မနှစ်ကသွားဖြစ်ခဲ့တဲ့ခရီးစဉ်လေးပါ သင်္ကြန်တွင်းရုံးပိတ်ရက်လေးရတုန်း

ဘယ်သွားရရင်ကောင်းမလဲစဉ်းစားရင်းနဲ့ ရောက်ခဲ့တာပေါ့

ဟိုးအရင်ကတော့ ကျိုက်ထီးရိုးဘုရားကို ဒီဇင်ဘာလောက်သာသွားဖို့စိတ်ထက်သန်ခဲ့တာ

မနှစ်ကတော့ အပြောင်းအလဲလေးဖြစ်အောင်ဆိုပြီး သွားခဲ့တာ တကယ်ကိုပျော်စရာအတိဖြစ်ခဲ့ပါတယ်

တောင်ပေါ်မှာ မပူလွန်းမအေးလွန်းတဲ့ရာသီဥတုနဲ့ နေလို့ကောင်းပါတယ်

လူလဲအရမ်းပြည့်နေအောင်မရှိတော့ ဟိုတယ်ဘိုကင်လဲ ကြိုတင်စရာမလိုဘဲ အခန်းရခဲ့တာပေါ့

ရန်ကုန်နဲ့မတူတဲ့အချက်တော့ နှစ်ဆန်းတစ်ရက်နေ့မှာ အဓိကရေပက်ကြတယ်

ရေလဲပက်ကြတယ် သနပ်ခါးလဲဝိုင်းလူးပေးကြတယ် တတ်အားသမျှလဲစတုဒီသာကျွေးကြတယ်

မနက်ခင်းဆိုမြူတွေဆိုင်းတာ အဝေးကိုတောင်ပီပီပြင်ပြင်မမြင်ရသလောက်ဘဲ

အင်မတန်လှတဲ့ နံနက်ခင်းတွေပေါ့

မနှစ်ကသွားခဲ့တုန်းက ပို့စ်ပြန်တင်မယ့်စိတ်ကူးလဲမရှိတော့ ဓါတ်ပုံရိုက်ရင်

ကိုယ့်ပုံကိုဘဲအသားပေးရိုက်ခဲ့တာနဲ့ သဘာဝကျကျလှတဲ့ပုံတွေသိပ်မပါခဲ့ဘူး :)

အခုလဲသင်္ကြန်နားနီးလာတော့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို သတိတရရှိလာတာရော

အခုထိဘယ်ကိုခရီးသွားလို့သွားရမှန်းမသိသေးသူတွေအတွက် အိုင်ဒီယာပေးချင်တာရောကြောင့်

ပထမဆုံးအကြိမ် ပို့စ်တင်ဖြစ်တာပါ ဘယ်သူလာလာမက်မှာဘဲ

ကျိုက်ထိုဟိုတယ်မိသားစုက မုန့်လုံးရေပေါ်ကျွေးနေတာလေ (အရှက်မရှိ ၂ပန်းကန်တောင်စားခဲ့တာ ဟီး)

ဒီပုံလေးကတော့သဘောကျလို့တင်လိုက်တာပါ

သင်္ကြန်သီချင်းဖွင့်ပြီး အပီအပြင်ရှိတ်နေကြတဲ့ လူငယ်တွေ

ဒီမြင်ကွင်းလေးကြည့်မိတော့ဓါတ်ပုံရိုက်ဖို့မေ့နေတာ သတိရလို့ရိုက်တော့ဒါလေးဘဲမှီလိုက်တယ်

နှစ်ဆန်းတစ်ရက်နေ့ဘုန်းကြီးတွေပရိတ်ရွတ်နေတဲ့မြင်ကွင်းလေးပါ

မြူတွေကြားကသူတို့ဘဝ

ကိုရင်လေး၂ပါးကိုအလှူငွေထည့်ပြီးမော်ဒယ်လုပ်လာတာ

နှစ်ဆန်းတစ်ရက်နေ့မှာ မဏ္ဍပ်ထိုး လာသမျှလူအကုန် မုန့်လုံးရေပေါ်ကျွေးနေတဲ့ ဆေးဆရာကြီး

မုဆိုးတောင်ပေါ်ကမြင်ရတဲ့ညရှုခင်း

မှတ်မှတ်ရရ မီးခဏပြတ်သွားချိန်လေး ပြည့်ပြည့်ဝဝလမင်းကြီးနဲ့ဘုရားကိုမှတ်တမ်းတင်ခဲ့တာလေးပါ

ကျိုက်ထီးရိုးဘုရားသီးသန့်ပုံတွေကတော့ ရိုက်လာခဲ့ပေမယ့် ရွာထဲမှာလဲ တော်တော်များများတင်ခဲ့ဖူးတယ်ဆိုတော့

သင်္ကြန်အမှတ်တရတွေဘဲ ရွေးတင်လိုက်ပါတယ်. တကယ်ဆို ဒီလက်ရာတွေက ကျမရိုက်ခဲ့တာမဟုတ်ပါဘူး :)

အိမ်ကြီးရှင် ရိုက်ထားတာတွေကို ပြန်ရှယ်တာပါ ပရော်ဖက်ရှင်နယ်တစ်ယောက်မဟုတ်လို့ ပုံတွေက ပညာသားမပါပေမယ့်

ပထမဆုံးအကြိမ်တင်တဲ့ပို့စ်အနေနဲ့ရော သင်္ကြန် အမှတ်တရလေးအတွက်ပါတင်လိုက်ပါတယ်

About စံု စံု

စံု စံု has written 1 post in this Website..