အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း

klnMay 29, 20101min570

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း (Certificate Course in Basic Diplomatic Skills) သင်တန်းအမှတ်စဉ် (၂၄)အတွက် သင်တန်းသားများ ခေါ်ယူ
နိုင်ငံခြားရေးဝန်ကြီးဌာန အငြိမ်းစားသံအမတ်ကြီးများနှင့် ဝါရင့်သံတမန်ကြီးများ၊ ကျွမ်းကျင်သူ ပညာရှင်များကိုယ်တိုင်ပို့ချမည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၄)ကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ပါ၍ နိုင်ငံတကာရေးရာကိစ္စများတွင် စိတ်ပါဝင်စားသူများ၊ နိုင်ငံတကာနှင့် ဆက်ဆံမှုရှိသည့် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီဒါရိုက်တာများ၊ ဝန်ထမ်းများ စာရင်းသွင်းတက်ရောက်နိုင်ကြောင်း ကြေညာအပ်ပါသည်။ သင်တန်းတွင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ပုံများ၊ သံတမန်ရေးရာ (Protocol)၊ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးကျင်းပခြင်း (International Conferencing)၊ သံတမန်စာပေးစာယူဆက်သွယ်မှု (Diplomatic Correspondence) ၊ စေစပ်ညှိနှိုင်းခြင်း နည်းလမ်းများ (Negotiating Techniques)၊ အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံရေးတွင် သိမှတ်ဖွယ်ရာများ စသည့် ဘာသာရပ်များကို အထူးပြုသင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ ဖြစ်ရမည်။ (စီးပွားရေးလုပ်ငန်းရှင်များအတွက် ပညာအရည်အချင်း ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားပါမည်။) သင်တန်းကာလမှာ ရက်သတ္တပတ် (၁၂)ပတ်ဖြစ်ပြီး “မဟောသဓာ”ခန်းမဆောင်၊ ပြည်လမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တွင် တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းလျှောက်လွှာများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာနတွင် ၂၀၁ဝခုနှစ် ဇွန်လ (၈)ရက်နောက်ဆုံးထားလက်ခံပါမည်။ သင်တန်းသား ဦးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းကြပါရန်နှင့် သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်ကို ရုံးချိန်အတွင်း ဖုန်း – ၂၂၁၅၃၁၊ ၂၁၁၀၉၉၊ ၂၂၂၀၂၈ သင်တန်းကြီးကြပ်မှုကော်မတီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁ဝခုနှစ် မေလ ၂၉ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။