သွေးတိုးရောဂါ

wunnakokoJune 4, 20101min640

သွေးတိုးရောဂါဆိုသည်မှာ သွေးပေါင်ချိန် အပေါ်သွေး ၁၄ဝနှင့် အောက်သွေး ၉ဝကို ခေါ်ပါသည်။သွေးတိုးရောဂါဟု အမည်တပ်ရန် အလွန်ခဲယဉ်းပါသည်။ လူတစ်ယောက်၏ ပုံမှန် သွေးပေါင်ချိန်မှာ အပေါ်သွေး ၁၃ဝနှင့် အောက်သွေး ၈၅၏အောက်ကို ခေါ်ပါသည်။ အပေါ်သွေး ၁၈ဝနှင့် အောက်သွေး ၁၁ဝဆိုလျှင် ပြင်းထန်သွေးတိုးရောဂါဖြစ်လာပြီဖြစ်သည်။

အကြောင်းရင်း

ပြုပြင်၍မရသောအခြေအနေနှင့် ပြုပြင်၍ရသောအခြေအနေ ဟူ၍ နှစ်မျိုးရှိသည်။

ပြုပြင်မရသောအခြေအနေ

  • အသက်ကြီးသူများသည် အသက်ငယ်သူများထက် ပိုဖြစ်နိုင်သည်။
  • အမျိုးသားများသည် အမျိုးသမီးများထက် ပိုဖြစ်နိုင်သည်။
  • မိဘ၊ မောင်နှမ၊ ဦးလေး၊ အဒေါ်၊ အဖိုး၊ အဖွား၊ ဆွေမျိုးများတွင် သွေးတိုးရောဂါဖြစ်ဖူးသူရှိပါက ပိုဖြစ်နိုင်သည်။
  • အငန်၊ အဆီအဆိမ့်များများ စားလေ့ရှိသော လူမျိုးများသည် ပိုဖြစ်နိုင်သည်။

ပြုပြင်ရသောအခြေနေ

အဝလွန်သူများ၊ အငန်ပမာဏများများစားသူများ၊ အဆီအဆိမ့်များများ စားသူများ၊အရက်အလွန်အကျွံသောက်သူများ၊ ကာယအား အလွန်အကျွံ သုံးသူများ၊ စိတ်ဖိစီးမှုများသူများ စသည့်အချက်များကြောင့်လည်း သွေးတိုးရောဂါဖြစ်နိုင်သည်။

ကုသခြင်း

သွေးတိုးရောဂါသည် အစောလျင်ဆုံး ကုသမှုခံယူရမည်ဖြစ်သည်။ ထိရောက်သောကုသမှု မခံယူပါက နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါသည်။

ကာကွယ်ခြင်း

  • အငန်လျော့စားပါ။(ဆားအပါအဝင်ငါးပိငါးခြောက်၊ငံပြာရည်၊ဆားသိပ် ထားသော အခြားအစားအစာများနှင့် ဆိုဒါပါသောအစားအစာများ)
  • အဆီအဆိမ့်လျော့စားပါ။
  • အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
  • ကိုယ်အလေးချိန်လျော့ချပါ။
  • စိတ်ချမ်းသာအောင်နေထိုင်ပါ။