အမောပြေ ဟာသများ…

lu ta loneMay 26, 20101min793

http://www.istockphoto.com/file_thumbview_approve/12057204/2/istockphoto_12057204-cartoon-smiling-face.jpg

ဖြစ်ရပလေ

၆-နှစ်အရွယ်ရှိ သားကလေးက သူ့သူငယ်ချင်း ချာလီ၏အိမ်မှ သူ့အမေရှိရာသို့ ဒုန်းစိုင်းပြေးလာပြီး အလောတကြီး ပြောသည်။

“အမေ-သား ဘောလုံးတချက် ကန်လိုက်တာ ချာလီအိမ်က မီးအိမ်လေး ကျကွဲသွားတယ်။ ဒါပေမယ့် သားပြန်လျော်ပေးစရာ မလိုဘူး အမေရဲ့။ ဘာလို့လဲဆိုတော့ ချာလီ့အမေကပြောတယ် အဲဒီမီးအိမ်လေးက အစားထိုးလို့ မရဘူးတဲ့။”

ချိုသာစွာပြောပါ

လေယာဉ်တစ်စီး … စက်ချို့ယွင်း နေတော့ ခရီးသည်တွေ အားလုံး စိုးရိမ် ပူပန်နေကြပြီ ..။ အားလုံးက ဘုရားတလို့ … အဲဒါကို Pilot က လေယာဉ်မယ် ကို …
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ … လေယာဉ်မယ်က
ချိုချဉ်ဗန်းလေးကိုင်လို့ အပြင်ထွက်သွားပြီး …. ”ကဲ … ခရီးသည်များရှင် … မသေခင်လေး… အချိုတည်း ကြရအောင် … ”တဲ့ …

Discount လေးတော့ ပေးပါဦး

တရားသူကြီးက တရားခံကို ခပ်တင်းတင်းကြည့်ရင်း မေးတယ်။
တရားသူကြီး။ ။“မင်းထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီလဲ။”
တရားခံ။ ။“၉ ခါရှိပါပြီ။ တရားသူကြီးမင်း။”

နောက်ဆုံးဆန္ဒ

သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက

“မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ” မေးလိုက်တယ်။

အကျဉ်းသား ပြန်ဖြေလိုက်တာက

“ကျည်ကာအင်္ကျီဝတ်ချင်တယ်” ဟူတည်း။

သိသားနဲ ့

တနေ ့သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို ့ပြန်ရာ လမ်းခုလပ်တွင်အိမ်မွေး တိရစာ္ဆန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို ့ ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား

((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ ့ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည်

((((ရုပ်ဆိုးလိုက်တဲ ့မိန်းမကြီးဗျာ…))))

ကြိုက်တာဝယ်စား

အမေရိကန်နိုင်ငံရှိ ဝက်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။

” ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ”

” ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် ”

” ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို
ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် ”

ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။

“ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ”

” ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ ”

” အားပါး၊ အံ့ဩစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို
ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် ”

ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။

” ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား ”

” တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ်”

ဆရာ့ညွှန်ကြားချက်

” တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ “

” ဟုတ်ကဲ့ဆရာ “

” ဘယ်လိုနေလဲကွ “

” ဘယ်လိုမှ မနေဘူးဆရာ “

” အင်း ….. ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် ”

နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်…

3 comments

  • Ba Gyi Taw

    June 21, 2010 at 4:51 am

    ကောင်းတယ်ဗျာ ။

  • mipukay

    July 23, 2010 at 6:07 am

    တစ်ကယ်အမောပြေတာပါ။

  • crazyboy

    September 8, 2010 at 4:30 am

    တကယ်ကိုပဲ အမောပြေစေပါတယ် ကျေးဇူးပါ

Leave a Reply