“ပေးဆပ်ခြင်းနဲ့ချစ်နေလည်းရလဒ်ကတော့ဒီအမုန်းများ

သိပ်ချစ်တယ်အရမ်းမုန်းတယ်….ဝဋ်ရှိရင်ကြေပေးတော့ကွယ်

နှလုံးသားထဲကချစ်နေလဲဦးနှောက်ထဲကဒီအမုန်းများ….

သိပ်ချစ်တယ်အရမ်းမုန်းတယ်ရောထွေးကုန်ပြီတကယ်ရူးတော့မယ်….

ဝဋ်ကြွေးများရယ်ငါ့ရဲ့အသိစိတ်မှာနင်ဟာနတ်ဆိုးပါကွယ်…..

နှလုံးသားထဲကနင်ဟာအရှင်သခင်ပါပဲကွယ်…..”

 

အဓိပတိအဝါကိုစီးပြီးမြို့ထဲကိုလာရင်းပြတင်းပေါက်ကနေမြင်မြင်သမျှအရာအားလုံးကို

ငေးမောနေရင်းနားထဲကိုစီးဝင်လာတဲ့ချမ်းချမ်းရဲ့သိပ်ချစ်တယ်အရမ်းမုန်းတယ်ဆိုတဲ့သီချင်းသံလေး

ဒီသီချင်းလေးနားထောင်မိတော့ငိုချင်သလိုလိုဆွေးချင်သလိုလိုနဲ့ဘာရယ်မဟုတ်မောင့်ကိုပြေးသတိရမိတယ်

မောင်ဂရုစိုက်ခဲ့တာတွေကိုတွေးမိရင်အရမ်းချစ်မိတယ်

မောင်ရက်စက်တာတွေကိုတွေးမိရင်မောင့်ကိုအရမ်းမုန်းမိတယ်

ဒီသီချင်းလေးထဲကလိုပဲကျွန်မမှာဝဋ်ကြွေးများပါလာလေသလား

မောင့်အပေါ်မှာဦးနှောက်အသိနဲ့မချစ်သင့်တော့ပေမယ့်

နှလုံးသားကချစ်နေဆဲပဲဆိုတာကျွန်မတယောက်သာအသိဆုံးပါ

မောင့်ကိုမေ့ဖို့ကြိုးစားနေပေမယ့်မေ့မရတဲ့အကြင်နာတွေကြောင့်

ကျွန်မနာကျင်နေရပါတယ်မောင်

အသက်ရှုလိုက်တိုင်းတောင်မောင့်ကိုသတိရနေဆဲပဲမို့

မောင့်ကိုမေ့ဖို့ကြိုးစားလိုက်ရင်ကျွန်မအသက်ရှုရပ်သွားမလားလို့တောင်

တွေးကြောက်မိပါတယ်မောင်ရယ်

မောင့်အပေါ်မှာဝဋ်ကြွေးတွေများရှိခဲ့မယ်ဆိုရင်ဒီဘဝဒီမျှနဲ့ပဲအဆုံးသတ်ပါရစေလို့

ကျွန်မဆုတောင်းမိပါတယ်မောင်

ခုကျွန်မရင်ထဲမှာတော့မောင့်ကိုသိပ်ချစ်သလိုအရမ်းလည်းမုန်းမိနေပါတယ်မောင်

မောင့်အပေါ်မှာရှိတဲ့ကျွန်မအမုန်းတွေကိုမောင်ကိုယ်တိုင်ဖြေဖျောက်ပေးလှည့်ပါတော့နော်

မောင့်ကိုသိပ်ချစ်သလိုအရမ်းမုန်းတဲ့

ချစ်သူ

 

About bluerose

blue rose has written 4 post in this Website..