ပဲတောင့်အမျိုးမျိုးမှ အချဉ်ဖောက်ရည် ဘက်တီးရီးယား (Lactic Acid Bacteria) ပြုလုပ်ခြင်း

Wai Aung Chan MyoApril 6, 20121min480


  • ပဲတီစိမ်း၊ ဗိုလ်စားပဲ စသော ပဲပင်အမျိုးမျိုး၏ လတ်ဆတ်သော ပဲသီး၊ ပဲလုံးများသာမက အခွံများကိုပါ ခူးဆွတ်၍ စဉ်းနီတုံးတွင် နုပ်နုပ်စင်းပါ။
  • ပြီးလျှင် သကြားညိုကို ပြုလုပ်မည့် ပဲပမာဏ၏ ၃ပုံ၂ပုံခန့် ရောနယ်ပါ။
  • ထို့နောက် ၎င်းတို့ကို စဉ့်အိုးထဲထည့်၍ အိုးထိပ်ဝကို အဝတ်ပါးဖြင့် အုပ်ပါ။
  • ပမာဏအနည်းငယ်သာပြုလုပ်လျှင် စဉ့်အိုးအသေးသုံးနိုင်သည်။
  • ၎င်းတို့ အချဉ်ဖောက်လျှင် အဖတ်များအားအရည်လုံးဝမထွက်သည်အထိ ညှစ်၍ အရည်ကြည်ကိုယူကာ ရေခဲသေတ္တာထဲ ခဲသည်အထိ ထည့်ထားပါ။ ၎င်းသည်လည်း LAB ဘက်တီးရီးယားအချဉ်ဖောက်ရည် တစ်မျိုးဖြစ်သည်။
  • အထက်ပါဆေးနည်းများအတိုင်း အပင်ကို ဖြန်းနိုင်သည်။