NLD က ထုတ်တဲ့ သီချင်းစာအုပ်လေးပါ

 

ဒါကတော့ စီဒီခွေလေးပေါ့ ... သီချင်းတွေက အခွေနဲ့ပဲ နားထောင်လို့ရပြီး ..ကူးတင်လို့ မရလို့ မတင်ပေးတော့ဘူးနော်

 

ဒါကတော့ စီဒီ ကာဗာလေးပါပဲ .....

ပြန့်ကျဲနေတဲ့ စာရွက်ခေါက်များကြားမှာ .. တစ်စုံတစ်ခုကိုတွေ့လိုက်ရသဖြင့် … ကုတ်ချောင်းကုတ်ချောင်း ခြေသံဖွဖွနင်းရင်း  .. ထို တစ်စုံတစ်ခုနားသို့သွားကာ ကောက်ကိုင်လိုက်မိပါတယ် … ။ ဘာတဲ့ … အခွေတစ်ခွေပါလား … NLD logoလေးမြင်လို့ အနားကပ်သွားကိုင်ကြည့်ရာမှ .. စီဒီဗူးပြာလေးဖြစ်နေတော့တယ် … ။ ရေးထားတာတော့ … လွတ်လပ်မြင့်မား တေးသံများတဲ့လေ … ။ အခွေနောက်ကျောကို လှန်လှောကြည့်တော့မှ … အဆိုတော်တွေ ၊ သရုပ်ဆောင်တွေ ပါဝင်သီဆိုထားပါလားတွေ့မိတော့တယ် … ။နယ်လှည့်မဲဆွယ်ပွဲတွေမှာ ဖျော်ဖြေသီဆိုမယ့်သီချင်းတွေဖြစ်မယ်လို့ ခန့်မှန်းမိပါတယ် … ။  စီဒီဗူးပြာလေးကို  ဖွင့်လိုက်တော့ .. အခွေက တစ်ခွေထဲ တွေ့ပါတယ် …. လွတ်လပ်မြင့်မား တေးသံများ (၁)တဲ့ … (၂)ကတော့  အနီးနားမှာ မတွေ့မိဘူး … ။ တစ်ခွေတွေ့လည်း တစ်ခွေပေါ့ ဆိုပြီး … ရွာထဲမှာ ပြန်တင်ပေးဖို့ … အလစ်သုတ်လာပါတယ် (အိမ်ကပစ္စည်းပေမယ့်ဘယ်သူ့ဟာမှန်း မသိလို့ပါ … )

ရုံးရောက်လို့ သီချင်းတွေ ခဏနားထောင်ပြီး သဘောကျမိတာနဲ့ …ဂေဇက် ပြန်တင်ပေးမယ်လုပ်တော့… ဘယ်လိုမှ တင်လို့မရပါဘူး … ။ အခွေလည်း ကူးလို့မရသလို သီချင်းကိုလည်းကူးလို့မရပါဘူး .. စီဒီနဲ့ဒီအတိုင်းဖွင့်ရုံသာဖွင့်လို့ရပါတယ် … ။သီချင်းတင်ပေးလို့ မရတာမို့ …သီချင်းစာသားလေးတွေပဲ အမြည်းအနေနဲ့ရေးပြပေးလိုက်ပါတယ်နော် …။ အဲ့ဒီအခွေ ၀ယ်လို့တော့မရလောက်ဘူးထင်ပါတယ် …. ။

လွတ်လပ်မြင့်မား တေးသံများ(၁)ဆိုတဲ့ အခွေလေးထဲမှာ သီချင်းဆယ့်ခြောက်ပုဒ်ပါပါတယ် .. .. တစ်ယောက်တည်းအနေဖြင့်လည်းကောင်း ၊ နှစ်ယောက်တွဲ အနေဖြင့်လည်းကောင်း ၊ အစုအဖွဲ့ အနေဖြင့်လည်းကောင်း သီဆိုထားပြီး … သီချင်တိုင်းက နားထောင်ရသူအဖို့ … ကြက်သီးမွှေးညှင်းထရလောက်အောင်ပဲ .. မာန်ပါလွန်းနေပါတယ် … ။ ဒီအခွေလေးကို နားထောင်ပြီး နှစ်သက်သဘောကျမိပါတယ် …. ။ ကူးလို့ကလည်း မရလို့ …ခဏပဲ နားထောင်ရပေမယ့် … သီဆိုရှင်တွေရဲ့ တေးသံတွေကတော့ … နားထဲစွဲနေပါတော့တယ် … ။

နံပါတ်(၁) သီချင်းလေးရဲ့ ခေါင်းစဉ်ကတော့ …. နင်္ဂါးနီတဲ့ … အဆိုတော် စိုးစန္ဒာထွန်းသီဆိုထားပါတယ် ။ ကျွန်မတို့ ပါးစပ်ဖျားမှာရော နားဝမှာပါ ကြားဖူးနေကြသီချင်းလေးပါပဲ .. ဘယ်အချိန်နားထောင်ထောင် … အားရှိသလိုစိတ်မျိုးဖြစ်လာစေတဲ့ သီချင်းလေးပါပဲ … ပြန်လည်မှန်ရစေဖို့ သီချင်းအစပိုက်လေးနဲ့ ..စာသားအချို့ကို ပြန်ရေးပြလိုက်ပါတယ် … ။ အဆိုတော် စိုးစန္ဒာထွန်းရဲ့ အေးအေးစူးစူး အသံလေးနဲ့လည်း အရမ်းလိုက်ဖက်တာတွေ့ရပါတယ် …. ။ တေးရေး ရွှေတိုင်ညွှန့်ပါ …

သီချင်းအမည် နဂါးနီ
တေးဆို စိုးစန္ဒာထွန်း
Harmony ညီညီသွင် ၊ ရွှေဂျော်ဂျော် ၊ မိချော ၊ မလူဒီး
Brand စန္ဒယား တင်ဝင်းလှိုင်+ Metal Zoner ခြောက်လုံးပတ်နှင့် နောက်တုတ် ဗျောက်ကိုင်-မောင်လှထွဋ်
  Studio-Metal Zone, May , Classic Mixing – ညီညီမောင်(Classic), Mestering – မြင့်ဇော်

 

ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည် ….. ရတနာခုနှစ်သွယ်တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည် … မွဲတဲ့သူလှူဒါန်းနိုင်မည် ၊ ကျောင်းဆောက်ကာ ဘုရားပါတည် …. ဘိုးဘိုးအောင်နဲ့ အရှင်အဇ္ဈဂေါနတို့ မတဲ့ကိန်းဆိုက်မည် ….

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည် ….. ။

နံပါတ်(၂) သီချင်းလေးကတော့ … အောင်ဆန်းစိတ်ဓါတ်ဆိုတဲ့ သီချင်းလေးပါပဲ … သီဆိုသူများကတော့ ရင်ဂို ၊ ကိုထွဋ် ၊ အောင်ခန့်နဲ့ အောင်မျိုးဟိန်းတို့ဖြစ်ကြပြီး အမျိုးသားလေးယောက် မြိုင်မြိင်ဆိုင်ဆိုင် အပေးယူမျှမျှနဲ့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါပဲ …တေးရေး အောင်မျိုးဟိန်းနဲ့ မင်းဆုမွန်တို့က ရေးစပ်ထားတာပါ …. လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်ကို အတုယူသင့်တဲ့အကြောင်းလေးကို … သီကုံးရေးဖွဲ့သွားတာပါ …  ကျွန်မနှစ်သက်မိတဲ့ သီချင်းစာသားလေးကတော့ ….

သီချင်းအမည် အောင်ဆန်းစိတ်ဓါတ်
တေးဆို ရင်ဂို ၊ ကိုထွဋ် ၊ အောင်ခန့် ၊ အောင်မျိုးဟိန်း
တေးရေး အောင်မျိုးဟိန်း ၊ မင်းဆုမွန်
Brand Vertical Vibration
  Studio-Metal Zone, Mixing- ထွန်းထွန်းကျော်, Mastering – မြင့်ဇော်

 

မြင့်မြတ်သော လူထုခေါင်းဆောင် အိုလမ်းပြကြယ် …. သူ့လိုပဲ ကိုယ်ကျိုးစွန့် မယ် … ညီညွတ်ကြမယ် … တိုင်းပြည်နဲ့ လူမျိုးအတွက်ဆို သခင်အောင်ဆန်းလို အရာရာမှာ ဇွဲရှိကြရမယ် … ။

 

နံပါတ်(၃) သီချင်းလေးကတော့ …. အကျင့်ဆိုးဆိုတဲ့ နာမည်တပ်ထားတဲ့ သီချင်းလေးပါပဲ … တေးဆို ဖိုးသောကြာနဲ့ ရေဗက္ကာဝင်တို့ က အချိတ်ဆက်မိမိ … အသံချိုလေးတွေနဲ့မြူးမြူးကြွကြွ သီဆိုသွားကြတာ … နားထောင်လို့ကောင်းလှပါတယ် .. တေးရေးကတော့ ရွှေတိုင်ညွှန့်ပါ … ။ ဒီသီချင်းလေးကို နားထောင်ရင်း … ရှေးခေတ်က ဒေါ်မေရှင်သီဆိုခဲ့တဲ့ သီချင်းလေးကိုတောင်ပြန်သတိရမိပါတယ် .. သီချင်း သံစဉ်အလိုက်ချင်းတူနေတာကြောင့်ပါပဲ … ။ ဒီသီချင်းလေးထဲက ကျွန်မနှစ်သက်တဲ့ စာသားလေးတွေကတော့ ….

အလုပ်လုပ်ရာဝယ် အစကသာရယ် … အဆုံးထိအောင် မကြံချင်တယ် … အားလျော့ကာရယ် .. ပေါ့လျှော့တာရယ် .. အဲ့ဒါအကျင့်ဆိုးတယ် … တစ်ယောက်က ဒီလို တစ်ယောက်ကဟိုလို အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ….် စည်းကမ်းမရိုသေ  ..  နည်းလမ်းအပိုတွေ … ရက်တွေကုန်ခဲ့တယ် …. ။

သီချင်းအမည် အကျင့်ဆိုး
တေးဆို ဖိုးသောကြာ ၊ ရေဗက္ကာဝင်း
Harmony ရွှေဂျော်ဂျော် ၊ မလူဒီး
Brand Metal Zone
  Studio-Metal Zone , Friday ,ခင်စံပယ်ဦး

Classic Mixing- ညီညီမောင် , Mastering – မြင့်ဇော်

 

နံပါတ်(၄) သီချင်းလေးကတော့  အမျိုးသမီးတွေ ရှေ့ထွက် ဆိုတဲ့သီချင်းလေးပါပဲ …  အမျိုးသမီးတေးသံရှင်တွေ အများကြီးစုဆိုထားတာပါ … သူတို့ရဲ့ မတူညီတဲ့ အသံလေးတွေကြားထဲ သီချင်းလေးက ပိုလို့တောင် စိတ်ရှုပ်စရာကောင်းသေးတယ် … ။ ကျွန်မဒီသီချင်းကို ဒီဗွီဘီ ကနေလာတာ ကြားခဲ့ဖူးပေမယ့် .. အသံတွေအများကြီးမို့ … တေးသံရှင်အကုန်လုံးမှန်အောင်မမှန်းနိုင်ခဲ့ပါဘူး … ။ တေးရေးကတော့ သံသာဝင်းဖြစ်ပြီး Rap စာသားရေးသားသူကတော့ Da Zin (YAK) ဖြစ်ပါတယ် … ချောစုခင် ၊ ကဗျာဘွဲ့မှုး ၊ မီးမီးခဲ ၊ သံသာဝင်း ၊ ရှင်ဖုန်း ၊ ခင်ဘုဏ်း၊ ငယ်ငယ်၊ စန္ဒီမြင့်လွင် နဲ့နီနီခင်ဇော်တို့က သီဆိုထားကြတာပါ … ။ ပုခက်လွှဲတဲ့လက်ပိုင်ရှင် အမျိုးသမီးတွေရဲ့ လုပ်နိုင်ရည် ၊ စွမ်းဆောင်နိုင်ရည်တွေကို ချီးကျူး အားပေး ဖော်ကျူး ထားတဲ့ အရေးသားများစွာပါဝင်တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ … နားထောင်ရတာ .. အင်မတန်မှ ကောင်းလှပါတယ် … ။ သံသာဝင်ရဲ့…. အသံ ၊ ကရုဏာသံ သေးသေးစူးစူးလေးနဲ့လည်း .. လူထုရဲ့ ခေါင်းဆောင်ကို ၀န်းရံ တိုင်းပြည်ကိုဝန်ရံ အမျိုးသမီးတွေ အားမာန်ဆိုတဲ့ သီချင်းသံလေးကလည်း ရင်ကို တိုက်ရိုက်ထိမှန်စေပါတယ် … ။ သီချင်းထဲက စာသားတစ်ချို့ကတော့….

အမျိုးသမီးတွေကို အားနွဲ့သူလို့ ထင်ထားရင် ထားခဲ့လိုက် … နောက်ကျတဲ့အတွေးခေါ်တွေကို ၊ အမျိုးသမီးတွေရဲ့ အသွေးသားနဲ့ ကမ္ဘာကြီးကိုလှပအောင် အမြဲ အလှဆင်မယ် … ။

လူထုရဲ့ ခေါင်းဆောင်ကို ၀န်းရံ တိုင်းပြည်ကိုဝန်ရံ အမျိုးသမီးတွေ အားမာန်

သီချင်းအမည် အမျိုးသမီးတွေ ရှေ့ထွက်
တေးဆို ချောစုခင် ၊ ကဗျာဘွဲ့မှုး ၊ မီးမီးခဲ ၊ သံသာဝင်း ၊ ရှင်ဖုန်း ၊ ခင်ဘုဏ်း၊ ငယ်ငယ်၊ စန္ဒီမြင့်လွင် ၊ နီနီခင်ဇော်
တေးရေး သံသာဝင်း     Rap Da Zin (YAK)
Brand ဥက္ကာဦးသာ
  Studio & Mixing- မျိုးမျိုး ၊Mastering- မြင့်ဇော်

 

နံပါတ်(၅) သီချင်းလေးကတော့ … အနာဂတ်ဆီသို့လို့ ခေါင်းစဉ်ပေးထားပြီး Best Friend အဖွဲ့က သီဆိုထားတာပါ … တေးရေးကတော့ မြတ်မင်းပါ ။ အနိမ့်မြင့် ၊ အတက်ဆင်းတွေ ၊ လမ်းခရီးကြမ်းတွေ ၊ လှိုင်းတွေထန်လည်း…. လှပတဲ့ အနာဂတ်ရဖို့ … တက်ညီလက်ညီဖြစ်သင့်တယ်ဆိုတဲ့အကြောင်းလေး .. ရေးပြထားတာပါ … ။ အခက်ခဲတွေကို စိတ်ပျက်အားလျော့နေဖို့ မသင့်ကြောင်း ညွှန်း ဆိုသွားတဲ့ သီချင်းလေးပါပဲ .. ။  သီချင်းထဲက စာသားတစ်ချို့ကတော့ …

နေမင်းနဲ့လွဲရလို့ငိုရင် ကြယ်များနဲ့ ထပ်လွဲရလိမ့်မယ် … အနာဂတ်ဟာ လှပဖို့သာ လိုအပ်တယ် …

သီချင်းအမည် အနာဂတ်ဆီသို့ 
တေးဆို Best Friend
တေးရေး မြတ်မင်း
  Studio & Mixing – မြတ်မင်း  , Mastering – မြင့်ဇော်

 

နံပါတ်(၆) သီချင်းလေးကတော့ အဆိုတော် လင်းလင်းရဲ့ ရော့ဂီတသံစဉ်တွေနဲ့ …. ကြားရမှာပါ ..သီချင်းလေးနာမည်ကတော့ ကျွန်တော်မြန်မာဖြစ်ပြီး သူကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းလေးပါပဲ … ။ ဘုရားပေးတဲ့ အသက်ကို တန်ဖိုးရှိစွာ အသုံးချရင်း မိမိရဲ့လူမျိုးချင်း စည်းရုံးမှု ရှိရမယ်.. လူမှန်လျှင် မိဘမေတ္တာနဲ့ သမိုင်းရဲ့ သစ္စာကို ဘုရားဟောမဟုတ်လည်း သိရမယ်ဆိုတဲ့ အကြောင်း … သီဆိုသွားတဲ့ သူ့သီချင်းလေးကလည်း … တစ်မျိုးနားထောင်ကောင်းနေတယ် … ။ သီချင်းစာသားထဲက တစ်ချို့ကတော့ …

တံခါးဖွင့်လို့ ကျောချင်းကပ်ကာ နှလုံးသွေးချင်း ဆွဲထားစမ်းပါ … အမျိုးမကွဲဘူး လာဘေးနားရပ်ပါ … ကမ္ဘာတုန်အောင် ခေါင်းမော့ပြောမယ်ဟေ့ သခင်မျိုး ကျုပ်ဗမာ …

သီချင်းအမည် ကျွန်တော် မြန်မာ
တေးရေး ၊ တေးဆို လင်းလင်း
Brand Metal Zone
  Studio- Metal Zone , Mixing- ငွေဇာ(verse) ,  Mastering – မြင့်ဇော်

 

နံပါတ်(၇) သီချင်းလေးရဲ့ နာမည်ကတော့ လက်ဆောင် တဲ့ …. ။ အမျိုးသားတေးသံရှင်တွေရော ၊ အမျိုးသမီးတေးသံရှင်တွေပါ စုပြီး သီဆိုကြတဲ့ ဂရုပ်ဆောင်းအမျိုးစားဖြစ်ပါတယ် … တေးရေးကတော့ ညီညီသွင်ပါ … ။ ချစ်ခြင်း မေတ္တာရှိလျှင် လှပတဲ့ ဘ၀များ ၊ ကမ္ဘာမြေတည်တံ့မှုအတူ ပိုင်ဆိုင်နိုင်ကြောင်းဖွဲ့နွဲ့ ရေးသွားတဲ့ သီချင်းလေးပါ .. ။ တစ်ဦးနဲ့တစ်ဦး … မေတ္တာရှိကြလျှင်ပြည်ထောင်စုကြီးက လှပတဲ့ ပန်းချီကား တစ်ချပ်လိုဖြစ်နေမယ်ဆိုတဲ့အကြောင်း .. ဖွဲ့ဆိုထားတဲ့ သီချင်းပါပဲ … သီချင်းထဲက စာသားလေးတွေကတော့ …

လှမ်းလို့ကြည့်လိုက်ပါ … ထူးဆန်းတဲ့ လက်ရာ … ဒီလောကကြီးဆိုတာ ပန်းချီကား .. နေထိုင်သူတွေတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ် .. အဖိုးခကို ချိတ်ဆွဲမထား … ။

သီချင်းအမည် လက်ဆောင်
တေးဆို အဲလက်စ် ၊ ကျော်သီဟ ၊ ညီပု ၊ သျှီ ၊ တင်ဇာမော် ၊ ထိုက်ထိုက်
တေးရေး ညီညီသွင်
Brand The Trees
  Studio- Harmony D Wave  , Mixing- ဖိုးလ ,

Mastering – မြင့်ဇော်

 

(ဆက်ပါဦးမည်) ….

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!