Vote NLD Campaign

အထက်ပါလင့်ခ်မှာ သွားကြည့်ကြပါ…

နာမည်ကြီး သရုပ်ဆောင်တွေစုပေါင်းပြီး လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့  Vote NLD Campaign ဗွီဒီယို ကိုရိုက်ကူးတင်ဆက်ထားပါတယ်။

လူမင်း ၊ ဝေဠုကျော် ၊ ၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ ပါဝင်သရုပ်ဆောင်ထားသည်။

ရဲရဲဝံ့ဝံ့နဲ့  ဒေါင်းစိတ်၊ ဒေါင်းမာန်၊ ဒေါင်းအလံကို သတ္တိရှိရှိ စိုက်ထူပြလိုက်ကြတဲ့ ………… “ခွပ်ဒေါင်းအနုပညာသည်များ”ကို ဂုဏ်ပြုကြိုလိုက်ပါတယ်!

ဆန္ဒမဲပေးမယ့် ဧပြီတစ်၊ ခွပ်ဒေါင်းဘေးမှာ အမှန်ခြစ်

“အမှန်ခြစ်တတ်လျှင် မဲ့ထည့်လို့ရပြီ”
သင်နှင့် သင့်ရင်သွေးများ၏ တောက်ပတဲ့အနာဂတ် အလင်းရောင်ကိုပိုင်ဆိုင်ဘို့အတွက် NLD ကို မဲပေးကြပါစို့..
Voting for NLD = Loving Yourself & Your Kids’ & Country’s Future.

မဲပေးမည့်နေ့ မရောက်ခင်မှာ၊ မဲပေးခွင့်ရှိတဲ့ လူစားရင်းမှာ မိမိနာမည်ပါ၊ မပါ အရင်ကြည့်ပါ။
မပါလျှင်၊ ပါအောင် ထည့်ခိုင်းပါ။ပါပြီဆိုလျှင်၊ မဲပေးမည့်နေ့တွင် မဲရုံကိုသွား၊ မိမိရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုပြပြီး၊ မဲလက်မှတ်တစ်ခုကို ထုတ်ယူပါ။ ပြီးလျှင် လျှို့ဝှက် ဆန္ဒပြုခန်းထဲတွင် မိမိဆန္ဒရှိသည့်အတိုင်း အမှန်ခြစ်လိုက်ပါ။ ပြီးလျှင် စာရွက်ကို ခေါက်ပြီး၊ ဆန္ဒပြုခန်း အပြင်ဘက်က မဲပုံးထဲကို ထည့်လိုက်ရုံပါပဲ။

“သတိထားရမည့် အချက်များ……”
မဲလက်မှတ်ကို ယူပြီးရင် ကိုယ်မဲပေးချင်တဲ့ ကိုယ်စားလှယ်လောင်းရဲ့ ပါတီ သင်္ကေတကို သေသေချာချာကြည့်ပြီးတော့၊ အဲ့ဒီ့ဘေးက သတ်မှတ်ထားတဲ့ အကွက်ဘောင် အတွင်းမှာအမှန်လက္ခ္ခဏာကို ပီပီပြင်ပြင်၊ ထင်ထင်ရှားရှား ခြစ်ရပါမည်။နှစ်ခွမဖြစ်ရပါ၊ နှစ်ခါမခြစ်ရပါ။
လက်မှတ်တို့၊ နာမည်တို့ အစရှိသည်တို့ဘာမှ မရေးရပါ၊၊ မတွန့်ရပါ၊ မကောက်ရပါ၊ ကြက်ခြေခတ်မခြစ်ရပါ။အမှန်ခြစ်ရင်တောင် အဖျားလေးကောက်သွားတာမျိုးတောင် မဖြစ်ရပါ။
အဲ့ဒါမျိုးဆိုပယ်မဲဖြစ်ကုန်လိမ့်မည်။ လက်တုန်၍အမှားအယွင်းခြစ်မိလျှင် နောက်ထပ် မဲလက်မှတ်အသစ်တစ်ခုထပ်ထုတ်နိုင်ပါသည်။ မိမိထည့်မည့်မဲကို ကိုယ်တိုင်ကိုယ်ကျ သွားထည့်ရပါမည်။

ပြည်သူတွေရဲ့ သြဇာအာဏာလွှမ်းမိုးတဲ့ စနစ်ကို ဒီမိုကရေစီစနစ်လို့ခေါ်ပါသည်။

credit; youtube.com

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011