သူရဲကောင်းတို့ စံမြန်းရာ
မြောက်ပိုင်းအင်္ဂလန် ၊ယော့ခ်မြို့ အနီးတစ်နေရာမှာ ဦးခေါင်းမဲ့နေတဲ့ ၊ တိရစ္ဆာန်တွေရဲ့ကိုက်ဖြတ် ကုတ်ချစ်ခံထားရပာန်တူတဲ့
ရုပ်ကြွင်းပေါင်း ၈၀ လောက်ကို တူးဖော်တွေ့ ရှိပြီးတဲ့နောက်မှာ သမိုင်းသုတေသီတွေက သူတို့ ပာာ ကမ္ဘာအကြီးဆုံး
သူရဲကောင်းတွေ ရဲ့  နောက်ဆုံးစံမြန်းရာ သချိုင်းကို တူးဖော်တွေ့ ရှိပြီဆိုတာကို လက်ခံလိုက်ပါတော့တယ်။
အခုလောလောဆယ် လက်ရှိတူးဖော်ပြီးသားအခြေအနေအရတော့ ကျွန်တော်တို့ တွေ့ နေရတဲ့အရိုးစုတွေပာာ ရောမလူမျိုး
သူရဲကောင်းတွေဖြစ်ပာန်ရှိတယ်လို့  ဒီတူးဖော်မှုကိုဦးဆောင်တဲ့ ယောခ်သမိုင်းသုတေသီ Kurt Hunter-Mann ကဆိုပါတယ်။
ဒီရုပ်ကြွင်းတွေကိုစစ်ဆေးမှုကို University of Central Lancashire မှ  Michael Wysocki က ကမ္ဘာမှာ အကြီးကျယ်ဆုံးတူးဖော်တွေ့ ရှိမှုလို့ ပြောဆိုလိုက်ပါတယ် ။
ကျွန်တော်တို့ တူးခဲ့ဖူးသမျှ မှာတော့ ဒီလောက်များပြားတဲ့ သူရဲကောင်းတွေကို မြုပ်နှံထားတဲ့နေရာ မတွေ့ ဖူးသေးဘူးလို့ သူက ဆိုပါတယ်။
2003 ခုနှစ်တုန်းကလည်း ဒီမြို့ အနောက်ဘက်မှာပဲ အိမ်ယာစီမံကိန်း တစ်ခုအတွက်တူးဖော်မှုတွေပြုလုပ်စဉ်ကတည်းက ရုပ်ကြွင်းအချို့ တူးဖော်တွေ့ ရှိခဲ့ဖူးပါတယ်။
နောက်ပိုင်း ဒီ သချိုင်းနေရာအနီးတစ်ဝိုက်မှာတူးဖော်တွေ့ ရှိမှူတွေ ပာာ သုတေသီတွေကို သို့ လော သို့ လော အတွေးတွေ ရှုပ်ထွေးစေခဲ့ပါတယ်။
တွေ့ ရှိချက်တွေအရတော့ ဒီ သချိုင်းပာာ နှစ်ပေါင်း ၂၀၀ ကျော် အသုံးပြု ခဲ့တယ်လို့  ၁ရာစု က နေ ၄ ရာစုလောက်အထိ မှတ်တမ်းတင်ထားခဲ့တဲ့ရုပ်အလောင်းတွေကိုတွေ့ ရှိမှုကလည်း
သုတေသီတွေကို အတွေးပွားစေခဲ့ပါသေးတယ်။
နောက်ပိုင်းမှာ ခနာကိုယ်ပေါ်မှာ တွေ့ ရှိ၇တဲ့ အကိုက်ခံရတဲ့အမှတ်အသားတွေ ၊ အနာရွတ်တွေ ဒဏ်ရာဒဏ်ချက်တွေကိုကြည့်ပြီးတော့
ထင်ရှားတဲ့သက်သေတစ်ခုကတော့ ကြီးမားတဲ့အသားစားသတ္တ၀ါကြီးတစ်ကောင်ရဲ့  အကိုက်ခံရတဲ့ပုံစံမျိုးတွေပါပဲ ။ ခြင်္သေ့ကြီး ၊ ကျား ၊ ဒါမှမပာုတ် ဧရာမ၀က်ဝံကြီးတွေဖြစ်နိုင်တာပေါ့ဗျာ
လို့  Kurt Hunter-Mann ဆိုပါတယ်။
ဒီအချက်ကို ခိုင်မာအောင် သက်သေခံနေတာကတော့ အချို့ သော ရုပ်ကြွင်းတွေပာာ ကျန်းမာကြံ့ခိုင်တဲ့  လူငယ်လူရွယ်တွေရဲ့  တည်ဆောက်ပုံရှိနေတာပါပဲ။
အထူးသဖြင့် သူတို့ ရဲ့ ညာဘက် လက်မောင်းတွေ ပာာ သိပ်ကို သန်မာလွန်းပုံရနေတာပါပဲ။
သမိုင်းအထောက်အထားများအရေ၇ာမလူမျိုးတွေပာာ သူတို့ ရဲ့  ကျွန်တွေ ကို ဂလက်ဒီယေတာ သူ၇ဲကောင်းတွေဖြစ်အောင် ငယ်စဉ်ကတည်းက
လေ့ကျင့်ပေးခဲ့တဲ့ အလေ့အထရှိတယ်လို့ လည်း ဆိုပါတယ်။
http://news.yahoo.com/s/nm/20100607/od_nm/us_gladiators_graveyard;_ylt=Au2PMMTXtgiBU3w_BODpQ37tiBIF;_ylu=X3oDMTJ0cGF0MWNhBGFzc2V0A25tLzIwMTAwNjA3L3VzX2dsYWRpYXRvcnNfZ3JhdmV5YXJkBHBvcwMxNQRzZWMDeW5fYXJ0aWNsZV9zdW1tYXJ5X2xpc3QEc2xrA2Z1bGxuYnNwc3Rvcg–
About Shwemannmay
Shwe mann may has written 58 post in this Website..
သာမန်သူလိုကိုယ်လို မိန်းမတစ်ယောက်ပါပဲ