ဟိုတစ်လောက ဟိုတယ်တစ်ခုမှာ ပြည့်တန်ဆာကို ဟိုတယ်ထဲ မခေါ်ရလို့ စိတ်ဆိုးပြီး ဂျပန်က ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးချလိုက်တဲ့သတင်း တော်တော်လေးပြန့်နေပါတယ်…

ဒီကိစ ဖြစ်ပြီး ပါးချလိုက်တဲ့ ဂျပန်က သူ့သံရုံးကနေတစ်ဆင့် ဟိုတယ်ကို တရားစွဲတယ်လို့တောင် ကြားပါတယ်…

ပါးချခံရတဲ့ မြန်မာအမျိုးသမီး ဟိုတယ်ဝန်ထမ်းကိုတောင် သူတို့ဘက်က စကားပြန်တွေ ရဲအရာရှိတတွေခေါ်လာပြီး တရားလိုသဘော စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်လို့ ကြားပါတယ်…

မိန်းခလေး တစ်ယောက်ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်မို့ တရားပြန်စွဲမယ်ဆိုတော့ ရဲကသက်သေအထောက်အထားပါလား… ဆေးစာပါလားမေးမြန်းလို့ ရန်ကုန်ဆေးရုံးကြီးမှာ ဆေးစာသွားယူရပါတယ်…

ဒီနေ့ကြားရတဲ့ သတင်းအရ ရဲချုပ်က ပြည်နှင်ဒဏ်ပေးဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တင်ပြရာ ကာလုံကဘောတူတဲ့အတွက် ပြစ်ဒဏ် သတ်မှတ်လိုက်ပါတယ်…

ကိုယု့်နိုင်ငံသားကို စော်ကားတဲ့ ဘယ်နိုင်ငံသားကိုမှ ငဲညှာပြီး ခွင့်မလွှတ်သင့်ပါဘူး.. ထိုက်သင့်တဲ့ ဥပဒေများ ထုပ်ပြန်ပြီး နိုင်ငံသားတိုင်းကို ကာကွယ်သင့်ပါတယ်…

ဟိုတစ်နှစ်လောက်ကလည်း အာဖရိက လူမည်းအမျိုးသမီးက လှည်းတန်းမှာ ဈေးသည်ကို ပါးရိုက်ပြီး ရိုင်းပြစော်ကားတာ ရှိခဲ့ဘူးပါတယ်.. ခက်တာက ဒီနိုင်ငံမှာ ဒီလို ဥပဒေမဲ့ လုပ်တဲ့နိုင်ငံခြားသားကို နီးစပ်ရာ ရဲစခန်းကတောင် ဘာမှမလုပ်ရဲဘဲဖြစ်နေပါတယ်… အခုလည်း မြို့နယ်ရဲစခန်းနဲ့ပြီးရမဲ့ဟာ ကာလုံအထိ ရောက်စရာ မလိုပါဘူး…

ဘာဘဲဖြစ်ဖြစ် မှန်ကန်တဲ့ လုပ်ရပ်အတွက် ကာလုံရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြု လေးစားပါတယ်….

About kanjosan

has written 30 post in this Website..