ပညာတတ်လည်း ဒီအတိုင်းပဲ…
မနေ့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ပြောပြတဲ့ ဥပမာလေးကို အရမ်းသဘောကျမိတယ်။ သူကတော့ ခုလက်ရှိစီးပွားရေးနယ်ပယ်မှာ ရပ်တည်မှုတစ်ခုရရှိနေတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်နေပါပြီတဲ့။ တစ်ချိန်တုန်းက သူ ၁ဝ တန်းအောင်စဉ်က အစိုးရဝန်ထမ်းအဖြစ် ရရှိအောင် ကြိုးစားနေတုန်းမှာ ဝန်ထမ်းဘဝနဲ့ နေတဲ့အထက်လူတွေက တစ်ဦးပြီး တစ်ဦး ထွက်နေကြတယ်တဲ့။ ဒါနဲ့ သူ စဉ်းစားတယ်ပေါ့လေ.. ငါက ဝင်ဖို့ ကြိုးစားနေချိန်မှာ သူတို့ ဘာကြောင့် ထွက်ဖို့ကြိုးစားနေကြတာလဲ… ဒီတော့ မဖြစ်သေးဘူး ငါ မဝင်သေးပဲ နေကြည့်ဦးမယ်ပေါ့ အဲလိုနဲ့ နေလာခဲ့တာ ခုလက်ရှိ လုပ်ငန်းရှင်ဖြစ်သာလာတယ်။ အစိုးရဝန်ထမ်း မလုပ်ခဲ့ရဘူးတဲ့။ ဒါနဲ့ သူက လူငယ်တွေ သင်တန်းတွေတက်ကြ တစ်ခုပြီးတစ်ခုသာ တက်နေတယ် အလုပ်ကို ရရှိနိုင်ဖို့ မကြိုးစားကြတာတွေလည်း တွေ့ရှိရတယ်တဲ့။ သူ ဥပမာလေး တစ်ခုပြောပြချင်ပါတယ်တဲ့။ ကိုလိုနီခေတ်က ဘုရားကျောင်းမှာ ခေါင်းလောင်းထိုးတဲ့ အလုပ်လုပ်တဲ့ အဘိုးအိုတစ်ဦး ရှိပါတယ်။ သူဟာ အမြဲ ခေါင်းလောင်းထိုးတဲ့အလုပ်ပဲ လုပ်ကိုင်လာနေရင်းနဲ့ ဘုရားကျောင်းမှာ အသင်းတော်က စည်းကမ်းတစ်ခု ချမှတ်လိုက်ပါသတဲ့။ စည်းကမ်းကတော့ ဘုရားကျောင်းမှာ အလုပ်လုပ်သူတိုင်း ပညာသင်ကြားရမယ်ပေါ့။ ဒီတော့ လူတိုင်းက သင်ကြားနိုင်ဖို့ ကြိုးစားကြပေမယ့် အဘိုးအိုခမျာတော့ အသက်ကြီးနေတော့ သင်လို့လည်း တတ်မှာမဟုတ်ဘူးပေါ့ သူ့ဘာသာစဉ်းစားပြီး မသင်ဘူးဆိုပြီး နေသတဲ့။ ဒီတော့ ဘုရားကျောင်းရဲ့ စည်းမျဉ်းစည်းကမ်းအရ ဘုရားကျောင်းမှာ အလုပ်လုပ်ခွင့်ကို အဘိုးအိုအတွက် စိတ်မကောင်းစွာနဲ့ ပိတ်ပင်လိုက်ပါရော။ ဒါနဲ့ အဘိုးအိုလည်း အလုပ်လက်မဲ့နဲ့နေရရှာတယ်။ တစ်နေ့တော့ သူဟာ ဆေးလိပ်အရမ်းသောက်ချင်တော့ မနေနိုင်ဘဲ အရောင်းဆိုင်တစ်ဆိုင်မှာ သူနိုင်သလောက် ပိုက်ဆံနဲ့ ဆေးလိပ်တစ်လိပ်ဝယ်သောက်မယ်ဆိုပြီး သွားဝယ်တော့ ဆိုင်မှာ သူသောက်နိုင်တဲ့ ဈေးနှုန်းနဲ့ ဆေးလိပ်မရောင်းဘူးတဲ့။ ဒီတော့ အဘိုးအိုက စဉ်းစားတယ်။ ငါ့လိုမျိုး လူတွေ ရှိဦးမှာပဲဆိုပြီး ဈေးနှုန်းသက်သာတဲ့ဆေးလိပ်ကိုသာ ငါ ရောင်းမယ်ဆိုရင် အတွေးဝင်လာတယ်။ ဒါနဲ့ လမ်းထောင့်မှာ ဆေးလိပ်ကို တစ်လိပ်ချင်းရောင်းကြည့်တယ်။ ဝယ်သောက်တဲ့သူများတော့ သူမှာ ငွေလေးအတော်ရွှင်လာတယ်။ ဒါနဲ့ ထပ်ပြီး နောက်လမ်းထောင့်မှာ ဆိုင်လေးတစ်ဆိုင်ထပ်ခွဲပြီး ဆေးလိပ်တစ်လိပ်ချင်းဆီရောင်းပြန်တယ်။ ဒါနဲ့ သူမှာ ငွေတွေစုနိုင်လာတယ်။ သူများက သူ့ကိုအကြံပေးတယ် ငွေတွေကို ဒီတိုင်းမထားနဲ့ ဘဏ်မှာစုထားရင် တိုးပွားမယ်ပေါ့။ ဒါနဲ့ ဘဏ်မှာအကောင့်ဖွင့်ပြီး ငွေစုတော့ ဘဏ်က သူ့ကို လက်မှတ်ထိုးခိုင်းတယ်။ သူက စာမတတ်တော့ လက်မှတ်မထိုးတတ်ဘူး။ ဒါဆိုလည်း ရတယ်လေ လက်ပွေနှိပ်ပေါ့ ဆိုပြီး လက်ပွေနှိပ်ခိုင်းရင်း ပြောတယ်တဲ့ ခင်ဗျား ဒီလောက်ပိုက်ဆံတွေ ရှာနိုင်တာတောင် စာမတတ်ဘူးနော်။ စာများ တတ်လို့ကတော့ ခင်ဗျား ဘာဖြစ်မယ်ထင်လဲတဲ့ ဘဏ်စာရေးက မေးတော့ အဘိုးအိုက ဒီလို ပြန်ပြောလိုက်ပါတော့တယ်။
“အင်း စာမတတ်လို့ ဒီလို ပိုက်ဆံတွေရှာနိုင်တာပေါ့။ စာများတတ်လို့ကတော့ ခုချိန်ဆို ဘုရားကျောင်းမှာ ခေါင်းလောင်းဆွဲနေတုန်းပဲပေါ့”
လို့ ပြောတော့ ဘဏ်စာရေး သူ့နဖူး သူ ရိုက်လိုက်မိပါတယ်။ ဒီအဓိပ္ပာယ်လေးက ခုခေတ်ကိုများ ပြောနေသလား.. လို့လည်း စဉ်းစားနေမိပါတော့တယ်။ မနော ကြားခဲ့တာလေး ပြန်ပြောပြတာပါနော်။
15 comments
မဟာရာဇာ အံစာတုံး
March 1, 2012 at 3:14 pm
အင်း … ပညာမတတ်ဘဲ ချမ်းနေတဲ့လူတွေလည်း လောကမှာ အများကြီးပါပဲ …
ပညာတတ်ပြီး ချမ်းသာနေတဲ့ လူတွေလည်း ရှိဦးမှာပဲ …
ဘာပဲပြောပြော …
လူတစ်ယောက်ရဲ့ အတွေးတစ်ချက်က သူဋ္ဌေးဇာတ်ကို ကနိုင်တယ်ဆိုတာတော့ ..
အထက်က အဘိုးကြီးက သက်သေခံနေပါတယ်တဲ့ဗျား ……….
😀
စောဝေတင့် (ပုဂံ)
March 1, 2012 at 3:53 pm
ဘဏ်စာရေး နော် မိုက်ပါ့
ကိုယ့်နဖူး ကိုပြန်ရိုက်ရတယ်လို့
ပစ်တိုင်းထောင်
March 1, 2012 at 4:18 pm
သူဋ္ဌေးတွေက ပညာအများကြီးတတ်ဖို့ မလိုပါဘူး..
ဒါမဲ့ စဉ်းစားထိုးထွင်းဉာဏ် စိတ်ကူး ကတော့ ပညာတတ်သူတွေထက် အများကြီး ပိုရှိကြရပါတယ်..
အဲဒါမှ အရာအားလုံးကို ထိန်းသိမ်းနိုင်မှာလေ..
Diamond Key
March 1, 2012 at 5:15 pm
မနောရေ၊ ပညာတတ်လမ်းကြောင်းမလိုက်လို့ သူဌေးဖြစ်သွားတာနဲ့ ပညာဖက်လိုက်လို့ သူဌေးမဖြစ်တဲ့ ဖြစ်ရပ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာလည်း အများကြီး ရှိပါတယ်။ ဒီအပေါ်မှာလည်း ဟိုဖက် ဒီဖက် ပြောကြတာလည်း အများကြီး ကြားဖူးပါတယ်။ နောက်ဆုံးတော့ ကာယကံရှင်တွေ ရဲ့ စိတ်တွေနဲ့ပဲ ဆိုင်ပါတယ်။ စာသည် ဥစ္စာ ဆိုတဲ့ သူလည်း သူ့ခံယူချက်၊ ကျေနပ်မှုတွေနဲ့၊ ဥစ္စာသည်လောကရဲ့ ဘဝလက်တွေ့ လိုအပ်ချက် ဆိုသူတွေမှာလည်း သူ့ခံယူချက်၊ ကျေနပ်မှုတွေနဲ့ပါပဲ။
ဒါကို ဘယ်ဖက်ကို ပိုသဘောကျ သလဲမေးရင် အသက်အရွယ်၊ အချိန် အခါ မတူတဲ့ အဖြေရနေမယ် ထင်တယ်။ ဒါလည်း ကိုယ်အတွက်ပဲ မှန်တာ ဖြစ်ချင် ဖြစ်မယ်။
snow white
March 1, 2012 at 5:17 pm
ဟုတ်တယ်ကျောင်းပြီး သွားတော့သင်တန်း သင်တန်းနဲ့မပြီးန်ုိင်တော့ဘူး အင်္ဂလိပ်စာကျွမ်းကျင်တော့ စာရင်းကိုင် စာရင်းကိုင် ရပြန်တော့ကွန်ပျူတာ အော် ပြီးကိုမပြီးနို်င်ဘူး ဘွဲ့တခုလောက်တော့ ရနေပြိဆိုအလုပ်လုပ်လို့ရနေပါပြီဘွဲ့ရပြီးသူတွေအပေါ်က အဘ်ိုးအိုကိုအတုယူနိုင်ရင်ကောင်းမယ် သင်တန်းကအရေးမကြီးပါဘူး အလုပ်လုပ်ချင်တဲ့စိတ်ရှိဖို့ဘဲလိုပါတယ်
inz@ghi
March 1, 2012 at 5:26 pm
တနေ့ သေကြရမည် … မသေခင် လုပ်ချင်တာလုပ်
😀
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 1, 2012 at 7:11 pm
ပညာနဲ ့သင်ညာခွဲခြားသိတတ်ဖို ့သာအရေးကြီးပါတယ်။
ဒါဆိုရင် ဘွဲ ့ရတိုင်းစာတတ်ပါတယ်လို ့ပြောရမှာလား။
မဟုတ်သေးဘူးနော်။ဘွဲ ့ရတိုင်းစာမတတ်ပါဘူး။အဘိုးအို
မှာ စဉ်းစားဆက်စပ်တွေးတောနိုင်စွမ်းနဲ ့ကိုယ်ရည်ကိုယ်သွေး
ကောင်းလို ့ပိုင်ဆံရသွားနိုင်ပေမယ့်. သူ ့ထက်ပိုပြီးတော့
အသိဉာဏ်နဲ ့ပေါင်းစပ်လုပ်ကိုင်သူက ပိုချမ်းသာမသွား
နိုင်တော့ဘူးလား။
မမမနောဖြူလေးရဲ ့ပို ့စ်ကနေ ယနေ ့ခေတ်ကို တန်ပြန်ဟပ်
စေတာအမှန်ပါ။ကျနော်လဲ ခုတိုင်းတွေးခဲ့မိပါတယ်။ခုချိန်မှာ
ကျနော်နဲ ့အတူတူဆေးကျောင်းတက်ခဲ့သူတွေ လက်ထောက်
ဆရာဝန်တွေဖြစ်နေကြပီ။ကျနော်က အပြင်မှာ အိမ်က အလုပ်
တွေ ကူလုပ်ရင်း တစ်လဝင်ငွေ သူတို ့ရတာထက်(၃-၄)ဆပိုရ
ပေမယ့်။ဒါဟာ ခဏတာပါ။
သူတို ့လိုကိုယ်၌မှာ ဆရာဝန်ဖြစ်ဖို ့အခွင့်အရေးလဲရခဲ့ပါလျှက်နဲ ့
မဖြစ်နိုင်ခဲ့တာ သူတို ့နဲ ့လမ်းမှာ၊လက်ဘက်ရည်ဆိုင်မှာတွေ ့ရင်
မျက်နာငယ်ရပါတယ်။ဒါဟာ အမှန်ပါ။ပညာဆိုတာကို တကယ်
တတ်မြောက်အောင်သင်နိုင်ဖို ့သာ အရေးကြီးပါတယ်ဗျာ။
ကျေးဇူးတင်ပါတယ်ဗျ။
htet way
March 2, 2012 at 11:57 am
ဟုတ်လိနိုးနိုး ဆင်ကန်းတိုးသို့
အဆင်းလှဆန်း လူ့ပေါက်ပန်း
ပြဿာဒ် ဖျားမှာနားသည့်ကျီးမျှပမာကျလိမ့်
မနောဖြူလေးရေ ပညာမတတ်ပဲ ချမ်းသာသူတွေရှိတယ် ဉာဏ်ရည်မရှိသူနဲ့
ရှိသူတူနိုင်ပါမည်လော။
မင်းလေးမိတ်ဆွေထားရင်တောင် စာပေဝါသနာမပါသူနဲ့ ထားမိလို့ကတော့
အင်း ….. အဲ့ဒီမှာ စိတ်ညစ်ရမှာပဲ ။ဘဘရဲ့ကိုယ်တွေ့လေးပါ
ဆောင်းပါးလေးကြိုက်ပါတယ် ။
ခင်တဲ့ ဘကြီး ထက်ဝေး
ခပ် KING ကင်း
March 2, 2012 at 4:43 pm
သဘောတရား
သဘောထား
ခံယူချက်
ယုံကြည်ချက်
ဒီလိုအဆင့်ဆင့်တိုင်းသာ ပြောင်းလဲလာခဲ့ရင် ဥစ္စာ၊ ပညာ ရယ်တင်မဟုတ်ပါဘူး
တစ်စုံတစ်ခုအတိုင်း အသက်စွန့်တဲ့အထိ လုပ်လာကြတယ် …
(ဥပမာ .. အစွန်းရောက်ဂိုဏ်းတစ်ခုပဲဆိုပါစို့ … )နောက်မှ အကျယ်ဆက်ပြောတော့မယ်ဗျာ …
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 2, 2012 at 10:25 pm
ကိုကင်းရယ် ပြောလက်စနဲ ့ဗျာ ဆက်ပါအုံး။
ဘာလိုရပ်သွားတာလဲ။ခုပြောနော်။
ဦးဦးပါလေရာ
March 3, 2012 at 12:31 am
ဒီပုံပြင်လေးကလိုလဲ တခါတရံဖြစ်တတ်ပါတယ်။
ဒါပေမယ့် အများစုအတွက် လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။
ဒီပုံပြင်လေးရဲ့မူရင်းဝတ္ထု (အိုဟင်နရီရေးတာမှတ်တယ်)ကတော့ လောကကြီးရဲ့ ကပြောင်းကပြန်ဖြစ်တတ်မှု့ကို သရော်ပြီးရေးတာပါ။ အရမ်းကောင်းတယ်။ စီးပွားရေးလုပ်ငန်းရှင်ပြောတာနဲ့ နဲနဲကွဲလွဲတယ်။
တကယ်တော့ ဘဝမှာအောင်မြင်မှု့ဆိုတာကို ပေတံတမျိုးထဲနဲ့ တိုင်းလို့တော့ မဖြစ်ဘူးမဟုတ်လား။
ဦးတည်ချက်မတူကြရင် ပန်းတိုင်လဲမတူနိုင်ပါဘူး။
ကိုယ့်ပန်းတိုင်ဆီကိုယ်ခရီးရောက်ခြင်းနဲ့သာ အောင်မြင်မှု့ကို တိုင်းတာသင့်ပါတယ်။
ကိုယ်နှစ်သက်တဲ့ ကိုယ်ကျေနပ်တဲ့ ကိုယ့်ပန်းတိုင်အသီးသီးကို
မဆုတ်မနစ်ဦးတည်ကြိုးပမ်းကြဘို့သာ အဓိက ………. လို့
ဦးဦးကတော့ သဘောထားပေးချင်ပါတယ်။
wine pyae
March 6, 2012 at 1:47 pm
ပညာတတ်ပြီး ငွေရှာနိုင်ရင်တော့ပိုကောင်းတာပေါ့နော်။ဒါပေမယ့် ပညာမတတ်ဘဲချမ်းသာတဲ့လူတွေ အများကြီးရှိကြပါတယ်။ လူသားတွေအားလုံး ပညာတွေအများကြီးတတ်မြောက်ပြီး ငွေအများကြီးရှာနိုင်ကြပါစေ……
နွေဦး
March 6, 2012 at 1:58 pm
ပညာမတတ်ဘဲ ကြီးပွါးချမ်းသာသူများ အတွက်
အားမငယ်ရအောင် အားပေး ဂုဏ်ပြုသော
ဆောင်းပါးဟု မှတ်ယူသင့်ကြောင်း..သို့သော်
အတုယူမမှားစေလိုကြောင်း..
manawphyulay
March 8, 2012 at 12:39 pm
မှန်ပါတယ်ရှင်။ မနွေဦး ပြောသလိုပေါ့။ ပညာမတတ်တဲ့သူက ပညာတတ်လည်း မထူးဆိုတဲ့အတွေး ဝင်တာ မဆန်းပါဘူး။ တတ်ရင်တော့ ကွာခြားမှုတွေ အများကြီးရှိနေသေးတယ်ဆိုတာ သူ သဘောပါက်လာမှာပါ။
နီလေး
March 8, 2012 at 1:50 pm
အားပေးသွားပါတယ်နော် မမ မနောရေ ခံယူချက်ဆိုတဲ့ ပေတံနဲ့သာတိုင်းတာရင် အရာရာဟာ ကွဲပြားခြားနားသွားပါလိမ့်မယ်