လွန်ခဲ့တဲ့ ရက်ပိုင်းကကိစ္စတစ်ခုနဲ့ ဘုရင့်နောင်ဘက်ကိုရောက်သွားခဲ့တယ်။ ထုံးစံအတိုင်းမီးပွိုင့်မိတယ်ပေါ့ဗျာ။ မီးကလဲစိမ်းနေပြီကားတွေကမထွက်သေးဘူး ဟွန်းတွေကလဲ တီးလိုက်ကြတာ။ ဒါနဲ့ ကောင်းလေးကိုပြူပြီး ရှေ့ကိုကြည့်လိုက်မိတယ်။ ရှေ့မှာကားတစ်စီးပျက်နေတာကိုး။ ပျက်တဲ့ကားကိုသေချာ ကြည့်လိုက်မိတော့ လေးဘီး (B600) ဗျာ။ နံပါတ်ကြည့်လိုက်မိတော့ ၅က- ဆိုပဲ။ ကားကတော်တော်လေးလဲရွဲနေပါပြီ။ ကားသမားကဟိုနှိုက်ဒီနှိုက်နဲ့ လုပ်နေတာ တော်တော်ကြာကြာနိုးတယ်မနိုးလာဘူး။ ဒါနဲ့ ကျွန်တော်စီးလာတဲ့ ကားက စပါယ်ယာက ဆရာကြီးလုပ်မနေနဲကတော့ လွတ်တဲ့နေရာတွန်းပေးမယ် အဲ့မှာသာအေးဆေးပြင်တော့ ဆိုပြီး စပါယ်ယာနှစ်ယောက်ကတိုးပေးလိုက်လို့ သူနောက်ကကားတွေမြန်မြန်သွားနိုင်ခဲ့ကြတယ်။ (ဒါကတော့ ဒီ Post ကိုရေးဖို့ပေါ်လာတဲ့အကြောင်းလေးပါ)

အက္ခရာ ကိုကြည့်ပြီးသတ်မှတ်တဲ့ မှုက နဲနဲလေးလွဲနေတယ်လို့ခံစားမိတယ်။ လမ်းပေါ်မှာမမောင်းသင့်တဲ့ကား တွေအားလုံးကို ရှင်းထုတ်ပစ်သင့်တယ်လို့ထင်တယ်။ ဗိုက်ပှုလို့ခေါ်လားမသိဘူး (စစ်ကျန် bus) ကားတွေ (၆၁၊ ၄၀၊၃၉ လိုင်း) (စ၊ဆ၊ဇ၊ဈ) နံပါတ်တွေနဲ့။ ၄ဘီး (B600)။ နောက်ပြီး ကျွန်တော်အမျိုးအစားမသိ တဲ့ Modal နိမ့် အောက်ကားတွေ အများကြီးပါ။ ဟိုအနားပျက်လိုက် ဒီအနားပျက်လိုက်နဲ့ တစ်ချို့ဆိုမီးခိုးထွက်လိုက်တာများ လွန်ပါရော။ အဲ့ဒီကားမျိုးတွေကိုလဲ ဖျက်သိမ်းတဲ့စာရင်းထဲထဲ့သင့်နေပြီ။
နောက်ပြီး (၆၁၊ ၄၀၊၃၉ လိုင်း) (စ၊ဆ၊ဇ၊ဈ) ကားပိုင်ရှင်တွေက ကော ဘာလို့ သူတို့ကားတွေကို လာမအပ်လဲ ဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ အဖြေရှာသင့်တယ်။ (ဒီမိုကလေစီခေတ်မှာ အစိုးရအနေနဲ့ အရင်ကလို့ ပြည်သူတွေကို အတင်းအကျပ်လုပ်လို့မရတော့ဘူး ပြေလည်အောင်ပဲလုပ်ပေးရတော့မယ်)။

အစိုးရအနေနဲ့ ကားဝယ်ယူခွင့်ကို ထိမ်းချုပ်ထားတာကို(ယခုအချိန်မှာ)လက်ခံပါတယ်။ (ကားဟောင်းတစ်စီးရှိရင် ကားသစ်တစ် စီးဝယ်ခွင့်ပေးတယ်)။ ဒါမှ ယဉ်ပိတ်ဆို့မှုမဖြစ်တော့ဘူးလေ။ ဒါပေမယ့် လမ်းတွေ၊ မီးပွိုင့်တွေ၊ Traffic Jam အရမ်းများတဲ့နေရာတွေမှာလဲ အဆင်ပြေအောင် မြန်မြန်လုပ်ပေးပြီးရင်တော့ တစ်ဆင့်တက်ပြီး တော့ဝယ်ယူခွင့်ပြုပေးရမယ်။ အခုအချိန်မှာ အိုဟောင်းယဉ်အစားထိုးတင်သွင်းခွင့်ကို (ယဉ်ဟောင်း၊ ယဉ်စုတ်) မမြင်ရတော့အောင်ကို လုပ်သင့်တယ်။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူ၊ သင်္ဘောသား ၊ company တင်သွင်းခွင့် တွေကို ခတ္တရပ်ထားပြီးတော့ ကိုဆောင်ရွက်သင့်တယ်။ (အဲ့လိုပြောလို့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူနဲ့၊ သင်္ဘောသား အကို၊အမ၊ညီ၊ညီမတွေ ဆဲချင်လဲဆဲစေတော့ ရေးလိုက်ပြီ)။ ဒါမှ Traffic Jam ကလဲပိုများမလာ တော့ဘူး။

ခေါင်မိုးကမိုးယို ထိုင်ခုံကကျိုး လမ်းပေါ်ခဏခဏပျက်တဲ့ Bus ကား။ စာဖတ်သူတွေလဲ ခဏခဏ တွေ့နေရမှာပါ။ Bus ကားတွေကိုလဲ အဆင့်မြှင့်တင်သင့်နေပါပြီ။ အထူးကားတွေပေါ်လာပါတယ် ဘာမှမထူးပါဘူး တစ်ချို့အထူးကားတွေဆိုရင် ထိုင်ခုံတွေခပ်စိပ်စိပ် နဲ့လူများများထိုင်နိုင်အောင် လုပ်ထားတော့ ဒူးခေါင်းက ကြပ်ပြီး ဘယ်လိုမှကိုထိုင်လို့မရပါဘူး။

 

ဘာဖြစ်လို့ QQ wagon လိုစောက်ဖြစ်မရှိတဲ့ကားမျိုးရောင်းရတာလဲ။ ဒီလိုကားမျိုးတော်တော်များများ ကို Taxi လုပ်ပြီးဆွဲနေတာ တွေ့ရတယ်။ တစ်ခါမှမစီးဘူးလို့ တစ်ရက်က ငှားစီးမိပါတယ် အထဲမှာစီးရတာ Relax မဖြစ် ပါဘူး။ ရှေ့ကစီးတဲ့သူဆိုပိုဆိုးမယ်။ နဲနဲလောက်များ ၀နေရင်တော့ အဲ့ကားကိုငှားမစီးကြပါနဲ့လို့ပြောချင်ပါ တယ်။ ဒူးရှည်ရင်၊ အရပ်မြင့်ရင်လဲ အဆင်မပြေလောက်ပါဘူး။ နောက်ပြီး ခရီးကပြန်လာတဲ့သူ ဆိုရင် ခင်ဗျားရဲ့အိတ်တွေကို ကိုယ့်ခေါင်းပေါ်ကိုသာတင်ပြီးစီးရမယ်ပုံပဲ။  အဲ့ဒီကားမျိုးတွေရောင်းမယ့်အစား japan ကားကို အဲ့ဈေးနဲ့ရောင်းပေးလို့ရတာပဲ။ ခုပဲဈေးနှုန်းသိချင်လို့ japan လေလံ site ကိုဝင်ကြည့်တာ US 1230   နဲ့တောင် ၀ယ်လို့ရတဲ့ကားတွေရှိတယ်။ ဘာဖြစ်လို့များ QQ wagon ကိုရွေးပြီးရောင်းရတာလဲ။ နောက်ပြီး အဲ့ဒီလို ကားမျိုးကိုကော Taxi လုပ်သင့်သလား ဆိုတာကိုကော တာဝန်ရှိသူတွေ စဉ်းစားမိရဲ့လား။

နိုင်ငံကိုတိုးတက်ချင်တယ်။ ပြောင်းလဲနေတာကိုအားမရသေးဘူး။ အသက်ပေးပါ့မယ်။ ဒီလိုစကားမျိုးတွေသာ ပြောပြောနေကြတယ်။ ခင်ဗျားတို့က နိုင်ငံကိုချစ်တဲ့သူတွေမဟုတ်ကြပါဘူး။နက်သထက်နက်အောင်နှက်နေ ကြတာပါ။

နိုင်ငံကိုကောင်းစေချင်ရင်၊ ပြည်သူတွေကို ကြွယ်ဝချမ်းသာ စေချင်ရင် သေးသေးမွှားမွှားလေးတွေကစပြီး အဆင်ပြေအောင်လုပ်ပေးနိုင်ရမယ်။ အဲ့လိုလုပ်ပေးဖို့ အတွေးအခေါ်အမြော်အမြင်ကောင်းတွေ ရှိရမယ်။ အဲ့လိုမျိုးမရှိလို့ကတော့ ခင်ဗျားတို့ပါးစပ်ကသာပြောနေ  ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

မြန်မာနိုင်ငံကို တစ်ခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်စေချင်တယ်ဆိုရင်တော့ သမတက အစ သူတောင်းစား အဆုံးအားလုံးပြောင်းလဲဖို့လိုပါပြီ။

ပြောချင်တာများနေလို့ စကားလမ်းကြောင်းလွဲသွားတယ်။ ကျွန်တော်အနေနဲ့ကတော့ လမ်းပေါ်မှာ ပြယုတ်မကောင်းသောယဉ်များ။ မော်တော်ယဉ်လာအပ်ပြီး အသစ်တစ်စီးတင်သွင်းခွင့်လျောက်ထား လာသူများ ကိုလဲ ခွင့်ပြုသင့်သည်ဟုထင်မိပါသည်။

About myanmarcitizen

has written 17 post in this Website..

မြန်မာပြည် တိုးတက်ပြီး၊ တရားမျှတ၊ လွတ်လပ်မှုရှိသော ဒီမိုကလေစီ ကိုလိုလားသူ။