အရေးယူပုဒ်မများ…………

cobraJuly 22, 20101min1155

ပုဒ်မ (၁)
ပိုးပန်းသူများသော အမျိုးသမီးများသည် မိမိနှစ်သက်ရာ
တစ်ဦးတစ်ယောက်ကို ရွေးချယ်ပြီး
ကျန်သောယောက်ျားလေးများအား
လိုအပ်နေသောသူများထံသို့
လွှဲပြောင်းပေးရမည်။

ပုဒ်မ (၂)
ပူအိုက်သောရာသီတွင်
ရင်စေ့၊ လက်ရှည်၊ ထမီနှင့်
လုံအောင်ဖုံးထားသော အမျိုးသမီးများအား
“သဘာဝအလှတရားကို အံတုသူများ” အဖြစ် အရေးယူရမည်။

ပုဒ်မ (၃/က)
ယောက်ျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား
“ဒုက္ခရောက်နေသူကို လျစ်လျူရှုမှု” ဖြင့်လည်းကောင်း၊

ပုဒ်မ (၃/ခ)
ချစ်စဖွယ်စကားဆိုပြီး
ညာညာခိုင်းတတ်သော အမျိုးသမီးများအား
“လုပ်အားခ မပေးဘဲ စေခိုင်းမှု” ဖြင့်လည်းကောင်း၊

ပုဒ်မ (၃/ဂ)
ချစ်သူရှိသော အမျိုးသားတစ်ဦးကို
အခြားအမျိုးသမီးတစ်ဦးမှ
ချစ်စဖွယ်အမူအယာများဖြင့် ချဉ်းကပ်သိမ်းသွင်းခြင်းကို
“နွားခိုးမှု” ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (၄/က)
မိဘချင်း ရင်းနှီးမှုကို အသုံးချ၍
ချဉ်းကပ်လာသော အမျိုးသားများအား
“ယုံကြည်မှုအား အလွဲသုံးစားပြုမှု” ဖြင့်လည်းကောင်း၊

ပုဒ်မ (၄/ခ)
ရည်းစားထည်လဲတွဲတတ်သူများအား
“ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုမှု” ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (၅/က)
အိမ်ထောင်ရှိမိန်းမတို့ကို ပိုးပန်းသူယောက်ျားများအား
“တားမြစ်နယ်မြေတွင် အမဲလိုက်မှု” ဖြင့် အရေးယူမည်။

ပုဒ်မ (၅/ခ)
သူတစ်ပါး၏ယောက်ျားနှင့် ပေါင်းသင်းနေထိုင်သူ
အမျိုးသမီးများအား
“မီတာဘောက်စ် မထားဘဲ လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲမှု” ဖြင့် အရေးယူမည်။

ပုဒ်မ (၆)
အသက် (၂၅) နှစ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်း
အိမ်ထောင်မပြုရသေးလျှင်
“မိဘကို ဒုက္ခပေးသူ” အဖြစ် အရေးယူမည်။

5 comments

  • kopauk mandalay

    July 22, 2010 at 11:45 am

    အမှန်တကယ်လိုအပ်၍တောင်းခံသော အချစ်ကိုငြင်းပယ်ပါက
    စိတ်ကိုနာကျင်စေမူ့ ပုဒ်မဖြင့်အိမ်ထောင်ဒဏ်တသက်တစ်ကျွန်း
    အပြစ်ပေးမည်။

  • onlinezz

    July 22, 2010 at 11:58 am

    kopauk ပုဒ်မက ပိုပြီးအပြစ်ကြီးနေတယ်။ 🙂

  • zawana

    July 23, 2010 at 1:27 am

    မိန်းမတွေကို အရေးယူမဲ့ ပုဒ်မတွေကို ပုဒ်ထီးလို့ ပြောင်းခေါ်သင့်တယ် ထင်တယ်။

  • phantom

    July 23, 2010 at 8:15 am

    ရည်းစားစကားလိုက်ပြောလို့များ ပါးရှစ်စိပ်ကွဲချင်လို့လားလို့ ပြန်အမေးခံရလျှင် ခြိမ်းခြောက်မှု
    ရည်းစားစကားပြောမလို့တားထားတာကို ထွက်သွားခဲ့ရင် မီးနီဖြတ်မောင်းမှုတွေ ရောရှိသေးလားဟင်

  • Shwemannmay

    July 24, 2010 at 4:15 am

    အမျိူးသားတစ်ယောက်ကိုမျှော်လင့်ချက်ပေးထားပြီးတော့မှ တစ်ခြားတစ်ယောက်ကိုကြိုက်လိုက်တာဆိုတာမျိူးကျ ဘယ်လိုပုဒ်မတပ်မလဲပာင် 😀 ယာဉ်ကြောပြောင်းပြန်မောင်းနှင်မှု ပေါ့ နော

Leave a Reply