါ့။
ကော်ပီဆိုတာလဲ ရှေးကတဲကရှိခဲ့တာပါလို့ပြောချင်တာပါ။
ဒါက ကြုံလို့သိဘူး ကြားဘူးတာလေးတွေမို့လို့ပြောပြတာပါ။

ကျနော့်တေးသံသွင်းလုပ်သက် (11)နှစ်အတွင်းမှာ ပေါ်လာပြီး ခဏလေးနဲ့ပျောက်သွားတဲ့ အဆိုတော်တွေရော
ဖြည်းဖြည်းမှန်မှန်လေးနဲ့ သွားနေတဲ့သူရော အတော်များများ တွေ့ရပါတယ်။
နောက်ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲလို့လက်ခံလာတဲ့ဂီတပုံစံလေးကိုလဲတွေ့ရပါတယ်။
အရင်က စတီရီယိုအဆိုတော်တွေက မြန်မာသံမိုနိုသီချင်းတွေကို တောသီချင်းတွေဆိုပြီးပစ်ပယ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ထူးခြားတာက မြန်မာသံစဉ်တစ်ခေတ်ပြန်ထလာတဲ့အချိန်မှာ အရင်က ဘိုသီချင်းကော်ပီအဆိုတော်
တွေတောင် မြန်မာသံစဉ်ကို မက်မက်စက်စက် ပြောင်းဆိုလာတာကိုတွေ့ရတော့”ထူးထွေသည့်အံ့ရာသော်”လို့တောင်ပြောလို့ရပါတယ်။

သူများတွေထက်ထူးတယ်လို့ ပြောပြော ပါရမီရှင်လို့ဘဲဆို ဆို တော်တယ်လို့ဘဲပြောပြော နှစ်ပေါင်းများစွာ သီချင်းပေါင်းများစွာတင်မက
ပုံစံအမျိုးမျိုးနဲ့ဆိုနိုင်သူတွေထဲမှာအထူးခြားဆုံးသောအဆိုရှင် ကိုပြောရမယ်ဆိုရင်ဖြင့်

မလိုအပ်တဲ့ အသုံးမကျတဲ့ကန့်သတ်ချက်တွေနဲ့ နေကြရတဲ့ ခေတ်ရဲ့သားကောင်ဖြစ်ခဲ့ရတဲ့အတွက်
တက္ကသိုလ်ဆရာမဆိုတဲ့ရာထူးကို စွန့်လွှတ်လို့ ဂီတလောက မှာ ယနေ့အထိ စွဲမြဲစွာလျှောက်လှမ်းနေဆဲဖြစ်တဲ့
“မျိုးမျိုး ” တို့ ” သံသာဝင်း” တို့ရဲ့မေမေ ဖြစ်သူသီချင်းကိုလဲ ကိုယ်တိုင်ရေးနို်င်သူ
“နွဲ့ယဉ်ဝင်း “ပါ၊
လူကြိုက်များလူတိုင်းပါးစပ်ဖျားမှာ ရှိခဲ့တဲ့ ” ကြည်ကြည်ဖြူဖြူ ” ၊” မေမြို့သို့မဟုတ်ပြင်ဦးလွင်”ကစလို့
စတီရီယိုခေတ်ဦးမှာ ဂျင်မီဂျက်တို့ စိုးပိုင်တို့နဲ့ စုံတွဲသီချင်းတွေ ဆိုနေရင်းက
“တစ်လုံးနှစ်လုံးစာစီကုံး “လိုမြန်မာသံသီချင်းမျိုးနဲ့လဲ အောင်မြင်ပြန်သေးတယ်။
” ဘယ်ရီးစားကိုအချစ်ဆုံးလဲ”တို့ “မနဲ့မောင် “တို့ “ပုဆိုးနဲ့တိုက်ပုံဝတ်လာပါ “တို့နဲ့ခေတ်လည်မှာအောင်မြင်ပြန်သလို
အခုခေတ်မှာလဲ “ရွှေပင်လယ် “တို့ “ယနေ့မှစ၍နှစ်တရာတိုင်” တို့နဲ့သမီးနဲ့အပြိုင်”ရှင်ဘုရင်လေး”နဲ့ခေတ်မှီနေပါသေးတယ်။

နောက်တစ်ယောက်ကတော့ အခုတိုင် ကန်းထရီးစတိုင် နဲ့ လူငယ်တွေနဲ့အပြိုင်ချဲနေနိုင်သေးတဲ့ ” မောင်ငြိမ်းချမ်းခေါ် စိုးပိုင်”ပါ။
စတီရီယိုခေတ်ဦးအစမှာ အောင်မြင်သောသီချင်းပေါင်းများစွာကို တကိုယ်တော်ရော စုံတွဲတေးပေါင်းများစွာကို
ကုလားသီချင်းအလိုက်ရော ဘိုသီချင်းအလိုက်တွေကိုရော ကိုယ်ပိုင်သံစဉ်တွေကိုရော ဆိုထားပါတယ်။
နောက် သည်ဂီတလောက ကနေ ခဏလေးပျောက်ကွယ်သွားရာကနေ ရွက်ဝါတေးသံသွင်းကနေပြီး
မေရွက်ဝါနဲ့တွဲလို့ စိုးပိုင်ရဲ့ပထမသီချင်းများဆိုပြီး ပြန်လည်သီဆိုရာက ပရိသတ်ပြန်လည်လက်ခံရေနရာကနေ
” အနီးဆုံးလူ” တို့ “ပြည့်စုံပါစေ”တို့နဲ့ဒီဘက်ခေတ်အထိအောင်မြင်လို့ စင်ပေါ်မှာခုထိတွေ့နိုင်ပါသေးတယ်။
နောက်ထပ်တစ်ယောက်ကတော့ လူလောက ကိုစွန့်ခွာသွားတာ မကြာသေးတဲ့ ” ဘိုထီးခေါ် စိုင်းထီးဆိုင်” ပါ။
စိုင်းခမ်းလိတ်ရေးတဲ့ ရိုးစင်းတဲ့စာသားလေးတွေနဲ့ကိုယ်ပိုင်သံစဉ်ပေါင်းစပ်လို့ ထူးခြားအောင် လုပ်နိုင်တဲ့
မြန်မာစကားမပီတစ်ပီနဲ့ဆိုလို့ လူငယ်လူကြီးမရွေးရင်ထဲကိုသူ့သီချင်းလေးတွေနေရာယူထားချိန်မှာ
အားလုံးနဲ့ဝေးတဲ့နေရာလေးဆီကိုယာယီရောက်သွားပါတယ်။
အဲဒီက အပြန်မှာ ” လူကြမ်းမင်းသား “က နေပြန်လည်အစပြုလို့ ပလက်ဖောင်းမင်းသားကိုနေ့သစ်လေးမှာ
အချစ်အတွက်တဖန်မွေးဖွားခြင်းဆိုတဲ့သီချင်းနဲ့အတူ နောက်တကြိမ်ပြန်လို့ဝင်ရောက်လာပါတယ်။
ရာသီပြောင်းချိန်၊မောင့်အရိုင်းပန်း၊ရန်ကုန်မှာသာတဲ့လ ရေဒီယိုကမာရွတ်စတဲ့ သီချင်းပေါင်းများစွာကနေ
လေညာအရပ်က အချစ်ဆိုတဲ့ သီချင်းနဲ့အတူ မလှပေမဲ့သဘာဝမင်းသားအဖြစ်ဗွီဒီယိုဇာတ်လမ်းမှာမင်းသား
အဖြစ်တောင်အောင်မြင်ခဲ့ဘူးပါတယ်။
နောက်ပိုင်းအောင်မြင့်ခဲ့တဲ့သီချင်းတွေကတော့ ပါပီမ တို့ လျော့ကြိုးကုန်ချိန်တို့ဖြစ်ပါတယ်။
သူတို့လိုဘဲ တကြော့ပြန်အောင်မြင်သူတစ်ယောက်ကတော့ အဆိုတော်မင်းသား ကွယ်လွန်သွားရှာပြီဖြစ်တဲ့” လွှမ်းမိုး “ပါ။
စတီရီယိုတေးခေတ်လယ်မှ စိုင်းခမောက်ဆိုင်ဆိုပြီးထီးဆိုင်ကုသရော်သလိုနာမည်နဲ့ ဆိုခဲ့ဘူးသူလဲဖြစ်ပါတယ်။
(ဆရာမ၊ လမ်းနံဘေးနားက ပန်း ။ နီနီညိုညိုကိုကို ၊ ဂစ်တာတီးတဲ့ကောင်လေး၊ )
(မနှင်းဆီအတွဲလိုက်သီချင်းများနဲ့
အောင်မြင်နေရာကနေ ပျောက်ကွယ်လုနီးပါးဖြစ်သွားရာကနေ သူ့ဇနီးဖြစ်သူ မို့မို့မြင့်အောင်နဲ့တွဲလို့
မြန်မာသံအလိုက် (ကတ္တီပါဘိနပ်စီးရွှေထီးဆောင်း)ဆိုတဲ့သီချင်းတွေ အောင်မြင်ပြီးသားသီချင်းတွေကိုပုံစံသစ်နဲ့ပြန်ဆို
ပြီးတစ်ကျောပြန်အလာမှာ(ပဲပြုတ်သယ်မထား၊ကံ့ကော်မြို့တော်၊ကိုပေါ)သီချင်းတွေနဲု့ပြန်လည်အောင်မြင်လာပြီး
(မိုးစက်တင်လေ ၊အခုတော့ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ဟင်္သာတို့ရဲ့နန်းတော်ရှေ့၊မောင်မေးမယ်မေ၊ခိုးလိုးခုလု)တွေနဲ့
အောင်မြင်မူ့အရှိန်မြင့်နေတုန်းမှာ (ပွဲကြိုက်ခင်)(ချစ်ကြိုးမဲ့လေတံခွန်)စတဲ့မြန်မာသံစဉ်သီချင်းတွေနဲ့ထပ်ဆင့်လို့သရဖူဆောင်းသွားသူပါဘဲ။
နောက်တစ်ယောက်ကတော့ ထီးဆိုင်နဲ့အတူတူ တစ်ပြိုင်ထည်းပျောက်ကွယ်သွားသော ရုပ်ရှင်မင်းသားဇော်ဝမ်းပါဒ
သူကတော့ အပြင်လောက ကိုရောက်ရောက်ချင်းဘဲ 1980ခုနှစ် မြို့မ သင်္ကြန်သီချင်းများနဲ့ပြန်လည်အောင်မြင်ရာကနေ
မောင်ကြေးမုံရေးပြီး မေဆွိနဲ့အတူတွဲလို့ (မိစိမ်းကားရဲ့မာယာတော) စီးရီးကနေ ပြန်လည်အောင်မြင်လို့လာပါတယ်။
အဲဒီကနေစပြီး မြန်မာသံတေးသီချင်းဆီးရီးစ်တော်တော်များများကို ဆိုခဲ့ပြီး နှစ်တိုင်းတို်င်း သင်္ကြန်ရောက်တိုင်း
သူ့သီချင်းများနဲ့သာ နှစ်သစ်ကို ကြိုဆိုရတာမို့ (သင်္ကြန်မင်းသား)ကြီးလို့တောင်နာမည်တစ်လုံးနဲ့နေနိုင်ခဲ့ပေမယ့်
အခုတော့လူ့လောက ကို ထီးဆိုင် နဲ့ အတူ စွန့်ခွာသွားကြပြီဖြစ်ပါတယ်။
နောက်ထူးခြားသူတစ်ယောက်ကတော့ ထီးဆိုင်နဲ့အပြိုင်ပေါ်လာပြီး
တရုပ်သီချင်းအလိုက်ရှမ်းသီချင်းအလိုက်တွေနဲ့ အောင်မြင်သူ စိုင်းဆိုင်မောဝ်ပါ။
သူကတော့ဂီတလောက ကိုစွန့်ခွာလို့ ကားသမားအဖြစ်ဘဝကို နှစ်မြုတ်နေရာကနေ
မြန်မာသံစဉ်ချိုချိုလေးတွေခေတ်စားလာချိန်မှာ (စိမ်းဆိုမှစိမ်းရက်သူကြီးရယ်တို့
မေရယ်အထင်တော့မလွဲလိုက်နဲ့အုံ့း စာလွှာများမရောက်လာခဲ့ရင်တို့
အခြေမဲ့မောင့်ဘဝရဲ့ရင်ခွင်ငယ်ထဲမှာ ဘယ်သူခိုဝင်မှေးစက်ချင်မှာလဲတို့ ၊
ချိုင့်တွေက ပေါပေါ လမ်းတွေကဆိုးဆိုး ဇောချွေးလေးများပြန်နေအောင်မောင်းတယ်တို့၊
အလွမ်းပေးမသွားနဲ့ အလွမ်းပေးမသွားနဲ့နန်းရယ်တို့၊
ဒီခေါက်ဆွဲကောင်းလို့လဲစားတာပါ ကောင်မလေး ချောလို့လဲကြည့်တာပါတို့၊
ဌာနေကိုမောင်လေပြန်ရတော့မယ် မောင်သိပ်ချစ်တဲ့စိမ်းရယ်………..ဆိုတာတွေနဲ့တစ်ကျော့ပြန်ဖမ်းစားခဲ့ပါတယ်။
နောက် ကန့်ကော်တော တေးသံသွင်းပိုင်ရှင် ဖြစ်သူ ကံ့ကော်တောမျိုးအောင်ကတော့ တရုပ်သီချင်းအလိုက်တွေနဲ့စတင်အောင်မြင်ခဲ့သူဖြစ်ပြီး
(စာရေးလိုက်ပါတယ် မိစံရေ ဆိုပြီး မိစံသီချင်းများနဲ့အောင်မြင်ခဲ့သူဖြစ်တဲ့အပြင်
မျက်လုံးပေါင်းတစ်ထောင်လိုသီချင်းများ တူသောအကျိုးပေးပါစေသီချင်းများ အလိုက်သင့်မောင်ဘဦးလိုသီချင်းများ
ရင်ကိုအေးမြရစေသားလို အတွေးရသပါတဲ့သီချင်းပေါင်းများစွာနဲ့အာင်မြင်ခဲ့ပါတယ်။
နောက် ဟိုးခေတ်ဦးအစကနေ ဂီတလောက ကို (အုံးသီးပေါင်မုန့် ပဲပေါင်မုန့်)တို့ပိုင်ရှင် ဂျေမီအဖေ အခုဒါရိုက်တာလုပ်ရင်းကြော်ငြာသီချင်းတွေကို
သူများနဲ့ မတူအောင် သီဆိုနိုင်သူ
သူကတော့ဒီဘက်ခေတ်က လူငယ်များကြားမှာ (ချစ်ကြိုးခွေ၊ ဖြူဖြူဘယ်မှာလဲ၊ခေါင်းလောင်းလေးတွေမြည်နေပြီ )အပြင်
ဂန္ထဝင်တွင်တဲ့ (မင်း…မြန်မာ) သီချင်းကို ရေးဖွဲ့ထားတဲ့ အောင်ကိုလတ်ပါ။
သူတို့နဲ့ခေတ်ကတည်းက စတင်လို့ သီချင်းအေးအေးလေးတွေကို လူမသိ သူမသိ အသံတုန်တုန်နဲ့ဆိုနေရာကနေ
(နွေ၊နွေသာဆိုရင်မှာပြာ၊ဒီဇင်ဘာနံနက်ခင်း)သီချင်းများနဲ့အောင်မြင်လာတဲ့ ဗစ်တာခင်ညို
နာမယ်ကျော် ရု့ပ်ရှင်သီချင်း (ဘယ်ပန်းချီရေးလို့မမှီ)သီချင်းနဲ့အောင်မြင်ပြီး (ချစ်အက္ခရာ ၊ အဝေးပြေး)သီချင်းတွေနဲ့ပြန်ပြီးလူတွေအသိအမှတ်ပြုရတဲ့
အယ်လ်ခွန်းရီကို တွဲခေါ်ခဲ့တဲ့ တက္ကသိုလ်အေးမောင်
ပလေးဘွိုင်တစ်ခေတ်ကို ကော်ပီသီချင်းတွေနဲ့ ပန်းသီးဖီလင်တို့ ပင်လယ်ပြင်မှာ သင်္ဘောမှောက်ခြင်းတို့ သီချင်လေးသေရင်လိုက်လို့သေမယ်တို့
သီချင်းတွေနဲ့အောင်မြင်ထားရာကနေ သီချင်ဟောင်းများကို အလွမ်းပြေတီးထားတာကို တိတ်ခွေအဖြစ်ထုတ်လိုက်တာကနေ ပြန်လည်လို့တစ်ကျော့ပြန်ပြီး
အောင်မြင်ထားတဲ့အပြင် နာမယ် ကျော် သီချင်းလမ်းဆက်လျှောက်မယ် တင်မကသေးပါ
(သူဟာအဖြူဆိုကိုယ်က အမဲ၊သုံးရာသီချစ်သူ၊ကွာစေ့အချစ်။ရန်ဖြစ်ပြီးတော့တို့ပြန်ချစ်။လေယာဉ်အမှတ်ub 403တို့ ချစ်ရမက်တို့ ဂျစ်ပဆီမိုးတိမ်တို့ အဝါရောင်လမ်းကလေးတို့
နဲ့အောင်မြင်တာတောင်မကျေနပ်သေးဘဲ တပင်တိုင်မင်းသားကြီးဆိုတဲ့ မြန်မာသံသီချင်းကို ဝင်ဆိုလိုက်သေးတဲ့ အခုထိသီချင်းတွေဆိုနေသေးတဲ ့ ဘိုဆန်သူ သန်းနိုင်
ကို်ကိုယောကျားဟုတ်ဘူးတို့ ဘီလူးခေါင်းဆောင်းတဲ့မင်းသား တို့ ပေါက်နေပြီတို့ စဉ်းစားမှာပေါ့တို့ရဲ့သခင်မ သန်းနိုင်ရဲ့မဟေသ ီမပုလဲ
ကလည်းရွှေပုလဲသီချင်းများနဲ့ ပြန်ဝင်လာတဲ့အပြင် ငါသွားမယ်ဟောလီဝုဒ်လို့ကြွေးကြော်ပြီးထွက်သွားလိုက်တာ နိုင်ငံခြားကကိုပြန်မလာတော့ပါ။
သူတို့ အကို ကိုစိန်လွင်ကလဲ သည်ဘက်ခေတ်မှာ ကံ့ကော်ဝေဒနာ သီချင်းလေးကို ချန်ထားပြီး နိုင်ငံတာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားပါတယ်။
ဒါကတော့ ဟိုဘက်ခေတ်က စလို့သည်ဘက်အထိအောင်မြင်ခဲ့သူတွေပါ။
ကော်ပီတွေ ဘိုသံစဉ်တွေ ဒစ္စကိုတွေ ဖောစ့်တရော့တွေခေတ်စားနေချိန်မှာ မြန်မာဆန်ဆန်သီချင်းများကို မြန်မာတွေနားထောင်အောင်
ခေတ်ပြောင်းလိုက်သူကတော့……………………………………………..
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

One comment

  • yannaingech

    July 5, 2010 at 2:53 am

    ဒီဆောင်းပါးတွေ အားရပါးရရေးလို့ပြီးသွားရင် စာအုပ်တစ်အုပ်အနေနဲ့ ထုတ်ပေးဖို့ ကိုပေါက်ကို တောင်းဆိုလိုပါတယ်။ ဖြစ်နိုင်ရင် ကြိုးစားပေးပါခင်ဗျာ…

Leave a Reply