ရွှေဈေးစံချိန်တင် တစ်ကျပ်သား ကျပ် ၆၂၆၀၀ဝသိန်းအထိ ရောက်ရှိလာ

klnMay 11, 20101min812

ရွှေသမိုင်းတစ်လျှောက် တစ်ခါမျှမဖြစ်ဖူးသည့် ရွှေဈေး မေ၈ရက်စံချိန်တင်ကာ ယမန်နှစ်ဈေး ထက်ပိုမြင့်ခဲ့ကြောင်း ရန်ကုန်ရွှေဈေးကွက်မှ သိရသည်။ ယခုစံချိန်တင်ဈေးမှာ တစ်ကျပ်သား ၆၂၆၀၀ဝအထိရောက်ခဲ့ပြီး ယမန်နှစ် စံချိန်တင်ဈေးထက်ပိုမိုမြင့်မားခဲ့ကြောင်းသိရသည်။ ယင်းစံချိန်ရွှေဈေးနှင့်အတူ အရောင်းအဝယ်ဈေးကွက်မှာလည်း အေးနေရာမှ ပြန်လည်အသက်ဝင်လာကြောင်း ရွှေဈေးကွက်မှ စုံစမ်းသိရှိရသည်။ “ အခုလို ကျပ် ၆၂၆၀၀ဝအထိ ဖြစ်တာ တစ်ခါမှမကြုံဖူးဘူး။ မနှစ်ကစံချိန်တင်ဈေးထက်ပိုမြင့်တယ်။ မနေ့ကစပြီး ၆၂၃၀၀ဝဖြစ်သွား တယ်။ မနှစ်ကထက်စံချိန်တင်တဲ့ဈေးပဲ။ ထပ်တက်နိုင်တဲ့အလားအလာတော့ မရှိတော့ဘူးလို့ထင် တယ်။ ကမာ္ဘ့မှာလည်းရွှေဈေးကို ဝိုင်းထိန်းနေကြတယ်လို့ကြားတယ်”ဟု တိတ်စိန်ရွှေဆိုင် ဦးဇော်အောင်က ဆိုသည်။ ကမာ္ဘ့ရွှေဈေး ဆက်တိုက်မြင့်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးမှာလည်း လိုက်လံမြင့်မားလာကြောင်း သိရသည်။ ကမာ္ဘ့ရွှေဈေးမှာ စီးပွားရေးပြဿနာကြောင့် မြင့်တက်ခြင်းဖြစ်ပြီး ကမာ္ဘ့ရွှေဈေးကွက်မှ ဆက်လက်မြင့်တက်မှုမရှိစေရန် ဆောင်ရွက်နေကြကြောင်း ရွှေဈေးကွက်လေ့ လာသူများအဆိုအရ သိရကြောင်း ၂၀၁ဝခုနှစ် မေလ၁၃ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားသည်။

2 comments

  • Shwemannmay

    May 11, 2010 at 8:19 am

    ရောင်းဘူး မူးရင်ရှူရအောင် ချန်ထားဦးမှ 😀

  • susunosuki

    May 11, 2010 at 3:34 pm

    ဈေးကွက်က ငြိမ်နေမှ ရောင်းသူဝယ်သူအစဉ်ပြေမှာပါ
    အားလုံးဝိုင်းပြီး ထိန်းသင့်ပါတယ်

Leave a Reply