ပြည်သူချစ်တဲ့….သူ

အောင်….အောင်မြင်မှုများနဲ့…။

ပြည်သူ့ ဘဝတွေကို ကယ်မဲ့သူ…။

ဆန်း……ဆန်းသစ်တဲ့ အတွေးတွေနဲ့…..။

ပြည်သူတွေရဲ့ ဘဝကို မြှင့်မဲ့သူ…။

စု……….စုစည်း တည်ငြိမ်စိတ်နဲ့….။

ပြည်သူ ရှေ့မှာ အမြဲရှိသူ…။

ကြည်….ကြည်ကြည်ဖြူဖြူ….

အများပြည်သူ ချစ်ရသူ….။

ဘယ်သူတွေဘယ်လို ညစ်ညစ်…..

သူ့ဘဝတွေဘာတွေဖြစ်ဖြစ်…

သူချစ်တဲ့ ပြည်သူ့အရေးကိုမျှော်…

ဓါးတောင် ကိုလည်းကျော်…

မတော်တရော် အတွေးတွေနဲ့ လုပ်ကြံကြလည်း ….

  •          အမှန်တရားက သူ့ဘက်မှာ…
  •          ပြည်သူများက သူ့ဘက်မှာ….
  •          အိုဗားမားက သူ့ဘက်မှာ……
  •          ဘက်ကီမွန်းက သူ့ဘက်မှာ….
  •           တစ်ကမ္ဘာလုံး က သူ့ဘက်မှာ…
  •          သူ ကတော့ ရိုးသားစွာ….
  •          လိပ်ပြာသန့်စွာ ပြောဆိုပါမည်…။
  •        ဘုရားသိသည်…..
  •        တရားသိသည်…..
  •       သံဃာသိသည်…..
  •        မိုးနတ်မင်းကြီး သိသည်…
  •        ယေရှု အရှင် သိသည်……
  •        အလာလ်အရှင်မြတ် သိသည်….
  •       ကမ္ဘာကြီး တစ်ခုလုံးသိသည်……
  •       ငါတို့ အားလုံးလည်း သိသည်…..
  •       မလိုသူ လူတစ်စုလည်း သိသည်…
  •       စစ်မှန်တဲ့ ဦးဆောင်နိုင်မှု့ သူ့မှာရှိသည်   …။

အဲဒါ …ပြည်သူချစ်တဲ့ …ဒေါ်စု(ဒေါ်အောင်ဆန်းစုကြည်)။

 

ဦးဉာဏ်

(မင်္ဂလာဒုံ၊ သဲကုန်းတပ်)

၅.၂.၂၀၁၂

ဒီကဗျာလေးကို မလေးရှားနိုင်ငံရှိ အိုးဝေဂျာနယ် အတွဲ(၂) အမှတ်(၃၀) ပထမ အကြိမ် မတ်လ ၂၀၁၂  မှာဖေါ်ပြပေးထားတဲ့ ကဗျာလေးပါ။

ကဗျာရေးသူဟာ သဲကုန်းတပ်လို့ ဖေါ်ပြပေးထားလို့စိတ်ဝင်စားသွားပါတယ်၊နှစ်သက်သဘောကျ၍ ညီအကိုမောင်နှမများအတွက်မျှဝေလိုက်တာပါ။

ပြည်သူချစ်တဲ့ အမေစု

အစဉ်အမြဲလေးစား ခင်မင်တဲ့…

ဇော်မင်း…

3 comments

  • Khaing Khaing

    April 4, 2012 at 9:59 am

    ဒီကဗျာလေးတင်လို့ စကားမစပ်ပြောလိုက်ဦးမယ် မနေ့က အိမ်မှာ အမေနဲ့စကားများတယ် မေစုကို လွှတ်တော်ထဲအေးအေးဆေးဆေးခေါ်လိုက်ပြီးရော အခုတော့ အမေစုက ပင်ပင်ပန်းပန်းခရီးတွေထွက်လိုက် ရတယ်လို့ပြောတော့ အမေကပြန်ပြောတယ် နင့်မှာ အမေစုလိုစိတ်ဓာတ်မျိုး အပုံ တစ်သိန်းပုံရင် တစ်ပုံတောင်မရှိဘူးတဲ့ သူကခရီးထွက်ရလို့ သူ့ကိုယ်သူပင်ပန်းမှန်းတောင်သိမှာမဟုတ်ဘူးတဲ့ သူဘယ်လောက်တော်သလဲကြည့်စမ်း သူ့အဖေ(ဗိုလ်ချုပ်အောင်ဆန်း) ကိုလူတွေမသိအောင်လုပ်ထားတာ အခုတော့ သူ့ကြောင့်အားလုံးသိလာပြီး ကလေးတောင် ဗိုလ်ချုပ်အောင်ဆန်းဘယ်သူဆိုတာ သိလာတယ်တယ်တဲ့ သူအခုလိုလုပ်တော့ သူ့အပေါ်ပြည်သူလူထုဆန္ဒဘယ်လိုရှိတယ်ဆိုတာ နိုင်ငံတစ်ကာက သိသွားတာပေ့ါ နင့်ဟာ အသုံးမကျတဲ့ငတုံးမလို့ ကျွန်မအပြောခံလိုက်ရတယ် ……. အဲဒီ စကားတွေဟာ အခုချိန်ထိနားထဲစွဲနေမိတယ် အခုတိုက်တိုက်ဆိုင်ဆိုင် ကိုဇော်မင်းကဗျာလေးဖတ်မိတော့ ကိုယ့်အပြစ်ကိုကိုယ်တင်ပြလိုက်တာပါ ……..

  • aye.kk

    April 4, 2012 at 6:20 pm

    ချစ်သောအမေစုအား..
    ဤကဗျာဖြင့်ကန်တော့ပန်းဆင်ပါသည်။
    အမေ့သီလ..
    အမေ့သစ္စာ..
    အမေ့သမာဓိ
    ထက်အောက်သည့်ဝန်းကျင်..
    နတ်များပင်မနေသာသည်..
    ကမ္ဘာတွင်ကျော်ကြား..
    ဩဇာလွှားသည်..
    အမေ့ဂုဏ်ရည်များပေတကား…။။

  • alinsett

    April 4, 2012 at 7:21 pm

    ကဗျာလေးက အတော် ကောင်းပါတယ်
    ကဗျာကို ပြန် ဝေမျှ ပေးလို ့ကျေးဇူးပါပဲ..ဗျာ။

Leave a Reply