မြေဝိုင်းသဘင်

naywoon niApril 14, 20121min1104

အရပ်ကတို့ရေ
ကြည့်လည်းလုပ်ကြပါဦး
နှစ်ယောက်ထဲတောင်မှ
ညီအောင်မကနိုင်ပဲ
တစ်တိုင်းပြည်လုံးယိမ်းတိုက်နေလိုက်ကြပုံကို…..။
တစ်ယောက်ကခြေထိုးတဲ့အချိန်မှာ
တစ်ယောက်က လက်မြှောက်
ဟိုတစ်ယောက်ကခေါင်းငဲ့လိုက်နဲ့
မညီမညာကနေလိုက်ကြပုံများ
ပရိဿတ်မှာတစ်ဝါးဝါး တစ်ဟားဟားနဲ့
ပွဲကျနေကြပေါ့…..။
ထိုစဉ်ခဏ
သိုရင်းဝတ်ရုံဖို့ရို့ဖားရားနဲ့
ချွေးပြန်တဲ့ နွေခေါင်ခေါင်မှာ
ကို့ရို့ကားယား တိုင်းပြည်တည်နေတဲ့ဝန်ကြီးမှာ
သနားစရာ…….။
ပရိဿတ်ကတော့
ဒီပွဲ….ရယ်ရတယ်တဲ့…
ဒီလိုပဲ မှတ်ချက်ချပြီး
အိပ်ရေးပျက်ခံပွဲဆက်ကြည့်နေကြတယ်…။

နေဝန်းနီ

4 comments

  • ကိုရင်မောင်

    April 15, 2012 at 3:26 am

    ဆရာနီကြီးရေ မနက်သုံးနာရီကျော်လောက်
    တရေးနိုးထကြည့်လိုက်မှဖတ်မိလိုက်တဲ့ကဗျာလေး…
    အောင်မလေး အဲ့ဒီလိုမညီတာကိုကတမျိုးကောင်းနေသလို
    သူတို့ညီလွန်းနေယင်လဲတမျိုးကြောက်ရတယ်မို့လား…..

  • htet way

    April 18, 2012 at 9:54 am

    တစ်ယောက်က လက်မြှောက်
    ဟိုတစ်ယောက်ကခေါင်းငဲ့လိုက်နဲ့
    မညီမညာကနေလိုက်ကြပုံများ…….
    ဒီလိုဖြစ်နေတာကို ကျွန်တော်တို့ ထိုင်ကြည့်နေကြတာပဲ
    စည်းချက်ညီဂီတနဲ့ ကခုန်မှုအနုပညာကို တကယ်ကြည့်ချင်နေပါပြီ
    အေးငြိမ်မျှတသော တရားနဲ့ ညီညွတ်ခြင်းအကကို မြင်ချင်ပြီဆရာ

    • နေဝန်းနီ

      April 18, 2012 at 12:11 pm

      ကိုထက်ရေ…. မညီမညာကနေကြတာက ကျုပ်တို့ အားလုံးဗျ….။ ဒါကိုကြည့်ပြီး ပွဲကျနေကြတာက ကမ္ဘာ့နိုင်ငံတွေဗျ…။ အဲဒိတော့ အချင်းချင်းညီအောင် တိုင်ပင် တစ်ခု သတ်မှတ်သင့်တယ်လို့ မထင်ဘူးလား

      • ဗိုက်ကလေး

        April 18, 2012 at 12:19 pm

        ကယ်..ကယ်..
        တိုင်မင်ခေါ်မယ်..

        လယ်ဒီ
        ဝမ်း..တူး..တရီး..
        ဒူးမြှောက်..လက်မြှောက် ခေါင်းလှည့်

        လဂါးနောက်ဒါ..ညီလာမှာပေါ့ကွယ်..ဆန္ဒမစောပါနဲ ့

Leave a Reply