1(11-2-2012)နေ့မှာတွေ့ရတဲ့ အာဇာနည်ကုန်း မန်းလေး

2 ရှင်းလင်းနေတဲ့အတွင်းမြင်ကွင်း

3 အမိုက်တွေကိုမီးရှို့သူက ရှို့

4 စစ်မူ့ထမ်းဟောင်းအဖွဲ့က လာရှင်းပေးတာလို့ပြောပါတယ်။

5 အခုတော့ အ၀င်စမှာ တံတားလေးရှိတယ်လေ

ဒီဓါတ်ပုံတွေ ကို (11-2-2012)နေ့မနက်က ကျနော်သွားရိုက်လာတာပါ။

ဒါကတော့(24-12-2011)နေ့မှာ ကျနော်ရိုက်ပြီး ပိုစ်တင်ခဲ့တုန်းကပုံတွေပါ။

6 24-12-2011နေု့တုံ့းက မှတ်တမ်းတင်ခဲ့တဲ့ပုံ

 

7 မပြောင်းလဲခင်က ရှူပ်ရှူပ်ထွေးထွေး

8 24-12-2011နေ့ကပုံလေးပါ

9 ရှေးရှေးကပုံ

မဟုတ်တော့ဘူးပြောင်းသွားပြီ မန်းလေးက အာဇာနည်

 

ဒီစာလေးက ကတော့ ကိုသန့်ဇော် က မနေ့က သူ့ဖေစ်ဘုတ်စာမျက်နှာမှာတင်ထားတဲ့စာစု

အာဇာနည်၁၇ဦးဗိမာန် သန့်ရှင်းရေး

ဂူဗိမာန်အပေါ်မှာ ကျဆုံးခဲ့တဲ့အာဇာနည် ၁၇ဦးရဲ့ ဓါတ်ပုံများကို ပြသထားပါတယ် … အသက်အငယ်ဆုံး အာဇာနည်လေးပါ ကျဆုံးချိန်မှ ၁၂နှစ်သာရှိသေးပါတယ် …

‎(10-2-2012 နံနက် ၇း၀၀နာရီမှာ မန္တလေးတမ္ပဝတီရပ်မှာရှိတဲ့ ၁၇ဦးအာဇာနည်ဗိမာန်က ခြုံနွယ်ပိတ်ပေါင်းများကို စိမ်းရောင်စိုအဖွဲ့နဲ့ ချမ်းမြသုခနာမှုကူညီရေးအသင်းမှ ကမကထပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ သံဃာတော်များကျောင်းသား ကျောင်းသူများ ပရဟိတလူမှုရေးအဖွဲ့များ ဘာသာပေါင်းစုံအသင်းစတဲ့ အသင်း၂၀ကျော် လာ…ရောက်သန့်ရှင်းရေး ပြုလုပ်ကြပါတယ် … မန္တလေး စည်ပင်သာယာရေးကော်မီတီမှ ဝန်ထမ်းများ မီးသတ်များ စွမ်းအားရှင်များ ကြက်ချေနီများ စစ်မှုထမ်းဟောင်းအဖွဲ့များလည်း ပူးပေါင်း ပါဝင်ကြပါတယ် ။ နံနက် ၆း၀၀နာရီမှစ၍ 10-2-1939 (၁၃၀၀ပြည့်အရေးတော်ပုံ)မှာ ကျဆုံးသွားကြတဲ့ သံဃာတော်၇ပါးနှင့် အာဇာနည်၁၀ဦး စုစုပေါင်း၁၇အတွက် ရည်စူးပြီး သံဃာတော်များကိုလည်း ဆွမ်းလောင်းလှူကြပါတယ် ။

By: Thant Zaw Myoma)

 

မနေ့ကတော့ ၀ိုင်းဝန်းပြီးရှင်းကြလင်းကြနဲ့အားရစရာ။

သူများတွေအသီးသီးမှတ်တမ်းတင်နေတော့ ကျနော်အသာဘေးဖယ်။

ဒီနေ့မနက် တော့ သွားပြီး ဓါတ်ပုံတွေရိုက်တော့ သန့်ရှင်းရေးဆက်လုပ်နေတဲ့အဖွဲ့ကိုတွေ့ပါတယ်။

စစ်ပြန်အမူ့ထမ်းဟောင်းအဖွဲ့လို့သိရပါတယ်။

အမိုက်တွေကို မီးရှို့လို့ သန့်ရှင်းရေးဆက်လုပ်နေကြပါတယ်။

အရင်ကမေ့ပျောက်ထားခဲ့ကြတဲ့နေရာလေးကို အခုတော့အားလုံးရဲ့ညီညွတ်စွာ

ဆောင်ရွက်မူ့တွေကြောင့် ကောင်းမွန်သပ်ရပ်လို့သွားပါပြီ။

ဒါပေမယ် တခဏမဟုတ်ဘဲ ထာဝရစောင့်ရှောက်ဘို့လိုပါတယ်လို့

အကြံလေးပေးချင်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(11-2-2012)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။