နိုင်ငံ အနှံ ဘောလုံးပွဲ လောင်းကြေးထပ်မှု များ ကြောင့် မြန်မာ ငွေဈေး ကမောက်ကမ ဖြစ်နိုင်

wailynnooJune 12, 20101min630

ဇွန် လ ၁၁ ရက် မှ ဇူလိုင် လ ၁၁ ရက်နေ ့ထိ
တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ကမာ္ဘ ့ဖလားဘောလုံး
ပြိုင်ပွဲ ပွဲစဉ်များ အား ရန်ကုန် မြို ့လူဦးရေ ၏
ထက်ဝက်ကျော်က လောင်ကြေးထပ် ကြည့်ရှု
ကြောင်း ကျပ်ငွေသိန်း ၂၀ဝ (ဈေးကွက် အခေါ် ဘုံး ၂၀၀)
ထိ ကြေးတင် နိုင်သည့် လောင်ကစား ဒိုင်ကြီး တစ်ခု
က FreedomNews Group သို ့ပြောသည်။အဆိုပါ
ဒိုင်၏ တာဝန်ရှိ သူ တစ်ဦးက မနေ ့က မက္ကဆီကို နဲ ့
တောင်အာဖရိက ကျွန်တော့် တစ်ယောက်တည်း
ဆီမှာပဲ လေးထောင် ကျော်တက်တယ်။ ထင်တောင်မထင်ဘူး၊အရင်နှစ်
တွေက ဆိုရင် ပွဲတစ်ဝက် လောက်မှ မာန်တက်ပြီး တင်ကြ တာ အခု ပထမ ဆုံးနေ ့ပဲရှိသေးတယ်။

ယမန်နေ ့က ကျင်းပခဲ့သည့် ပွဲဦးထွက် ပွဲစဉ် တစ်ခုဖြစ်သည့် တောင်အာဖရိက နှင့် မက္ကဆီ ကို ပွဲ စဉ်
တွင် မက္ကဆီကို မှ အထက်ကြေး ဖြစ်သည် ့ သရေဆယ်ပြား အရှုံးပေါက်ရာ မြန်မာ ပရိသတ် က မက္က
ဆီကို ဘက်မှ လောင်းကြေးထပ် ၍ သရေ ကျသည့် အတွက် ဆယ်ပြားရှုံးခဲ့ရသည် ဟု ဆိုသည်။

ရန်ကုန်မြို ့မှ ဘောလုံးလောင်းကစား ပါသည့် နာမည်ကျော် စီးပွားရေး သမားတစ်ဦး မှာ တစ်နေ ့လျှင်
အပျော်လောင်း ကြေး ပင်လျှင် တစ်ပွဲလျှင် သိန်း ငါးထောင် ကျော်လောင်းသည် ဟု ဆိုသည်။ထင်ရှား
သော မြန်မာစီးပွားရေး လုပ်ငန်းရှင် အချို ့မှာ ဘောလုံးလောင်းကစားမှု တွင် သိန်းထောင်ချီ လောင်း
ကြေးထပ်ကြသည်။

ပြီးခဲ့သည့် မေလက ကျင်းပပြီးစီးခဲ့သည့် ဥရောပ တံခွန်စိုက်ဒိုင်း ချံပီယံလိဂ် ဖိုင်နယ် ပွဲစဉ် တွင် လောင်း
ကြေး မြန်မာ တစ်နိုင်ငံလုံး၏ လောင်းကြေး ပမာဏ မှ ကျပ်ငွေ သိန်းဘီလျှံ ၉ဝ ကျော်သည် ဟု သိရသည်။

ယနေ ့ကန်မည့် အသင်းများ ၏ ပေါက်ဈေးမှာ အင်္ဂလန်အသင်းက အမေရိကန် အသင်းကို  ၁ လုံး ၁၀
ပြားရှုံး၊အာဂျင်တီးနား အသင်းက နိုင်ဂျီးယား အသင်းကို တစ်လုံးငါးမူးရှုံးနှင့် ဂရိအသင်း က တောင်
ကိုရီးယား အသင်း ကို လည်ပယ် တစ်မတ် ရှုံး ဖြင့်ကြေးဖွင့်သည် ဟု သိရသည်။

ဒဂုံတက္ကသိုလ် ကျောင်းသား တစ်ဦးက ဘယ်သူ နိုင်နိုင်၊ဘယ်သူ ရှုံးရှုံး၊ ထိုးသား တွေ ကတော့ကော်
မရှင် ကြေးဆယ်ပြား၊ငါးပြား အကွာ နဲ ့ အရှုံးတွေ ချဉ်းပဲ ဒိုင်တွေ နဲ ့ ဒိုင်တွေ က ဆက်ကြေးကောက်
တဲ့ လူတွေ ပဲ နိုင်မှာ ဟု သုံးသပ်သည်။

မြန်မာ နိုင်ငံတွင်း မှ လောင်းကြေးထပ်ငွေများ များပြား လာပါက ဟောင်ကောင် ၊တရုတ် ၊ထိုင်ဝမ်
နှင့် ထိုင်း နိုင်ငံတို ့မှ ဘွတ်ကီဒိုင်များ အား တစ်ဆင့် ထပ်မံ တင်သည် ဟု ရန်ကုန် မြို ့ရှိ လောင်း
ကြေး တာဝန် ခံ တစ်ဦး ကပြောသည်။

ဘောလုံးလောင်ကစား အကြီးအကျယ် ပြုလုပ်လာခြင်းသည် တိုင်းပြည်၏ စီးပွားရေးထိုင်းမှိုင်းမှု
ကြောင့်ဖြစ်ပြီး လောင်းကစား ကျသူများ မှာ စီးပွားရေး နှင့် ဝင်ငွေ နိမ့်ကျခြင်း ကို ထွက်ပေါက်
ရှာသည် သူများ က အများစု ဖြစ်သည် ဟု သိရသည်။

မြန်မာ စီးပွားရေး ဆောင်းပါးရှင် တစ်ဦးက ‘ဘောလုံးပွဲ တအားရှုံးရင် မလွယ်ဘူး၊မြန်မာ ပြည်က
ပိုက်ဆံတွေ နိုင်ငံခြားကို ထွက်မှာ ပြည်ပ နိုင်ငံတွေ ကို ပေးဖို ့ဒေါ်လာ ဝယ်ရမယ်လေ ၊ဒေါ်လာ
ဈေး တအား တက်သွားမယ် ငွေဖောင်းပွ လာ နိုင်တယ်။နိုင်တယ် ဆိုရင်တော့ ကောင်းတာပေါ့
ဟု ပြောသည်။

ဘောလုံးလောင်းကစား ကြသူများမှာ အသက် ၁၅ နှစ် အရွယ်မှ အသက် ၇၅ နှစ် အရွယ်ထိ ပါသည်
ဟု သိရသည်။

Source: freedomnewsgroup.com