ဲပြီးခဲ့တဲ့ ၁၅ မိနစ်ခန့် ၁၁:၁၅ လောက်မှာ ငပလီ လေဆိပ်အဆင်းမှာ Air KBZ ရဲ့ လေယာဉ် ဘီး ကျိုးသွားတယ် လို့ သတင်းရရှိပါတယ် ။ လူ အသေအပျောက်တော့ မရှိပေမဲ့ နဲနဲပါးပါးခိုက်မိတာတော့ ရှိတယ်လို့ ပြောပါတယ် ။
လေယာဉ်မှုးရဲ့ ဆင်းသက်ပုံ ညံ့တာ လို့ စီးလာသူတစ်ဦးက ပြောပါတယ် ။ ခေါင်းနဲ့ ထိုးစိုက် ဆင်းပြီး ရုတ်တစ်ရက် ငါးခါလောက် ဆောင့်သွားပြီး ဘေးလမ်းပေါ်ထိုးကျသွားတယ်လို့ ဆိုပါတယ် …

သံတွဲသားတို့ သတင်းရယူနိုင်မယ်ထင်ပါတယ် ။

ဲပြည်တွင်း လေယာဉ် နဲ့ ခရီးသွားသူ တစ်ဦး ကလည်း Air KBZ နဲ့ သွားမိတိုင်း အဆင်းတွေမှာ ညင်သာမှု့ မရှိဘဲ အမြဲ ခုန်လေ့ရှိလို့ သူ ဆို နောက်ပိုင်း ရှောင်လေ့ ရှိကြောင်းမှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။


ဖုန်းနဲ့ ရရှိတဲ့ သတင်းဖြစ်တဲ့ အတွက် ပုံတော့ မတင်ပေးနိုင်ပါဘူး ။လေယာဉ်ကွင်းတာဝန်ရှိသူများက မီးပွင့်ထွက်တာတွေ တွေ့လို့ ဟိုတယ်များမှ ရေကားများ ကို အကူအညီတောင်းခံခဲ့ကြောင်းလည်း ကြားသိရပါသည် .


ဖုန်းနဲ့ ရရှိတဲ့ သတင်းမို့လို့ အမှားပါနိုင်ပေမဲ့ အရေးပေါ်တစ်ကယ်ဖြစ်ခဲ့ကြောင်းတော့ တာဝန်ယူနိင်ပါသည် .

About ကထူးဆန်း

has written 107 post in this Website..