သူမသိကိုယ်မသိ အပြန်အလှန်စနက်ရှော့များ

1 ရွာသားငါးယောက်စလုံးကို ပါအောင် ဆော်ထဲ့သွားတဲ့ ငါးယောက်မြောက် ကင်မရာမင်း
2 ဒီပုံကတော့ ရွာသားသုံးယောက်ပါတယ် တစ်ယောက်ပျောက်နေတယ် ငါးယောက်မြောက်ကင်မရာမင်းက ပုန်းနေပါတယ်
3 ဒါကတော့ မြစ်ကြီးကိုကျောပေးပြီး သူများကို စနက်ရှော့နေတုန်းနောက်တစ်ယောက်က ဝင်ထုသွားတာခံလိုက်ရသူပေါ့။
4 ဒီပုံလေးကတော့ ဒုဋ္ဌဝတီမြစ်နံဘေးက စေတီလေးကိုရိုက်ချင်လို့ ခြံစည်းရိုးကိုကျော်ခွဝင်သွားလို့ဆော်ထားတာလေ။
5 မမောနိုင်မပန်းနိုင် အိတ်ကိုလွယ် ရေတံခွန်သွားကြမယ် ဘယ်သူ့လက်ချက်ပါလိမ့်
6 ပေါင်လည်လောက်ရှိတဲ့ရေထဲကိုရောက်နေတာ ဘယ်သူများပါလိမ့်
7 တကည်းထဲတော် နေပူကြီးတဲ သူများကို အားရပါးကြီးရိုက်နှက်နေတာ အမြင်ကပ်စရာကြီး
8 ကျောက်တုံးပေါ်တက် လက်မြောက် ဘာကိုများဒီလောက်သဲကြီးမဲကြီးဖြစ်နေပါလိ်မ့်
9 ဘာကိုများ ငုံ့ပြီး အားပါးတရဆော်နေတယ်မသိဘူးနော်
10 ပြုတ်ကျမှာကြောက်လို့ ဝါးလုံးလေးကိုင်ရင် အောက်ကိုချောင်းနေတာလေးက သနားစရာ

 

11 တန်းလေးကို ကိုင်ပြီး ဘာများဒီလောက်ချောင်းနေတယ်မသိဘူးနော် ဧကန္တတော့ ဧကန္တဘဲ
12 ကျောက်ခွက်ကြီးထဲဝင်ပြီး ဘယ်သူ့ကိုချောင်းနေတယ်မသိဘူးနော်
13 ကျွန်ုပ်တို့၏ ငါးယောက်မြောက်ဓါတ်ပုံဆရာမ
14သူများမကြောက်ရဘူး အချင်းချင်းကြောက်နေရတယ် ခေါင်းငုံ့ထားမှ တော်ကာကြမယ်နော်

“သူမသိကိုယ်မသိအပြန်အလှန်စနက်ရှော့များ”

 

ဒီးဒုတ်ဂူအပြန်လမ်း အအေးဆိုင်မှာနားကြတော့ ရိုက်လာတဲ့ပုံတွေဘယ်လိုတင်မယ်ဆိုတာကို

အချင်းချင်းညှိကြပါတယ်။

တကယ်သွားတာက စုစုပေါင်းငါးယောက်။

ကိုသော့၊ဖရဲမ၊အလည်ရောက်လာတဲ့ထွန်းဝင်းလတ်ရယ်

အလုပ်ပိတ်လို့လိုက်လာတဲ့ကျနော့်တူမလေး(လိုင်စင်ဝင်ပြီး မှတ်ပုံတင်ပြီး)ရယ်ဆိုတော့

အားလုံးငါးယောက်ပေါ့။

အားလုံးလက်ထဲမှာလဲကင်မရာကိုယ်စီပါတော့ ဟိုဆော်လိုက်ဒီဆော်လိုက်။

တော်ကြာ သူကလတင် ကိုယ်ကတင်နဲ့ထပ်ကုန်မှာလဲစိုးပါတယ်။

အဲတော့ကိုသော့ကတော့ ခရီးသွားဆောင်းပါတင်မယ်ပြောပါတယ်.။

ဖရဲသီးကလဲ သူရိုက်ထားတာတင်မယ်ပြောပါတယ်။

ကိုလတ်ကြီးကတော့ မတင်ဘူးတဲ့။

ကျနော်တူမကလဲ ရွာသူမဟုတ်။

သူက ဖေစ်ဘုတ်က သူရဲ။

အဲတော့ကျနော်ကနောက်ဆုံးပိတ်ကနေအိတ်နဲ့လွယ်ဘို့ဆုံးဖြတ်လိုက်ပါတယ်။

နောက်အိမ်ပြန်ရောက်တော့ ပုံတွေအကြောင်းပြန်ပြောရင်းနဲ့ရိုက်ထားတဲ့အထဲမှာကိုယ့်အချင်းချင်းပုံတွေ

တကယ့်စနက်ရှော့အစစ်တွေပါနေတာကိုတွေ့ရတော့ ငါးယောက်ပေါင်းပြီး

ရိုက်ထားတာတွေထဲက လူပုံထင်ထင်ရှားရှား မပါတာတွေကို

ပျော်စရာအမှတ်တရအနေနဲ့တင်ပေးလိုက်ပါတယ်။

 

 

ကိုပေါက်တို့ဒီးဒုတ်ခရီးသွားများရဲ့စနက်ရှော့။

(5-4-2012)

 

 

19 comments

  • ဖားသက်ပြင်း

    April 6, 2012 at 8:15 am

    အချင်းချင်းလုပ်ကြံကြတာပဲ…
    ဖယားဖယား….
    ၅ယောက်ကြီးတောင် ရိုက်လည်း ရိုက်နိုင်ပါ့…..
    အက်စ်အယ်လ်အာ နဲ့ ..ကိုသော့ကြီးလားဗျ…
    ကိုသော့ကို လူမမြင်ဖူးသေး…

    စကားမစပ် အဲ့သည့်နားက ဆန်းဆက် မလှဘူးလားဗျ …
    ဆန်းဆက်လေး ကြည့်ဖူးချင်သား…

    ခင်တဲ့

    • Mလုလင်

      April 6, 2012 at 2:25 pm

      ဟုတ်ပါ့ … ဟုတ်ပါ့ …

  • water-melon

    April 6, 2012 at 8:17 am

    ဦလေးကြီးချင့်
    သတိရအောင်လုပ်တဲ့နေရာမှာ နှစ်ယောက်မရှိဘူးနော်
    လွမ်းလိုက်တာ ဂလု ဂလု
    ဟီးဟီး 😀

  • Ma Ei

    April 6, 2012 at 9:24 am

    ကိုပေါက်တို့ အဖွဲ့ရဲ့ တစ်ဦးတည်းသော ဓါတ်ပုံဆရာမလေးကိုလည်း
    ရွာသူစာရင်း ဝင်ပါလို့ပြောပေးနော်…
    သူရိုက်လာတဲ့ ပုံလေးတွေလဲ ကြည့်ရအောင်လေ…
    No 13 ပုံလေးက တံတားဖြူလေးနဲ့ မော်ဒယ်လေးပါလို့ ပိုလှနေတယ်…

  • Rose Minn

    April 6, 2012 at 9:39 am

    အင်း ကြည့်ရတာတော့ခရီးတော်တော်ကြမ်းမယ့်ပုံပဲ လေးလေး။ နေကလည်းပူတော့ ပိုဆိုးသေးနော်။ အပင်ပန်းခံရိုက်ထားတာပဲ။ လေးစားလောက်ပါတယ်။ရွာသားတို့ရယ်။ ဒီးဒုတ်က ကိုယ့်ကိုစွဲဆောင်နေတယ်။ မန်းလေးလာဖို့။ လေးလေးတို့နဲ့တကယ်တွေ့ချင်သေးသပ ဗျာ။

  • Onyx

    April 6, 2012 at 10:18 am

    အပြန်နဲ့ အလှန် ဆော်ထားကြတာ လက်ရည်တူတွေများတယ် ထင်ပါ့။နဲနဲ မှ အလွတ်မပေးကြဘူးနော်

  • marblecommet

    April 6, 2012 at 10:20 am

    ဟမလေး……ဒီလူဒွေနဲ့များ …
    တခရီးတည်း တူတူမသွားရဲပေါင်
    နောက်ကျော ဓါးနဲ့ ထိုးမယ့်
    ဘရုတပ်စ် လို လူဇားမျိုးတွေ
    ကြောက်ပါတယ်အေ…..

  • kyeemite

    April 6, 2012 at 10:38 am

    ကိုပေါက်ရေ..ကျုပ်တော့နဲနဲအကဲခတ်မိတယ်ဗျို့..
    အဲလိုလျှောက်သွားရရင်ပျော်စရာကြီးနော်…

  • Khaing Khaing

    April 6, 2012 at 10:53 am

    ပထမဆုံးပုံက ဦးထုတ်ဆောင်း ငုတ်တုတ် ရူးပေါက်နေတဲ့ လူကိုတိဒယ် တိဒယ် သူတို့ဆီကပြန်တော့ မီးတို့နဲ့တွေ့တယ် ကျန်ပုံတွေကတော့ မျက်နှာကို မမြင်အောင်ရိုက်တဲ့လေးပေါက်ကို ချီးကျူးတယ်နော် …….. ဝဝတုတ်တုတ် ဖိုးဝရုပ်ကြီးကဘူလဲသိဝူးနော် ……. နံပါတ် ၂ ပုံက ကင်မလာမင်းက ပုန်းနေတာဝုတ် ဝူးရယ် အီးအီးပါနေတာဖစ်မယ် …….. ချောင်းဘေးမြောင်းဘေးဆို ပါချင်တယ်လေ …. နံပါတ် ရ က တူကတော့ ဖရဲခြမ်းမကို လှမ်းရိုက်နေတာ ……. တိဘူးအေ ဘူတွေလဲ …….. စိတ်ညစ်တယ် … ဂယ်ပဲ ဂယ်ပဲ ……

  • ဇွဲမာန်အောင်

    April 6, 2012 at 1:17 pm

    အမျိုးအချင်းချင်းက သစ္စာဖောက်တက်တယ်နော်…………..

  • Shwe Tike Soe

    April 6, 2012 at 4:15 pm

    သူများလာတုန်းကကျတော့ အဟင့် နေနှင့်အုံးပေါ့ လေးပေါက်၊ဖရဲသီး၊ကိုစိန်သော့တို.ရယ်… မန်းလေးအိမ်က အဖွားဆီက အမွေခွဲခိုင်းပြီး ကင်မလာ အလန်းကြီးဝယ်ပြီး သူတို.ကိုမခေါ်ပဲ လျှောက်ရိုက်ပစ်အုံးမယ်… ဟွန်.

    ကင်မလာ မချိတာ မျက်နှာငယ်ထာအေ…… အဟင့် အဟင့် အဟင့် 🙁 🙁

  • alinsett

    April 6, 2012 at 8:01 pm

    လက်ဆော့တာ ဆိုပေမယ့်.တော်တော်..ကြည့်ကောင်းပါတယ်ဗျ ။
    သဘာဝ ပတ်ဝန်းကျင်လေးတွေ..

  • ဗိုက်ကလေး

    April 6, 2012 at 8:11 pm

    ဆရာတို ့..
    နေပူထဲဒိုးလိုက် ရေထဲဖြတ်လျှောက်လိုက်နဲ ့ အပူရှပ်နေဦးမယ်ဗျာ
    သတိထားပါဦး

    လာထားတစ်ဆယ်
    😀

  • နေဝန်းနီ

    April 6, 2012 at 8:49 pm

    နံပါတ် 7 ကဖရဲလား ဖရဲသီးခွံကို ပြန်ရိုက်နေတာတွေ့လို့ မေးကြည့်တာ….

  • MaMa

    April 6, 2012 at 9:41 pm

    ကိုပေါက်ရေ-
    သားကောင်ပုံတွေ ကြည့်ပြီး တခါက ကာတွန်းပုံလေးကို သတိရမိသွားတယ်။
    အနီးကပ်ပုံလေးကနေ တဖြေးဖြေး အဝေးကို ဆွဲသွားတာ။

    ကာတွန်းမှာတုန်းကတော့ ကာတွန်းဆရာ ပေးချင်တဲ့ အရသာက…
    ကိုယ်အရမ်းအရေးကြီးတယ်လို့ ထင်နေတဲ့အရာက တကယ့်တကယ်မှာ ဘာမှ မဟုတ်ပါလား ဆိုတာကို ပေးချင်တာလို့ ထင်မိတယ်။

    ကျမလည်း အခုနေ့တိုင်းရောက်နေတဲ့ နေရာလေးကို အနီးကပ် ရိုက်လိုက်ရင် တောအုပ်လေးထဲ ရောက်နေသလိုပဲ။

    နောက်တဆင့် အဝေးက ရိုက်ရင်တော့ ပျိုးပင်တွေ ရောင်းဖို့ စိုက်ထားတာကို တွေ့ရမယ်။

    နောက်တဆင့်က ရိုက်ရင် အဆောက်အဦးတစ်ခုရဲ့ နောက်ဖေးမှာ စိုက်ထားတာ ဖြစ်နေတယ်။

    နောက်တဆင့်က ရိုက်ရင် မြို့ပြ မြင်ကွင်း ဖြစ်သွားတယ်။

    အဲဒီလို ရိုက်လို့ရတဲ့ နေရာမျိုး တွေ့ရင် ရိုက်ကြည့်ပါလား။

    ကိုယ်တိုင် မလုပ်နိုင်လို့ အိုင်ဒီယာ ပေးကြည့်တာ။ 🙂

  • မမရေ တော်ကြာဟိုတစ်ခါလို လှပတဲ့ရူ့ခင်းအောက်က အမိူက်ပုံထွက်လာသလိုဖြစ်နေအုံးမယ်။
    မမပြောသလိုစမ်းကြည့်ပါအုံးမယ်။
    ကျနော်ကတော့ ကွက်ပြီးတင်တာ များတယ် ။
    လှတာလေးတွေကိုပေါ့။

  • ပေစိ

    April 8, 2012 at 4:49 pm

    ဒီးဒုတ်ဂူလမ်းကိုဘယ်လိုသွားတာလဲ သိချင်လို့ပါ သုံးရာသီနဲ့တူတူပဲလား ကျေးဇူးပြု၍သိပါရစေ

  • သုံးဆင့်ရေတံခွန်နဲ့မတူပါ။
    (15-4-2012)နေ့သွားမည်လို့ ချိန်းထားပါသည်။
    လိုက်လိုပါက ပေါက်ပေပုအသင်းသို့ဆက်သွယ်ပါ။
    ပြင်ဦးလွင် ကိုသွားတဲ့လမ်း 16မိုင် တိုးဂိတ်အလွန်ရဲရွာသွားတဲ့လမ်း(အေသုံးလုံးဘိလပ်မြေဝင်း)အတိုင်းဝင်။.
    လမ်းနှစ်ခွရောက်ရင်ကွန်ကရစ်လမ်းရှိတဲ့ဘက်က်ိုလိုက်။
    13မိုင်လောက် တစ်ဖြောင့်ထဲသွား။
    ချောင်းကူးတံတားအကြီးကြိးနားမှာဆိုင်လေးတစ်ဆိုင် တွေ့ရင် ဒီးဒုတ်ဂူအဝင်လမ်းရောက်၏။
    http://myanmargazette.net/112107/travel/local-guides#comments
    ဒီလင့်ကိုဖွင့်ဖတ်လိုက် ဒါဆို ဒီးဒုတ်ဂူရောက်ပြိ။
    အောင်မယ်လေး…………..မောထှာ……………

Leave a Reply