အသက်မွေးမှု ့လိုင်းများ၂

zaylayJune 25, 20101min471

IT ကို နေရာတကာတွင် အသုံးပြုလာ

(၁၁) ပွဲရုံတွေ၊ ပွဲစားလုပ်ငန်းတွေမှာ

ပုံ – ၁၁ (က)

အထက်ပါပုံကတော့ ပွဲရုံ၊ ပွဲစားလုပ်ငန်းတွေမှာ ကွန်ပျူတာကို တွင်ကျယ်စွာ အသုံးပြုနေတဲ့ ပုံပဲဖြစ်ပါတယ်။ ဥပမာ-ပွဲရုံတွေ

မဆိုထားဘိ အိမ်၊ ခြံ၊ မြေ၊ ပွဲစားလုပ်ငန်းတွေကအစ ကွန်ပျူတာကို အသုံးပြု၍ လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင်နေကြပြီဖြစ်

ပါတယ်။ ယနေ့ခေတ်ပွဲရုံတွေ ပွဲစားလုပ်ငန်းတွေမှာ ကွန်ပျူတာဟာ မရှိမဖြစ်တဲ့ အခန်းကဏ္ဍကနေပါဝင်နေပါပြီ။ ယနေ့ရန်ကုန်

မှာဆိုရင်တောင် ပဲဈေးဘယ်လောက်ပေါက်တယ်ဆိုတာကို ပွဲရုံကိုသွားပြီး မေးစရာမလိုပါဘူး။ အင်တာနက်ပေါ်မှာတင် ပဲဈေး

ကို ကြည့်လို့ရပါတယ်။

(၁၂) ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေ မေးခွန်းထုတ်တဲ့အခါမှာ၊ အမှတ်စာရင်းပြုစုတဲ့နေရာမှာ

ပုံ – ၁၂ (က)

အထက်ပါပုံများကတော့ ကလေးသူငယ်များကျောင်းစာသင်ကြားရေးမှာပါ ကွန်ပျူတာကိုအသုံးပြုပြီး သင်ကြားကြတယ် ဆို

တာကို မျက်ဝါးထင်ထင်တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ကလေးလူူကြီး အရွယ်မရွေးသင်ကြားရေးတွေမှာ ကွန်ပျူတာကို အသုံး

ပြုနေကြပါတယ်။ ကွန်ပျူတာဟာ သင်ထောက်ကူပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ယခုအခါမှာကွန်ပျူတာဟာသင်ထောက်ကူ

ပစ္စည်းအနေနဲ့သာမဟုတ်ဘဲ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေ မေးခွန်းထုတ်တဲ့အခါ၊ ကျောင်းသားစာရင်းသွင်းတဲ့အခါ၊

ကျောင်းသားတွေရဲ့ အမှတ်စာရင်းပြုစုတဲ့အခါများမှာပါ ကွန်ပျူတာကို အသုံးပြုနေကြပါပြီ။ ယနေ့ခေတ် ကျောင်းတိုင်းလိုလို

မှာလည်း ကွန်ပျူတာဟာ မရှိမဖြစ်တဲ့ အခန်းကဏ္ဍကနေပါဝင်လာပါပြီ။

ပုံ – ၁၂ (ခ)

(၁၃) စစ်ရေးစစ်ရာ ကိစ္စတွေမှာ

စစ်ရေးစစ်ရာကိစ္စတွေမှာ၊ စစ်ဗျူဟာခင်းခြင်းကိစ္စတွေမှာလည်း ကွန်ပျူတာကို အသုံးပြုကြပါတယ်။ စစ်ရေးစစ်ရာကိစ္စတွေမှာ

လည်း ကွန်ပျူတာဟာ မရှိမဖြစ်အခန်းကဏ္ဍကပါဝင်နေပါပြီ။

(၁၄) ဘုန်းတော်ကြီးတွေ သာသနာပြုကိစ္စတွေဆောင်ရွက်တဲ့ နေရာမှာ

ပုံ – ၁၄ (က)

ဘုန်းတော်ကြီးတွေ သာသနာပြုတဲ့အခါမှာလည်း ကွန်ပျူတာကို အသုံးပြုကြတယ်ဆိုတာ အထက်ပါပုံကို ကြည့်ခြင်းအားဖြင့်

တွေ့မြင်နိုင်ပါတယ်။ ပညာဒါန သာသနာပြုလုပ်ငန်းတွေမှ အစပြု၍ ဘုန်းတော်ကြီးများလည်း ကွန်ပျူတာကို အသုံးပြုနေကြ

ပါပြီ။ ကျမ်းများပြုစုခြင်း၊ သံဃာများအတွက် စာမေးပွဲမေးခွန်းထုတ်ခြင်းတွေမှာလည်း ဘုန်းတော်ကြီးတွေဟာ ကွန်ပျူတာကို

အသုံးပြုပါတယ်။ ယခုအခါ ဘုန်းကြီးကျောင်းတိုင်းလိုလိုတွင် ကွန်ပျူတာကိုမရှိမဖြစ် ထားရှိနေကြပါပြီ။

ပုံ – ၁၄ (ခ)

(၁၅) ကားဝပ်ရှော့တွေမှာ

ပုံ – ၁၅ (က)

အထက်ပါပုံကို ကြည့်ခြင်းအားဖြင့် ကားဘီးအလိုင်းမင်းချိန်ခြင်းမှစ၍ ကားတစ်စီးလုံးပြုပြင် ထုတ်လုပ်မှု အပိုင်းများအထိ ကွန်

ပျူတာကို အသုံးပြုနေကြပြီဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ ကားတစ်စီးရဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို ကွန်ပျူတာဖြင့် စမ်း

သပ် စစ်ဆေးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ကားတစ်စီးလုံးရဲ့ လုံခြုံမှု ရှိမရှိကိုလည်း စစ်ဆေးနိုင်ပါတယ်။ ယခုအခါ ကား

ထုတ်လုပ်တဲ့ ကုမ္ပဏီများမှအစ ကားပြုပြင်တဲ့ ကားဝပ်ရှော့များအထိ ကွန်ပျူတာကို မသုံးမဖြစ်၊ မရှိမဖြစ် အသုံးပြုနေကြပါပြီ။

ပုံ – ၁၅ (ခ)

One comment

  • thantzinhtut

    June 25, 2010 at 3:04 pm

    မြန်မာပြည်မှာလား/ နိုင်ခြံဂါးမှာလား

    မြန်မာပြည်မှဆိုရင်တော့ မယုံ ဘူးကွာ / မီး ကို အရင်မှန်အောင် လုပ်ခိုင်းအုံး

Leave a Reply