နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့တာ ၆လပြည့်မြောက်တဲ့နေ့အနေနဲ့
ဧရာဝတီမြစ်ဆုံကိုကာကွယ်ကြသူများ တွေ့ဆုံပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်နားမှာရှိတဲ့ တော်ဝင်နှင်းဆီခြံကသီရိခန်းမမှာ
ကနေ့ မတ်လ (၃၀)ရက်နေ့. မနက် ရှစ်နာရီခွဲကနေ.နေ့လည် တစ်နာရီ ခန့်အထိကျင်းပခဲ့ပါတယ်။အခမ်းအနားကျင်းပရေးကော်မတီအဖြစ်
ထွန်းလွင်ဖောင်ဒေးရှင်းကနေ ဦးစီးပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧရာဝတီအရေးမှာ တက်ကြွလှုပ်ရှားခဲ့ကြသူအတော်များများတက်ရောက်ခဲ့ပါတယ်..
သစ်တောပညာရှင် ဦးအုန်း၊ မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာမ ဂျူး ၊ ဒေါ်ဒေ၀ီသန့်စင်၊
ဗကပကျောင်းသားသမ္မဂအတွင်းရေးမှူး မင်းသွေးသစ်၊ ၈၈မျိုးဆက်ကျောင်းသားများ အပါအ၀င်
ဧရာဝတီမြစ်ဆုံအရေးမှာ တက်ကြွလှုပ်ရှားသူများလည်းတက်ရောက်ခဲ့ကြပါတယ်..
အဆိုပါ ပွဲမှာ အဓိက ထားပြီးပြောသွားတာကတော့. မြစ်ဆုံကိစ္စကိုရပ်တန့်ထားမယ်လို့ကတိတွေပေးထားပေမဲ့
မရပ်တန့်ဘဲ ဆက်လုပ်ဆောင်နေကြတဲ့အတွက် အပြီးသတ်ရပ်ဆိုင်းဖို့အထိ ဆက်လက်ကြိုးစားလုပ်ဆောင်ကြဖို့ကို
ဦးတည်ပြောကြားခဲ့တဲ့အပြင် ကချင်ဒေသခံတွေတွေ့ကြုံနေရတဲ့ အခက်အခဲတချို့တ၀က်ဖြစ်တဲ့ တန်ဖဲရွာက လူတွေကိုနေရာဖယ်ခိုင်းပြီး
နည်းမျိုးစုံနဲ့ခေါ်ပြီး ၀န်ခံကတိထိုးခိုင်းတာတွေအပါအ၀င်.သူတို့ပြောတဲ့အတိုင်းမလုပ်ရင်
ပုဒ်မ (၁၈၈) နဲ့ အရေးယူမယ်ဆိုတဲ့အပေါ်မှာလည်း အလေးထားဆွေးနွေးသွားကြပါတယ်..
အားလုံးသောတက်ရောက်လာကြသူများကလည်း မြစ်ဆုံအရေးကို အဆုံးထိရပ်တန့်နိုင်အောင်လုပ်ဆောင်ဖို့
ကိုအားထုတ်လုပ်ဆောင်ကြဖို့ ကိုယ်စီဆန္ဒပြုခဲ့ကြပါတယ်..
ကျန်ာရသလောက်မှတ်မိသလောက်. သတင်းလေးပဲ တင်ပေးလိုက်လို့မပြည့်စုံရင်သည်းခံကြပါလို့..

About amatmin

amatmin has written 27 post in this Website..