Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မော်ဒယ်မမ လေးများ ကြည့်လုပ်ကြပါဗျာ

ေရႊဘိုသားFebruary 11, 20121min108619

မနေ့က 11.2.2012 နေ့ကပေါ့ဗျာ ကျနော် အလုပ်ကအပြန် ကျောက်မြောင်းက အစ်မအိမ်ကို မရောက်တာကြပီဆိုပြီးဝင်တာ တီဗီ အစီအစဉ်တွေလာနေတာနဲ့ MRTV 4 လိုင်းကိုခဏကြည့်နေမိတာ
နံမည်ကြီး ဖိနပ်ကုမ္မဏီးဖြစ်တဲ့ Lily Shoe ကစပွန်ဆာပေးပြီး ကျင်းပတာလို့သိရတဲ့ ရှိုးတစ်ခုပေါ့ဗျာ မော်ဒယ်တွေကလည်း အများကြီးပဲ ကိုယ်တွေကလည်း ဒါမျိုးဆို ဝါသနာက ကြီးပါဘိနဲ့ ကြည့်နေမိတာ မော်ဒယ်တွေများဆိုလည်း Miss Lady ရွေးချယ်ပွဲကိုးဗျ အကဲဖြတ်ဒိုင်က ကျနော်အရမ်းကြိုက်တဲ့ ချင်းမလေး သက်မွန်မြင့် လည်းပါနေတော့ ဆက်ကြည့်နေမိတာ မော်ဒယ် အယောက် 20 ကနေ တဖြည်းဖြည်းရွေးချယ်သွားတာဗျာ နောက်ဆုံး ဆန်ခါတင်မှာ 5 ယောက်ပဲကျန်တော့တယ် မတင်မိုးလွင်ပြောတာ Final အဆင့်ပေါ့ အဲဒီထဲကမှ 1 ယောက်ကို Miss Lady ရွေးချယ်မယ်
ထင်ပါတယ် ဘယ်သူရမလဲလို့ စိတ်ဝင်တစား ကြည့်မိပါတယ် သူတို့ကို မေးခွန်းလေးတွေ မေးတယ်ဗျ အဲဒီမေးခွန်းလေးတွေကို ဖြေနိုင်ရင် ဒိုင်တွေ သတ်မှတ်တဲ့ အဖြေနဲ့ တိုက်ဆိုင်ရင် အမှတ်ပိုရတယ်လို့
လည်းကြေညာပါတယ် မေးခွန်းတွေမေးတာ 3 ယောက်လောက်ထိ ပြဿနာက မရှိဘူး ကောင်းကောင်းဖြေနိုင်ကြပါတယ် 4 ယောက်မြောက်မော်ဒယ် အေးချမ်းမိုး ဆိုပြီး စင်ပေါ်တက် စတိုင်လ် အပြည့်နဲ့
ပရိတ်သတ်ကို လက်ပြတာကလည်း မော်ဒယ်တွေအကုန်ကတော့ နှမချင်းမစာမနာပြောလိုက်အုံးမယ် လမ်းဘေးဖိနပ်စီးတဲ့ကြက်တွေ ဖောက်သည်လက်ပြသလို မပြချင်ပြချင်ပြကြပါတယ် အေးချမ်းမိုး
တက်လာတာ စောစောကပြောသလို လက်ပြ မိတ်ဆက်ပေါ့ မတင်မိုးလွင်ကမေးခွန်းမေးပါတယ် ပြဿနာက စတော့တာပဲ မတင်မိုးလွင်မေးတဲ့မေးခွန်းက လွပ်လပ်ရေးဖခင်ကြီး ဗို်လ်ချုပ်အောင်ဆန်းရဲ့
ဇနီး နံမည်နဲ့ အလုပ်အကိုင်ကိုမေးတာပါ တစ်ခုမှ တန်းပြီးမဖြေနိုင်ပါဘူး အနည်းဆုံး စက္ကန့် 50 လောက် ကျနော်တို့ ငယ်ငယ်က စာမရလို့ ထစ်နေသလို အမ် အမ် အမ် နဲ့မိုက်ကြီးကိုင်ပြီး
ဟိုကြည့်ဒီကြည့်ပါပဲ နောက်က ဘယ်သူက ထောက်လို့လည်းမသိဘူး တော်တော်ကြာမှ ဖြေနိုင်တာတွေ့မိလို့ ကျနော်တောင် ဟင် မော်ဒယ်မမ စောက်ရှက်တော့ ကွဲပါပြီဗျာ
တစ်နိုင်ငံလုံးသာ ကြည့်နေလို့ရတော့ ကျနော်လို ဝမ်းနည်း ရယ်မော နေတဲ့သူတွေ ဘယ်လောက်များ များလိုက်မလဲလို့လည်းတွေးမိပါရဲ့ အလှတွေပဲ စွတ်ပြင်
Lily Shoe ရဲ့ ဆောင်ပုဒ်နဲ့ ကြော်ငြာ မင်းသမီးတွေကျတော့ တန်းနေအောင်ဖြေသွားတယ် ဗို်လ်ချုပ်မိန်းမနာမည် အလုပ်အကိုင်ကို မဖြေနိုင်တာတော်တော်ကို ကျနော်တော့ ကြည့်နေရင်း ဝမ်းနည်းမိတယ် သူတော့မသိဘူး ကျနော်တော့ ရှက်မိတယ်ဗျာ ရေးချင်လွန်းလို့ မနက်ပိုင်းခဏ ဝင်ရေးရတာ အရေးကြီးတာ တွေမေ့ထား သူတို့အမှတ်ရမဲ့ Lily ကမင်းသမီး မင်းသားတွေပဲ
လေ့လာထားတဲ့ မော်ဒယ်တော့မသိဘူး အောက်က ကိုခန့်စည်သူတို့အဖွဲ့ကတော့ လက်တို့ပြီးရယ်တာတွေ့ရတယ်ဗျာ မော်ဒယ်များ စပွန်ဆာ ရဖို့နဲ့ လှဖို့ပဲ မစဉ်းစားကြပါနဲ့ သိသင့်တာတွေလည်း သိအောင်လုပ်ကြပါ မော်ဒယ်မမ တို့ရယ်လို့ ပြောချင်ပါတယ် စပွန်ဆာမရှိရင် မတင့်တယ်ဘူးလို့ပြန်ပြောမှာလည်း ကြောက်ရသေးတယ် စာဆို နဲ့ကိုးဗျ
အလံမရှိတဲ့ ရထား
တံခွန်မရှိတဲ့ ဘုရား
စပွန်ဆာမရှိတဲ့ မော်ဒယ် မတင့်တယ်ဘူးလို့ ပြောင်းထားသလား မှတ်ရအောင်ကို မော်ဒယ်တိုင်း လှဖို့ စပွန်ဆာရဖို့ ပဲမကြိုးစားကြပါနဲ့လို့

Name : Aye Chan Moe
Gender : female
Date of Birth : 18 – July
Nationality : Myanmar(Bamar)
Body : 31″ 24″ 35″
Height : 5′ 6″
Weight : 110 Lbs
Award : Ms Smart Runner Up 2009
Profession : Model, Drawing Design
Address : Dagon Township,Yangon.
Website : http://beautifulmodelworld.com/ayechanmoe
ဒါကတော့ မော်ဒယ် အေးချမ်းမိုး ပုံနဲ့ အေးချမ်းမိုးရဲ့ ကိုယ်ရေးအချက်လက်တွေပါဗျာ မနည်းရှာရတယ်ဗျ တွေ့တော့လည်း ဆုရဖူးတယ်ဆိုလို့ အံ့ဩမိသေးတယ်

19 comments

  • bluerose

    February 11, 2012 at 10:48 am

    ဟုတ်ပါတယ်ဗိုလ်ချုပ်ရဲ့မိန်းမနာမည်နဲ့အလုပ်အကိုင်လေးတော့သိသင့်ပါတယ်
    ဒေါ်ခင်ကြည်အရင်ကကျောင်းဆရာမလုပ်တယ်
    နောက်ပိုင်းသူနာပြုဘက်ကိုပြောင်းလိုက်တယ်

  • TITAN

    February 11, 2012 at 11:26 am

    အဲ့ဒီကောင်မ ဗဟုသုတ ပိန့်ရှုံ့နေတာပဲ
    စပွန်ဆာရှာဖို့ လောက်ပဲသိတာနေမှာပေါ့

  • memeseku

    February 11, 2012 at 11:30 am

    သောက်သုံးမှမကျကြတာ… လှဖို.ပဖို.ကလွဲရင်ထမင်းတနပ်ဘယ်လိုရှာစားရမလဲဆိုတာတောင်မသိကြပါဘူး ….အဲ.ဒီလိုမိန်းကလေးမျိုးတွေမြန်မာပြည်မှာတပုံကြီး….. ဗဟုသုတဆိုဝေလာဝေး…..ပညာတတ်လားဆိုတော.လူရာမဝင်….အရည်အချင်းရှိလားမေးရင်….နတ္တိ…..
    အားနာစွာဖြင်.အားမနာတမ်းဝေဖန်သွားပါတယ်ခင်ညာ…

  • Novy

    February 11, 2012 at 11:39 am

    ရွှေဘိုသားရေ…
    မနေ့ကညက မနိုလည်းကြည့်ဖြစ်တယ်
    ဒေါသတောင် ထွက်တယ် ကိုယ်နိုင်ငံရဲ့ မိခင်နံမည်ကို မသိလု့ိ

    တစ်ယောက်ကလည်းဖြေသွားသေးတယ်
    လူမှောင်ခိုကူးမှု့ ကာကွယ်ရန် ရဲတွေနဲ့ ဆက်သွယ်ပါတဲ့

  • ရွှေဘိုသား

    February 11, 2012 at 12:44 pm

    ဟုတ်တယ် အစ်မ Novy ရေ ကျနော်လည်း တော်တော်ဒေါသဖြစ်တယ်
    သူ့ပထွေး ပြည့်သူ့ချဉ်ဖက်တွေက ဘာတွေများ လုပ်ပေးတာကျနေတာပဲ အမှတ်ရအောင်ပဲ ဖြေနေကြတာ
    အဲဒီ ကောင်မ တော့ နံမည်တောင်မသိလိုက်ဘူး ပထမတစ်ယောက်ဖြေတာဒေါသထွက်နေတာနဲ့ တွေးနေတာ နောက်တစ်ယောက် နံမည်မသိလိုက်ဘူး

  • မြန်မာပြည်က လူတွေက နိုင်ငံခြားက မယ်ရွေးပွဲတွေကို အားကျ။
    အဲတော့ ပွဲစီစဉ်သူတွေက သူများနိုင်ငံက အတိုင်းပုံတူကူးပြီး ဇွတ်လိုက်လုပ်။
    ဟိုနိုင်ငံကလူတွေလို မဖော်ရတော့ လူကြီးတွေကို ရန်လုပ်။
    အဲဖော်ခွင့်ပေးလိုက်တော့ နိုင်ငံတကာအဆင့်မှီပြီဆိုပြီးကြွယ်ရော။
    ဟိုနိုင်ငံကတွေလို ဗဟုသုတတွေမေးတော့ အရှက်ကိုကွဲရော။
    ကောင်းကြသေးရဲ့လား အရပ်ကတို့ရေလို့ဘဲအော်ချင်ပါတယ်။
    သူများနိုင်ငံနဲ့တူချင်ရင် ကောင်းတဲ့အချက်အလက်ပါ တူအောင်လုပ်ဘို့လိုတယ်ဆိုတာကိုတော့ အားလုံးမေ့နေကြတယ်နော်။

  • laypai

    February 11, 2012 at 2:33 pm

    ဒါ တမင်သက်သက် မတင်မိုးလွင် က မော်ဒယ်တွေ ကို ပညာပြတာ လို့ တော့ မထင်ပါ။

    ထင်တာ စဉ်းစားပြီး ပြောကြည့် တာနော်၊ မော်ဒယ် ၇ဝ ရာခိုင်နှုံး အဲဒီမေးခွန်းမျိုး နဲ့ တွေ့ရင် အဲ လိုပဲ ဖြစ်မယ်ထင်တယ်။
    လူငယ်တွေ February 13 and 14 ဟာဘာနေ့ တွေပါ လို့ ပို သိသလဲ လို ပေါ့။

    နောင် အပြောင်းအလဲ ဖြစ်လာမဲ့ အနေအထားမှာ လူမှု ရေး လုပ်ငန်း တွေမှာ အားနည်းတဲ့ မတင်မိုးလွင်က ဒီမေးခွန်းမေးရင်း အမှတ် ယူတာလဲ ဖြစ်နိုင်တယ်။

  • စိန်ပေါက်ပေါက်

    February 11, 2012 at 4:25 pm

    အလိုလေး
    ဂေါက်တံကြီးနဲ ့ပါကလား..
    စာဖတ်ပါ..မှတ်ပါဆိုတော့ အရုပ်နဲသလေး စာများသလေးနဲ ့
    ခုတော့ ပြောစရာတွေဖြစ်ပြီပေါ့အေ…

  • MaMa

    February 11, 2012 at 5:33 pm

    မေးခံရတဲ့မော်ဒယ်ကို သနားတယ်။ သူ့ခမျာ ကံဆိုးလို့ ခက်ခဲတဲ့ မေးခွန်းနဲ့ တွေ့တာကိုးးးးးးး
    ကျန်တဲ့မော်ဒယ်တွေ မေးကြည့်ရင်ကော ????????????
    🙁 🙁 🙁 🙁 🙁

  • kaunglay

    February 11, 2012 at 5:59 pm

    လှဖို့အတွက်နဲ့…. စပွန်ဆာရဖို့အတွက်ချည်းပဲ မကြိုးစားကြပဲနဲ့..
    လူရယ်လို့ ဖြစ်လာရင်ဗဟုသုတရှိဖို့အတွက်လည်းလိုအပ်ပါတယ်။
    လေးပေါက်ပြောသလို သူများနိူင်ငံနဲ့တူချင်ရင် ကောင်းတဲ့အချက်လေးတွေကိုလည်း အတူယူကြပါလို့

  • unclegyi1974

    February 11, 2012 at 10:35 pm

    မယ်တော်လေးကိုဝိုင်းအပြစ်တင်နေကြတာကိုး
    အပြစ်တင်ရင်မျိုးဆက်ဖြတ်ထားတဲ့သူတွေကိုအပြစ်တင်ရမှာ
    သူ့အသက်ကြည့်လိုက်လေ
    ဘတို့လိုကိုပေါက်တို့လိုကိုဖက်တို့လိုဘပုတို့လိုမဆူးတို့လိုမဝေတို့လို
    ဝေ့တွေတွေ့ခဲ့ဖူးတာမရှိပါဘူး
    ဒီကြားထဲဗိုလ်ချုုပ်ကိုမြုပ်ထားလိုက်တာပိုက်ဆံတောင်မကျန်လောက်အောင်
    အခုမှပြန်ပြီးဒို့ဗိုလ်ချုပ်လုပ်ရတာမဟုတ်လား
    ဘကတော့သူ့ကိုအပြစ်မတင်ချင်ပါဖူး
    သနားပါတယ်ဘာမှမသိရာဘူး..

  • Mလုလင်

    February 12, 2012 at 12:50 am

    ကျွန်တော့ အမြင်ပေါ့ဗျာ။ မသိတာ လေးကို သူတော့ မသိဘူးဆိုတာ လေး နဲ့ ပဲထားပေးလိုက်မယ် ဆို ပိုအဆင်ပြေ မလားလို့ပါ။ ဒီမေးခွန်းမျိုးက ဒီလိုပွဲတွေမှာ hot question ဖြစ်လေ့မရှိတဲ့ မေးခွန်းမျိုးပါ။ personal တွေနဲ့ ပြောမယ်ဆို သူ့ အတွက် မတရားဘူးလားလို့ပါ။ စင်မြင့်ပေါ်မှာ လူတွေ အများကြီး ဝိုင်းကြည့်ခံရတဲ့ ရှော့နဲ့ စိတ်မတည်ငြိမ်မှု ကို ကိုယ်ချင်းစာပေးလို့ ရနေလို့ပါ။
    လေးစားစွာဖြင့်
    Mလုလင်

  • bigchef

    February 12, 2012 at 9:36 am

    ဆရာ တော် အရှင် ညာဏ် ဏိ သ ရ လဲ မိ်န် ့ ဘူး တယ် ။ တ ချို. ဗုဒ္ဓ ဘာ သာ မြန် မာ လူ မျိုး တွေ ကိုယ် ကိုး ကွယ် တဲ့ ဗု ဒ္ဓ ဘု ရား ရှင်ဘယ် မှာ ဖွား မြင်တယ် ဆို တာ တောင် မသိ ကြ ဘူး တဲ့။ း)
    စာ လုံး ပေါင်း မှာနေရင် ပြင် ပေး ပါ အုံး။

  • water-melon

    February 12, 2012 at 9:52 am

    သူတို့ကို ကြည့်ပြီး မေတ္တာပွားနေရင်
    ကိုယ့်ဘဲ စိတ်ဆင်းရဲတယ်
    တော်ပါပြီ
    ထမင်းတစ်နပ်စားရဖို့ ကုန်းရုန်းလိုက်အုံးမယ်တော်ရေ :mrgreen:

  • ကြောင်ကြီး

    February 13, 2012 at 10:51 am

    ငါကတော့ ဂေါက်သာပြေးရိုက်လိုက်ချင်တော့ဒါဘဲ…။

  • moegyothwar

    February 13, 2012 at 12:00 pm

    ကျနော်တို့တိုင်းပြည်လဲ တိုးတက်မယ်မကြံသေးဘူး အူကြောင်ကြားတွေနဲ့ဘဲတိုးနေတော့တာဘဲ။ ကျနော် TV ကြည့်ဖြစ်တဲ့အခါ သတိထားမိလာတာက ကျနော်တို့ဆီက …အထူးသဖြင့် ရုပ်ရှင်၊အနုပညာရှင်များ ပေါ့ဗျာ… ပြည်ပက ပုံစံတွေခိုးလာတာ တွေ့နေရတယ်ဗျ…

    အခုလို မော်ဒယ်ပွဲတွေ၊ အဆိုပြိုင်ပွဲတွေ၊ အကပြိုင်တာတွေ ..စုံနေတာပေါ့ဗျာ။ အရည်အချင်းရှိလားလို့မေးရင် .. သုညအောက်မှာဘဲ…

    American Idol ကိုတုလိုတု.. ပြည်ပက မော်ဒယ်ပြိုင်ပွဲတွေတုလိုတုနဲ့… လုပ်တော့မှသောက်တလွဲတွေ။ ပြီးတော့လာသေးတယ်… အသံကာလာလေးက တို့ ဘာတို့ ဆိုပြီး ဆရာကြီးစတိုင်ဖမ်းနေကြတဲ့ ငကြောင်တွေ… မြန်မာစကားကို အဆန်းထွင် ၊ စကားအဆန်း တွေ ပြောနေရရင်.. အဲဒါတွေထဲမှာ မြောနေရရင် ကျေနပ်နေကြပုံပါဘဲ။

    အနှစ်သာရမရှိတဲ့ အဲလိုပွဲတွေကို ပြည်သူတွေကိုချပြဖို့တော့ ငွေကုန်ခံနိုင်ကြပြီး တိုင်းပြည်တိုးတက်ဖို့အတွက်လိုအပ်ချက်တွေ ဆွေးနွေးတာတွေ၊ လွတ်တော်မှာ ငြင်းခုန်ကြတာတွေအတွက်ကျတော့ အရေးမစိုက်ကြတာတွေဟာ ရှေ့အနာဂတ်အတွက်ရင်လေးစရာတွေပါဘဲ။

    တောင်မရောက် မြောက်မရောက် ဝေလေလေနဲ့ အချိန်ကုန်…ငွေကုန်..လူပန်း ဖြစ်နေရတာနဲ့တင် တိုင်းပြည်အတွက်ဆိုတာ ဘေးရောက်ရောက်နေပါတယ်။

    အနုပညာရှင်တွေသိသင့်တာက ရုပ်ပြပြီးပြည်သူဆီက ငွေတွေနှိုက်နေမဲ့အစား.. တန်ဖိုးရှိတာလုပ်ပြကြစမ်းပါဗျာ။

    အပေါ်မှာပြောခဲ့သလို ကိုယ့်တိုင်းပြည်ရဲ့ကျေးဇူးရှင်ရဲ့ ဇနီးအမည်နဲ့ အလုပ်အကိုင်တောင် မသိရအောင် ဘာတွေများလေ့လာနေကြပါသလဲ….. ဒီလိုလူမျိုးတွေဆီက တိုင်းပြည်ကောင်းအောင် ဘာတွေများထွက်လာမလဲဆိုတာ စောင့်ကြည့်ချင်ပါတယ်။

Leave a Reply