ကဗျာ Workshop နှင့် ကဗျာ ရွတ်ဆိုခြင်းပွဲ တက်ရောက်ရန်ဖိတ်ခေါ်ခြင်း

manawphyulayFebruary 15, 20121min520

အချိန်။ ။ မွန်းလွဲ(၁၀)နာရီမစတင်မည်။

နေ့စွဲ။ ။16/2/2012

နေရာ။ ။မြောက်ဒဂုံ ၇၊၈ လမ်းဆုံအနီးရှိ Myanmar Y.E.P B-ceit သင်တန်းကျောင်း

Myanmar Y.E.P နှင့် မြန်မာခေတ်ပြိုင်ကဗျာဆရာများ ပူးပေါင်းစီစဉ်သော ဒုတိယအကြိမ်မြောက် လ(ကဗျာWorkshop+ ကဗျာ ရွတ်ဆိုခြင်း)ပွဲ ကျင်းပရန်သွားမည်ဖြစ်သည်။

ခေတ်ပြိုင် ကဗျာဆရာများနှင့်Myanmar Y.E.P လူငယ်များမှလူငယ်နှင့်ခေတ်ပြိုင်ကဗျာများ အကြောင်း၊လူငယ်နှင့်ပရဟိတ ဆိုင်ရာ ဖွံ့ဖြိုးမှုများအကြောင်းဆွေးနွေးသွားမည်ဖြစ်ပြီး ခေတ်ပြိုင်ကဗျာ ဆရာမျာမှ ကဗျာရွတ်ဆိုခြင်းအစီစဉ်များ ပါရှိမည်ဖြစ်ပြီး

ပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်မှာ တိုးတက်ပြောင်းလဲလာသောခေတ်ရေစီးကြောင်းနှင့်အညီ လိုက်ရောညီထွေမှုဖြင့်ပြောင်းလဲလာသည့်မြန်မာကဗျာ အနုပညာအပေါ် လူငယ်များမှ စီးဝင်ခံစားနိုင်စေရန် ဖြစ်သည်။

လူမှုဖွံ့ဖြိုးရေး လုပ်ကိုင်နေသော လူငယ်များနှင့်ခေတ်ပြိုင် ကဗျာဆရာများချိတ်ဆက်၍ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သာမက

မြန်မာခေတ်ပြိုင်ကဗျာနှင့်ရသစာပေအပေါ် လူငယ်များစိတ်ဝင်စားမှုမြင့်ထက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။

ပါဝင်ရွတ်ဆိုကြမည့် ကဗျာဆရာများစာရင်းအားဆက်လက်ပြီးဖေါ်ပြပေးသွားပါမည်။

ပထမအကြိမ် ကဗျာ ရွတ်ဆိုပွဲအား 28/11/2011 နေ့တွင် း Pansodan Gallery ပန်းချီပြခန်းတွင်ပြုလုပ်ခဲ့သည်။