ရွှေညဝါဆရာတော်ကြီး နောက်ဆုံးနေ့ ဆွမ်းခံပွဲနှင့် ပြည်သူ့မျက်ရည်

၁၈ရက်နေ့ ရွှေညဝါဆရာတော်ကြီးရဲ့ ၄ရက်မြောက် ဆွမ်းခံကြွချီပွဲနဲ့ ပြည်သူတွေကတော့ နေ့စဉ်ရက်ဆက် နှမြောသတနဲ့ ငိုကြွေးနေရတဲ့ မြင်ကွင်းဓာတ်ပုံတွေပါ..။

၁၉ရက်နေ့ မနက် ၈နာရီမှ စပြီးရွှေညဝါဆရာတော်ကြီး အနှစ်နှစ်အလလက ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ သာဓုပရိယတ္တိ စာသင်တိုက်မှ မှော်ဘီရှိ အလှူရှင်များ လှူဒါန်းထားတဲ့ ဥယျာဉ်ခြံမြေသို့ ပြောင်းရွှေ့ သီတင်းသုံးမှာ ဖြစ်ပါတယ်..။ ဆရာတော်ကြီးရဲ့ တပည့်ဒါယကာ၊ ဒါယကာမများနဲ့ အဖွဲ့အစည်းအသီးသီးမှ ဆရာတော်ကြီးရဲ့ သြဝါဒကို ခံယူပြီး ပူဇော်ကန်တော့ နှုတ်ဆက်ကြမှာ ဖြစ်သလို နေမကောင်းဖြစ်နေတဲ့ ကိုမင်းကိုနိုင် ကိုယ်တိုင် မကျန်းမာတဲ့ကြားက လာရောက်လိုက်ပါ နှုတ်ဆက် ပို့ဆောင်မှာ ဖြစ်ပါတယ်..။

About ပိုင်လေး

has written 60 post in this Website..

တရုတ် စစ်စစ် ပါ ဒါပေမဲ့ ………. မြန်မာပြည် မှာ မွေး၊ မြန်မာပြည် က ကျွေး၊ မြန်မာပြည် က ရေသောက်၊ ဒီ မြန်မာပြည် ကို ရင်နင့်အောင်ချစ်တဲ့တရုတ်ပါ။ ဒီ မြန်မာပြည်မြေ ကို ထိလာရင်တော့ လုံးဝ(လုံးဝ) လက်မခံတဲ့ တရုတ်ပါ။

   Send article as PDF