1 မန်းလေး တောင်ဘက်ကျုံးမြို့ရိုးရဲ့အလှ

2 ကျုံးရေပြင်နဲ့သစ်ပင် အရိပ်ထင်နေပုံက ကဗျာဆန်လှပါတယ်

3ရင်းတား ပစ္စင် နဲ့ နန်းမြိုရိုး

4 ရူ့မျော်မဆုံးတဲ့ မြင်ကွင်း..............................................စိတ်တွေတောင် အဝေးပါသွားသလို

5 မန်းလေးတောင်ကိုပါမြင်နေရတဲ့ အရှေ့ဘက်ကျုံးမြင်ကွင်း

6 အရှေ့ဘက်ကျုံးက မြင်ကွင်းလေးပါဘဲ

 

7 ရှေ့တည့်တည့် အနီးကပ်ရို်က်ထားတာပါ

8 ရေထဲမှာအရိပ်တွေကျနေတာ လှပ

9 တကယ့်အေးနေတဲ့နေရာလေးပါဘဲ

10 မူံပြာပြာ ရိမိူင်းမိူင်း

11 ပြာလွင် စိမ်းညို့ နီမိူင်း.................မန်းလေးကျုံး အလှ

12 ဆောင်းဥတုမှာ မိူင်းရီနေတဲ့မြင်ကွင်းလေးပါ

13 သစ်ရွက်ကြားက နုန်းမြို့ရိုး

14 ကျနော်နှစ်သက်တဲ့ပုံလေးပါ မြောက်ဘက်ကျုံးလမ်းက ပုံလေးတွေပါ

 

15 သုဓမ္မာဇရပ်တန်း အခုတော့ပြန်ပြင်နေတယ်

“မန်းလေးကရှေးအမွေ…………..တစ်”

 

မြန်မာပြည်နောက်ဆုံးမင်းဆက်နေသွားခဲ့တာကတော့ ရတနာပုံမန္တလေး။

လွန်ခဲ့သောနှစ် 150က တည်ထားတာဆိုတော့ ကျုံးမြို့ရိုးပြအိုးပစ္စင်

အကုန်အစုံမြင်နိုင်ပါသေးတယ်။

ကျနော်တို့ငယ်စဉ်ကတော့ ကျုံး က မြေသားဘောင်။

ကျုံးထဲမှာကြာပန်းရှိတယ်။

ရေမှော်ရှိတယ်။

ငါးပူတင်းဗိုက်ဖောင်းဖောင်းလေးတွေရှိတယ်။

ငါးဖောင်ရိုးလေးတွေလည်းတွေ့ရတယ်။

ငယ်ကတည်းက ကျုံးဘေးမှာနေလာသူဆိုတော့ ပိုသံယောဇဉ်ကြီးမိပါရဲ့။

အခုနောက်ပိုင်းကျုံးမဟုတ်ဘဲကန်ဖြစ်သွားတယ်။

မြေဘောင်ကနေကျောက်စီဘောင်ဖြစ်သွားတယ်။

ငယ်က ကျုံးဖြတ်တဲ့တံတားတွေပျောက်သွားတယ်။

ဒါပေမယ့် မပျောက်ပျက်သေးဘဲကျန်နေတာလေးတွေတင်ပေးလိုက်ပါတယ်။

ဒါကိုတော့ထပ်အစားမထိုးစေချင်ပါဘူး။

 

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့

ရလာတဲ့အတွေးပါးပါး။

(25-2-2012)

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။