Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အချစ်ဆိုတာ………

marnatJuly 24, 20101min45712

အချစ်မှာ အသက်အရွယ် ၊ အချိန် ၊ နေရာ ၊ အကွာအဝေး သတ်မှတ်မှုမရှိပါဘူး။
(၅)နှစ် အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။
မခေါင်းကိုငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပ္ပာယ်လည်းလို. ကျွန်တော်ကို မေးခဲ့တယ်။
(၁၀)နှစ် အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။
ကျွန်တော် ခေါင်းကိုခေါက်ပြီး “ကလေးဟာကလေးလိုနေ” လို.ရှက်ရှက်နဲ. ကျွန်တော်ကို ပြောခဲ့တယ်။
(၁၅)နှစ် အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။
“ချစ်ရင်ဒီစာတွေ ဒီနေ.ရအောင်လုပ်” လို.ပြောပြီး ဆရာမပုံစံနဲ. ကျွန်တော့်ကို စာတွေနှုတ်ပေးခဲ့တယ်။
(၂၀)နှစ် အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။ ကျွန်တော့်ပုခုံးထက်မှာ ခေါင်းလေးကိုမှီပြီး ကျွန်တော်ပျောက်သွားမှာကို စိုးတဲ့အလား ကျွန်တော့်လက်မောင်းကို ‘မ’တင်းတင်းလေးဖက်ထားတယ်။
(၂၅)နှစ် အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။ မနက်စာကို ပြင်ဆင်ရင်း ကျွန်တော့်နဖူးကို တစ်ချက်နမ်းပြီး “သိပါတယ် …… ထပါတော့ လူပျင်းလေးရယ်” လို.ချစ်စနိုးနဲ. ‘မ’ပြောခဲ့တယ်။
(၃၀)နှစ် အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။
“တကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ.၊ မှာတဲ့ပစ္စည်းတွေကိုလည်း ဝယ်ခဲ့ဖို.မမေ့နဲ.”လို. ‘မ’ရယ်ပြီး ပြောခဲ့တယ်။
(၄၀)နှစ် အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။
“ကောင်းပါပြီး……..ကောင်းပါပြီး ကလေးတွေကို စာပြလိုက်ပါဦး “လို. ‘မ’စိတ်မရှည်စွာပြောခဲ့တယ်။
(၅၀) အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။
“တကယ်လား…… မောင့်စိတ်ထဲမှာ မကိုစောစော သေစေချင်နေတယ် မဟုတ်လား” လို.ပြောပြီး တခစ်ခစ်နဲ.’မ’ရယ်ခဲ့တယ်။
(၆၀) အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။

ကျွန်တော့်လက်မောင်းကို တစ်ချက်ထုရင်း “အဘိုးကြီး ……. မြေးတွေတောင်ကြီးနေပြီး အပြောကမက်တုန်း” လို.ပြောခဲ့တယ်။
(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ကျွန်တော်တို.ခုန်ပေါ်မှာအတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ် ၅ဝ ကဓါတ်ပုံတွေကို ကြည်.နေခဲ့တယ်။ ‘မ’ရဲ.တွန်.ကြေနေတဲ့ လက်ကို ကျွန်တော် ဆုပ်ကိုင်ရင်း မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။ အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ. ‘မ’ ကျွန်တော့်ကို ကြည့်ခဲ့တယ်။အရစ်အကြောင်းတွေနဲ. တွန်.နေပေမဲ့ ‘မ’ရဲ.မျက်နှာဟာ လှပနေဆဲပါ။
(၈၀) အရွယ်တုန်းက မကိုကျွန်တော်ချစ်တယ်လို. ပြောတယ်။
‘မ’ လဲလျောင်းနေတယ်……………. ကျွန်တော်ငိုနေတယ်။ နောက်ဆုံးတစ်ခုမပြောခဲ့တယ်။
“မောင့်…….ကို ……..မ………..အ….ရမ်း……..ချစ်…..တယ်……” ကျွန်တော့်ဘဝမှာ အပျော်ဆုံးနဲ. ဝမ်းအနည်းဆုံး နေ.တစ်နေ.ပါပဲ။
‘မ’…………
အချစ်စစ်ဟာ အသက်အရွယ်ကိုကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အချိန်ကိုကျော်ဖြတ်တယ်။
အချစ်စစ်ဟာအကွာအဝေးကိုကျော်ဖြတ်တယ်။
အချစ်စစ်ဟာနေရာဒေသကိုကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတက်ဖို.နားလည်ဖို.နဲ. မြတ်နိုးတက်ဖို.ဘဲလိုတယ်။

12 comments

  • thameecahw

    July 24, 2010 at 12:58 pm

    အရမ်းဖတ်လု ိ့ကောင်းတဲ့ post လေးတစ်ခုပါပဲ။ ဖတ်ရတာ အလွန်တန်ဖိုးရှိပါတယ်။

  • ချမ်းချမ်း

    December 21, 2010 at 4:08 pm

    ကောင်းပါ၏

  • TO BE UPDATE

    December 21, 2010 at 7:20 pm

    အရမ်းသဘောကျတာဘဲ
    Romance ဆန်ဆန်လေးနော်………..

  • manawphyulay

    December 22, 2010 at 6:03 am

    အလွန်တန်ဖိုးရှိပါတယ်။သဘောကျတယ်။ အချစ်ကို တန်ဖိုးထားတက်ဖို.နားလည်ဖို.နဲ. မြတ်နိုးတက်ဖို.ဘဲလိုတယ်။

  • နွယ်ပင်

    December 22, 2010 at 6:37 am

    “အချစ်စစ်ဟာ အသက်အရွယ်ကိုကျော်ဖြတ်တယ်။
    အချစ်စစ်ဟာ အချိန်ကိုကျော်ဖြတ်တယ်။
    အချစ်စစ်ဟာအကွာအဝေးကိုကျော်ဖြတ်တယ်။
    အချစ်စစ်ဟာနေရာဒေသကိုကျော်ဖြတ်တယ်။
    အချစ်ကို တန်ဖိုးထားတက်ဖို.နားလည်ဖို.နဲ. မြတ်နိုးတက်ဖို.ဘဲလိုတယ်။” ……ဒီစာသားလေးကို သဘောအကျဆုံးပဲ ..

  • nyimalay

    December 22, 2010 at 10:32 am

    အချစ်စစ်ဟာ အသက်အရွယ်ကိုကျော်ဖြတ်တယ်။
    အချစ်စစ်ဟာ အချိန်ကိုကျော်ဖြတ်တယ်။
    အချစ်စစ်ဟာအကွာအဝေးကိုကျော်ဖြတ်တယ်။
    အချစ်စစ်ဟာနေရာဒေသကိုကျော်ဖြတ်တယ်။
    အချစ်ကို တန်ဖိုးထားတက်ဖို.နားလည်ဖို.နဲ. မြတ်နိုးတက်ဖို.ဘဲလိုတယ်။

    That’s Right! That is important Point between couple.

  • enzo

    December 23, 2010 at 6:40 am

    မိုက်တယ်ဗျာ…….

  • char too lan

    December 23, 2010 at 7:18 am

    အရမ်းကောင်းတယ် တကယ်ဟုတ်မဟုတ်တော့သိဘူး။
    ပေးကူးပါနော် သိမ်းထားချင်လို့ပါ 🙂

  • naywoonni

    July 11, 2011 at 7:46 pm

    အပေါ်က စာသားတွေ ဘယ်နေရာမှာလဲ မသိ တွေ့ဖူးပါသည်….။ တော်တော်ကြာပါပြီ..။ မေးလ်တွေက ဖျက်ပစ်လိုက်လို့ ဘယ်နေရာမှာ ပါလို့ မပြောနိုင်တာပါ..။

  • si tone

    August 11, 2012 at 5:04 pm

    အရမ်းကောင်းတယ်…… တကယ်ကို ရင်ထဲအထိ စွဲစွဲမြဲမြဲ ရောက်သွားတယ်…..

  • aye.kk

    August 11, 2012 at 5:39 pm

    အချစ်ဟူသည်….။
    ခံစားပေါ်ပေါက်လာသည့်အချိန်မှစတင်ပြီး၊နှလုံးသွေးခုန်နှုံးရပ်သည့်အချိန်အထိပင်တည်ရှိနေသောအရာဖြစ်၏။(aye.kk)

  • metallic

    August 11, 2012 at 8:35 pm

    အချစ်ဆိုတာ…….
    …………………..
    …………………..
    နည်းနည်းလေးမှသဘောထားမကြီးနိုင်ပါ

    ခုတလော ထူးအိမ်သင်ကိုသတိရစရာတွေ
    တော်တော်တွေ့နေတယ်

Leave a Reply