A.နာယက နှင့် ဥက္ကဌ ဖြေပါ

“ပြည်သူ့အသံ- လွှတ်တော်အသံ”

“ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ”

“ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်”

 

၁။ ခင်ဗျားတို့ ပြည်သူ့အသံကို ဘယ်နားနဲ့နားထောင်သလဲ (ရိုင်းသွားရင်ခွင့်လွှတ်ပါ)။
(နံပါတ် ၂ ကိုပြုလုပ်ခွင့်မရတော့ ဘာသံကြားရဦးမှာလဲ)

၂။ ဘယ်တော့ ငြိမ်းချမ်းစွာ စီတန်းဆန္ဒထုတ်ဖော်(ဆန္ဒပြ)ခွင့်ရမလဲ။

၃။ လာမယ့်ကြားဖြတ်ရွှေးကောက်ပွဲမှာ ကြိုတင်မဲဆိုတာ ကောရှိအုန်းမှာလား။

၎။ India နဲ့ တခြားနိုင်ငံတွေရဲ့ လွှတ်တော်တွေကို သွားရောက်လေ့လာတယ် သတင်းမှာတွေ့ရပါတယ်။ သူများနိုင်ငံတွေမှာ အဲဒီကိစ္စမျိုးရှိလို့ ဧည့်စားရင်တိုင်ဖို့ လွှတ်တော်မှာအတည်ပြုလိုက်တာလား။ ပြည်သူတွေက ကောအဲ့ကိစ္စကို လက်ခံတယ်လို့ယူဆပါသလား။

ဒီနေ့တော့ဒီလောက်လေးပဲဖြေပေးပါအုန်း။

(အပေါ် Post ကစာနဲနေလို့ နောက်တပ်တစ်ခုပါ ရောကျိတ်လိုက်ပါကြောင်း)

———————————————————————————————————————————————————————————————————————————-

B. တက္ကသိုလ် မှိုလိုပေါက်

တက္ကသိုလ်တွေ ဟိုမှာဖွင့်လိုက်ဒီမှာဖွင့်လိုက်နဲ့ အဲ့ကိစ္စကို ရင်ထဲမှာ အစာမကျေတာကြာပါပြီ။ ဒီနေ့တော့ရေး ဖြစ်သွားတယ်လေ။ ဦးရှစ်လုံး ရခိုင်ဘက်ကိုရောက်နေတယ်။ ကျောက်ဖြူ ရွှေသဘာဝဓါတ်ငွေ့ သွားကြည့်တယ်။ ဒေ၀ူး company က စာသင်ကျောင်း 2 ကျောင်း နှင့် Generator လှူတာတွေပဲ ပြနေတယ်။ ဂုဏ်ယူနေကြတယ်။ သူလှူတာက နဲနဲ ကိုယ့်ဆီကဘာတွေပြန်ပါသွားလဲ တရုပ်တွေဆီကို။ ပိုက်လိုင်းတွေသွယ် ပြီး second နှင့်အမျှ ယူတော့မှာ။ ဟိုကကျောင်းလေး ဆောက်ပေး မီးစက်လေးပေး အလှူငွေလေးနဲ့ ဒေသခံတွေ ကိုချွေးသိပ်နေကြတယ်။ ဒုတိယသမတ လာတော့ လက်အုပ်ကလေးတွေချီလို့ဗျား ကျောက်ဖြူမှာ ကော၊ သံတွဲမှာကော။ ခုထိဒို့ပြည်သူတွေဘက်ကလဲ ဒီအကျင့်တွေမပျောက်သေးကြဘူး။ (MG က သံတွဲကသူတွေတွေ့မိလိုက်ကြလား)။ လက်အုပ်ချီစရာလားဗျာ သူကဘာမို့လို့လဲ။ အဲ့လိုလုပ်လို့လဲ အာဏာကို ပိုရက်မှုးနေကြတာလားမသိ။

တက္ကသိုလ်အကြောင်းဆက်ကြရအောင် MG က သူငယ်ချင်းတွေလဲ ဝေဖန်ပေးကြပါအုန်းဗျာ။ အခုလဲ တောင်ဂုတ်မှာ ဆောက်တော့မယ်။ ဧရာဝတီတိုင်းကို ဥပမာကြည့်ကြရအောင် မြို့တော် ပုသိမ်မှာ ရှိတယ်။ မအူပင်မှာရှိတယ်။ ဟင်္သတ မှာရှိတယ်။(ကျွန်တော်သိသလောက်) အဲ့လောက်ထိမလိုဘူးလို့ထင်မိတယ်။

သူတို့ကတော့ပြောမှာပေါ့ဒေသခံတွေ ပိုက်ဆံသက်သက်သာသာနဲ့(အိုးမကွာအိမ်မကွာ) အဆင့်မြင့်ပညာ တွေကိုသင်ကြားနိုင်ပြီ ဘာညာပေါ့။ အဲ့လိုသာတွေးရင် တစ်ရွာ တစ်ခုသာဆောက်လိုက်ကြပါတော့။ ကျောင်းသား အတွက် ကုန်ကျစရိတ်သက်သာတယ်ဆိုတာကတော့ အတိုင်းအတာတခုထိမှန်ပါတယ် (ဒါပေမယ့် သိပ်တော့ ကွာလှမယ်မထင်ဘူး ထားလိုက်တော့)။ ပိုက်ဆံတော့သက်သာပါရဲ့ အဲ့ကရတဲ့ဘွဲ့က သုံးစားလို့မရ။ နောက်အလုပ်ရဖို့အတွက် သင်တန်းတွေထပ်တက် ထပ်ကုန် ဘာထူးပါသလဲ။ တက္ကသိုလ် တွေ ကမှိုလိုပေါက် အဲ့တော့ ဆရာတွေကမလောက် လောက်အောင်လို့ ကြုံရာဆွဲခန့် အဲ့ဒီလူတွေက ဆရာဖြစ်ပြီး ကျောင်းသားတွေကိုသင်။ ဆရာပညာကလဲ မပြည့်စုံ တော့ မခက်ပေဘူးလား။

ကျွန်တော် Computer University နဲ့ပဲ ဥပမာပေးပါ့မယ်။ Programming (OOP C++) စာသင်တဲ့ ဆရာမက Program တစ်ပုဒ်ကောင်းကောင်းမရေးဘူးဘူး။ ရေးလဲမရေးတပ်ဘူး။ နောက်ဆုံး ကုန်ကုန်ပြောမယ်ဗျာ Sorting စီတာ တောင်မသိဘူး။ အဲ့လိုသူမျိုးက စာသင်နေတော့မခက်လား။ သူ့တပည့် တွေဆိုပိုလို့ဆိုးပြီပေါ့။ (နယ်က Computer University တစ်ခုကအကြောင်းပါ)။ အဲ့ဒီတော့ University တွေ များလာတာကောင်းလား။ ထွက်လာတဲ့ သူတွေကကော တကယ်အသုံးချလို့ရတဲ့အရည်အချင်းရှိရောလား။

Computer University ကကျောင်းပြီးလာတဲ့ကျောင်းသားတစ်ယောက် လွန်ခဲ့တဲ့ ၃ရက်လောက်ကတွေ့တယ်။ သူကိုခန့်ထားတာ က Internet နဲ့ပတ်သက်တဲ့အလုပ်အတွက် ခန့်ထားတာပါ။ customer တွေဆီကို product ပုံတွေ mail ပို့ပေးမယ် နောက် Product အသစ်တွေကို ရှာမယ် ဒါသူ့အလုပ်။ အတိုချုပ်ပြောရရင် Drive Letter မပြောင်းတပ်ဘူး။ Drive A, B က ဘာအတွက်သုံးလဲမေးကြည့်တော့ သိဘူးတဲ့။ Floppy Drive သိလားဆိုတော့ ဘာတုန်းတဲ့။ အဲ့ဒါ Computer University ကျောင်းဆင်းနှော် (ကျွန်တော်အားလုံး ကိုမရည် ရွယ်ပါဘူး တစ်ချို့ အရမ်းတော်တဲ့သူတွေလဲရှိပါတယ်)။

ရန်ကုန် University နဲ့ နယ်အရမ်းကွာ ပါတယ် နယ်မှာမီးမရှိဘူး ရှိလဲမှန်မှာမဟုတ်ဘူး။ ရန်ကုန်တောင်မမှန် တာလေ။ Computer University အတွက် မရှိမဖြစ် Computer တွေကမီးရှိမှဖွင့်လို့ရမှာလေ။ အဲ့တော့ မီးမရှိ တဲ့နေရာ သွားဖွင့်ထားတာဘယ်သူ့အပျက်လဲ။ ပြောကြစမ်းပါအုန်း။ ခင်ဗျားတို့ သားသမီးတွေကျတော့ နိုင်ငံခြား မှာအဆင့်မြင့်တဲ့ ကျောင်းတွေမှာထားပြီးတော့ ငါ့တို့ဗမာလူမျိုးတွေရဲ့သားသမီးတွေကျတော့ ရှိစုမဲ့ စုလေး နဲ့ကျောင်းထားခဲ့ရပြီးတော့ ရလာတော့လဲ အဲ့ ဘွဲ့နဲ့ဘာလုပ်လို့ရခဲ့လဲ။

ကျောင်းက အဆောင်မပေးတော့ အပြင်အဆောင်မှာနေ။ အပြင်အဆောင်ဆိုတော့ အထိမ်းအကွတ်မရှိ။ ၁၀ တန်းအောင်ပြီးစ အရွယ်တွေက အသက်ဘယ်လောက်ရှိအုန်းမှာလဲ။ အဲ့မှာတင်ဇာတ်လမ်းတွေက စတော့တယ်။

ဆူပှုမှာဆိုးလို့ နှစ်ရှည်လများ University တွေကိုပိတ်ထားခဲ့။ မြို့ကြီးတွေမှာမထား။ မြို့လည်ခေါင်က ကျောင်း ကြီးကိုထားပြီး အစွန်အဖျားကိုပို့နဲ့ အရင်အစိုးရက လုပ်ခဲ့ကြတယ်လေ။ မိမိအာဏာလေး ခိုင်မြဲဖို့။ အသိပညာ အတပ်ပညာ တွေသင်ပေးတဲ့ကျောင်းကို ပိတ်တော့ ဘာဖြစ်သွားခဲ့လဲ။ ဒါကိုပဲ တစ်ဖက်လှဲ့နဲ့ တိုးတက်လာတယ် Computer University ကဘယ်နှစ်ခု Technical University ကဘယ်နှစ်ခု နဲ့ အရေအ တွက် များတာကို ဂုဏ်ယူနေကြသေးတယ်။

ဒီလိုလေး တွေးမိတယ်။

၁. University ကြီးတွေ(National University ခေါ်မလား ဘယ်လိုပဲခေါ်ခေါ်) ကို အချက်အချာကြတဲ့ မြို့ကြီးတွေ မှာပဲထားမယ်။ ဥပမာ Yangon, Mandalay လိုမျိုးပေါ့။

၂. နောက်ပြီး University ကို သုံးမျိုးလောက်ခွဲလိုက်မယ်။ First(National University) , Second , Third class အလိုက်ပေါ့။ အတော်ဆုံးသူတွေကနေစပြီး သူ့ အဆင့်နဲ့ သူသွားပေါ့။

၃. Medical University ကိုတော့ သီးခြားရပ်တည်ခိုင်းထားရမယ်။ ကျွန်တော်ပြောခဲ့တဲ့ University တွေနဲ့ရောမထားဘူး။ (အရေးအကြီးဆုံး ဖြစ်တဲ့အတွက် သေချာစိစစ်ပြီးမှလက်ခံမယ်၊ တစ်ပြည်လုံးမှာ ၂ခုပဲထားမယ်)။ သမီးက ဆရာဝန် အဆိုတော်ဖြစ်ချင်ပါတယ်ဆိုတဲ့ သူမျိုးဆို လစ်တော့ပဲ။ အဲ့ကျောင်းက ထွက်တဲ့သူတွေကို ဆရာဝန်အဖြစ်ပဲ မြင်တွေရမဲ့သူမျိုးကိုသာတက်ခိုင်းမယ်။

၎. တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာတွေထဲက ‘ခေါင်’ ဆိုတဲ့သူမျိုးတွေကို(First) အဲ့မှာထားမယ်။ အဲ့သူတွေက သူ့နယ်ပယ်မှာ အကျွမ်းကျင်ဆုံးသူမျိုးဖြစ်နေရမယ်။ ၀ါသနာလဲပါရမယ်။ ကျိုးစားချင်စိတ်လဲရှိရမယ့်လူမျိုးပေါ့။ ဘယ်လိုမှ သုံးစားလို့မရတဲ့ဆရာမျိုးကိုတော့ လခမပေးတော့ဘူး မောင်းထုတ်ပစ်မယ်။

၅. အသက်အရွယ် အကန့်အသတ်မရှိပဲ ၀င်ခွင့်စာမေးပွဲနဲ့ လက်ခံမယ်။ (ကျွန်တော်လဲ တက်ချင်လို့ J)

၆. တချိန်ထဲမှာပဲ နိုင်ငံတကာ အဆင့်မီတဲ့သင်ရိုးတွေကိုလေ့လာပြုစုပြီး ပြဌန်းရမယ်။

၇. စပြီးတက်မယ်သူတွေအတွက် ဘယ် University ကိုရွေးချယ် သင့်တယ်ဆိုတာကိုဆွေးနွေးမယ့် consultant အဖွဲ့ တစ်ခုကို ဖွဲ့ထားမယ်။ အမြဲတမ်းအဖွဲ့တော့မဟုတ်ဘူးပေါ့။

၈. Library, Resource Center, Lab တွေ ကိုကျကျနန တည်ဆောက်ပေးမယ်။ တစ်ခြားနိုင်ငံများက University တွေနဲ့လဲ  ချိတ်ဆက်ပေးထားမယ်။

၉. လူတန်းစားမရွေး တက်နိုင်တဲ့ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ လက်ခံပေးမယ်။ University အလိုက်ဈေးနှုန်းအ မျိုးမျိုးပေါ့။ (သင့်တင့်တဲ့ဈေးနှုန်းဆိုပေမဲ့ နဲနဲတော့များလိမ့်မယ်) (ဥပမာ- နယ်ကနေ ပုသိမ်ကိုကျောင်းလာ တက်တဲ့ နယ်ကသူတွေက တစ်လကို 60000-100000 ကြားမှာကုန်တယ်။)

၁၀. ပိုက်ဆံမတပ်နိုင်တဲ့ မိဘတွေအတွက် အစိုရက ငွေချေးပေးရမယ်။ ဒါပေမယ့်ကျောင်းပြီးသွားရင် နိုင်ငံအ တွက်အလုပ်ပြန်လုပ်ပေးရမယ်။

၁၁. နယ်ကျောင်းသားတွေအတွက် လုံလောက်တဲ့ အဆောင်တွေ၊ စားသောက်ရေး အတွက်ကျောင်းက မျှတတဲ့ငွေကြေး နဲ့စီစဉ်ပေးမယ် ။

၁၂. အဆင့်မြင့်တန်းတွေအတွက် ဆရာတွေကို နိုင်ငံခြားက တကယ်ပညာရှင်တွေကို ခေါ်ပြီးသင်ကြားခိုင်းမယ်။ အဲ့အတွက်ငွေကြေးကို University ကပဲတာဝန်ယူမယ်။ (ဘယ်နှနှစ် နိုင်ငံခြားအကူအညီကို ယူရမလဲ နောက် ပိုင်းဆို ကျွန်တော်တို့ ကိုယ်တိုင်လည်ပတ်နိုင်ပြီလေ)။

၁၃. University ကကျောင်းအုပ်ကြီးတွေကိုလဲ ဘယ်သူ့အမျိုး၊ ပိုင်ရာဆိုင်ရာတွေ ကြောင့်ခန့်တာတွေ ရပ်ပြီး တကယ့် အရည်အချင်းရှိ၊ ဂုဏ်သရေရှိ၊ ၀ါသနာ အနစ်နာခံနိုင်တဲ့သူမျိုးကို ခန့်မယ်။

၁၄. အဲ့ဒီ University တွေကို လွှတ်တော်က (ကျွန်တော့စိတ်ကူးထဲက လွှတ်တော်ကိုပြောတာပါ) ပညာတပ် အမတ်တွေရယ် ပြည်သူတွေထဲက ပညာတပ်တွေရယ် အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီး ထိမ်းချုပ်ထားမယ်။

၁၅. ကျမ်းမာကြံခိုင်မှ အရာအားလုံးလုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် အဲ့ဒီကျောင်းတွေမှာ အားကစား လုပ်ဖို့ ကစားကွင်းတွေ Fitness Center တွေလုပ်ပေးထားမယ်။

 

ဒါကတော့ ကျွန်တော့အတွေး သေးသေးလေးနဲ့စဉ်းစားမိတာပါ။

လေးစားလျက်
MyanmarCitizen

About myanmarcitizen

has written 17 post in this Website..

မြန်မာပြည် တိုးတက်ပြီး၊ တရားမျှတ၊ လွတ်လပ်မှုရှိသော ဒီမိုကလေစီ ကိုလိုလားသူ။