မြန်မာနိုင်ငံတွင် ပထမဆုံးသွေးအိတ်ပေါင်း ၁၅၀ဝ သိုလှောင်နိုင်တော့မည့် အမျိုးသားသွေးဌာနသစ်ကို မေလအတွင်းဖွင့်မည်

klnMay 4, 20101min620

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် သွေးအိတ်ပေါင်း ၁၅၀ဝသိုလှောင်နိုင်တော့မည့် အမျိုးသားသွေးဌာနသစ်ကို မေလအတွင်းဖွင့်မည်ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိသွေးဌာနမှာ သွေးအိတ်ပေါင်း ၁၀၀ဝပဲသိုလှောင်နိုင်တယ်။ ပြောင်းရွှေ့မယ့်ဌာနအသစ်မှာတော့ သွေးအိတ်ပေါင်း ၁၅၀ဝအထိ သိုလှောင်နိုင်မယ်။ နည်းပညာတွေလဲ ပိုပြီးအဆင့်မြင့်တယ်။ အခုစက်ပိုင်းဆိုင်ရာတွေစိတ်ချရအောင် ပြင်ဆင်မှုတွေလုပ်နေတယ်။ မေလအတွင်း အဲဒီကိုပြောင်းရွှေ့သွားမယ်”ဟု ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးဌာန တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဒေါ်သီတာအောင်မှ ပြောကြားသည်။ လက်ရှိအမျိုးသားသွေးဌာနကို ရန်ကုန်ဆေးရုံကြီးပရဝဏ်အတွင်း ဖွင့်လှစ်ထားပြီး ယခုအခါ ရွှေတိဂုံဘုရားလမ်း၊ လသာမြို့နယ်ရှိ ယခင်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွင် ထို်ငးနိုင်ငံ အမျိုးသားကြက်ခြေနီအသင်းကြီးနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အဆင့်မြင့်ပြုပြင်ပြီး သွေးလှူဘဏ်အဆောက်အအုံသစ်အဖြစ် တည်ဆောက်ခဲ့သော နေရာသို့ပြောင်းရွှေ့မည်ဟု သိရသည်။ ယခုလက်ရှိ အမျိုးသားသွေးဌာနမှ သွေးရောဂါသည်များအား တစ်နေ့လျှင် သွေးအိတ်ပေါင်း ၃ဝမှ ၄ဝကြားအား အခမဲ့ကူညီပေးလျက်ရှိပြီး အရေးပေါ်သွေးလိုအပ်မှုများရှိပါက အမျိုးသားသွေးဌာန သို့ဆက်သွယ်၍ အကူအညီတောင်းနိုင်ကြောင်း ၂၀၁ဝခုနှစ် မေလ ၆ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။