သစ်ထူးလွင်သတင်းမှာ ဖတ်ရတဲ့သတင်းအရ ကြိုတင်မဲထည့်သူတဦးကို ရာအိမ်မူးဆိုသူက ကြံ့ဖွတ်ပါတီကို အတင်းမဲထည့်ခိုင်းတာ အန်အယ်လ်ဒီကို လာတိုင်လို့ မြို့နယ်ကော်မရှင်မှာ တိုင်ထားကြောင်း ဖတ်ရတယ်။ အစိုးရကို ဝေဖန်ရင်တော့ နိုင်ငံတော်သစ္စာဖောက်မှု အကြည်ညိုပျက်စေမှု၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ်မှု စတဲ့ပုဒ်ထီးပုဒ်မမျိုးစုံနဲ့ ချဲ့ကားမတရား ဖမ်းဆီးထောင်ချပြီးတယ်။ ဒင်းတို့ကိုယ်တိုင်ပဲ စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေပါ ပြည်သူတဦးချင်းလွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို ထိပါးနှောက်ယှက်တာကြတော့ သိပ်အရေးမကြီးတဲ့ ကိစ္စလေးပါတဲ့။ ဒီတော့ တခုမေးဂျင်ဒယ်ဗျာ ရွေးဂေါက်ပွဲကော်မရှင်ကို… မင်းတို့ရဲ့ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေဆိုတာ လီးလားကွ…။ :mad:
မူရင်းသတင်း – ဥတ္တရသီရိမဲဆန္ဒနယ်အတွင်းရှိ မောင်းရမ်းကျေး ရွာတွင် ကြိုတင်မဲပေးသူတစ်ဦးကို ရာအိမ်မှူးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)အား မဲပေးရန် အတင်းအဓမလုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။
အသက် ၅၅ နှစ်အရွယ်ရှိ ကြိုတင်မဲပေးသူ ဦးစိုးမြင့်အား အကျပ်ကိုင်ခဲ့သူမှာ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းရွာမှ ရာအိမ်မှူး ဦးမြင့်ခိုင်ဦးဆိုသူဖြစ်ပြီး ၄င်းမှာ ကြိုတင်မဲလိုက်ကောက်သည့်အထဲတွင် ပါဝင်ခဲ့သူဖြစ်သည်ဟု မောင်းရမ်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အောင်နိုင်ရေးလှုပ်ရှားသူ ဦးဌေးဝင်းက YPI သို့ပြောသည်။
“သူ(ဦးစိုးမြင့်)ထည့်ချင်တာက ခွပ်ဒေါင်းတဲ့။ အဲဒါကို ရာအိမ်မှူးက ခြင်္သေ့ကိုပဲ ထည့်ရမယ်ဆိုပြီး အတင်းအကျပ်လုပ်တာလေ။ အဲဒါကို ဦးစိုးမြင့်က မကျေနပ်လို့ ကျနော်တို့ကို လာပြောတာ” ဟု အန်အယ်ဒီ အောင်နိုင်ရေးလှုပ်ရှားသူက ပြောပြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အရေးယူပေးပါရန် ဥတ္တရသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားထားကြောင်းလည်း ဦးဌေးဝင်းကပြောသည်။
ဥတ္တရသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥကဌ ဦးသန်းဇော်ကို YPI က ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ၄င်းတို့အား တိုင်ကြားထားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။
“ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ ထွက်ဆိုချက်ကိုလည်း ကျနော်တို့ မှတ်တမ်းယူထားပါတယ်” ဟု ဦးသန်းဇော်ကပြောသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မည်သို့ အရေးယူဆောင်ရွက်မည်ကို မေးမြန်းရာ “အရေးယူမှာပါ…ဒါပေမဲ့ ဒီကိစ္စဟာ သိပ်တော့ ကြီးကြီးမားမား မဟုတ်ပါဘူး” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
http://www.thithtoolwin.com/2012/03/blog-post_5956.html

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး