ရေကာတာအမှီပြု ရေအားလျှပ်စစ်ဆိုတာ (hydropower)

ရေကာတာအမှီပြု ရေအားလျှပ်စစ်ဆိုတာ

ရေအားလျှပ်စစ် ဆိုသည်မှာ ဖိအားအောက်ရှိရေမှ ထွက်ပေါ်လာသော စွမ်းအင် (ဝါ) တွန်းအား မှ လျှပ်စစ်ထုပ်လုပ်သော နည်းစဉ် တစ်ခု ဖြစ်ပါတယ်။ အဓိက တည်ဆောက်မှု့မှာ ရေကာတာတည်ဆောက်ရန် ဖြစ်ပါသည်။ တောင်ခြား၊ ချိုင့်ဝှမ်းတစ်ခု ထိပ်တွင် တည်ဆောက်ခြင်းက ပိုမိုသင့်တော်ပါတယ်။ ရေကာတာ၏နောက်မှာတော့ ကြီးမားသော နက်သော ရေကန်တစ်ခု ပုံစံတည်ဆောက်ကာ ရေဝင်စေပါတယ်။ ရေကန်ပိုကြီးလေ၊ ပိုနက်လေ လျှပ်စစ်ထုတ်လုပ်ရရှိနိုင်သော ပမာဏ ကြီးမားလာလေ ဖြစ်ပါသည်။ ရေကာတာတစ်ခုအတွက် တည်ဆောက်ရန် နှစ်နှင့်ချီကာ တည်ဆောက်ရန် လိုပြီး နှစ်အတန်ကြာ ရေအားလျှပ်စစ်ထုတ်ယူနိုင်ဖို ကုန်ကျစရိတ်မြင့်မားပါတယ်။ အမေရိကန် နိုင်ငံမှ Hoover Dam ကို ၁၉၉၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရေကာတာ၏ ပုံစံနမူနာဟာ ထူခြားပါတယ်။ ရေကာတာ၏နောက်ဘက် ရေကန်မှာ မြောက်မြားလှစွာသော ရေဂါလံပေါင်းများစွာ သိုမှီးထားပြီး ရေစီးထွက်ရာ လမ်းကြောင်းဦးတည်ရာမှ ဖိအား ထုတ်ပေးသောကြောင့် ရေကာတာအောက်ခြေတွင် တပ်ဆင်ထားသော တာဘိုင်များမှ လျှပ်စစ်ထုတ်ယူပါတယ်။ ရေများမှာ ရေလမ်းကြောင်းတစ်လျှောက် ဂိတ်များကို ဖြတ်သန်းသွားပါတယ်။ ဒီလိုဖြတ်သန်းရာမှာ အလွန်ပြင်းထန်သော အရှိန်ဖြင့် ဖြတ်သန်းသောကြောင်း ရေစီးကြောင်းကို မြန်စေသည့်အပြင် တွန်းအားပါဖြစ်ပေါ်ပါတယ်။ ထိုအလျှင်ဟာ ရေကာအောက်ခြေတွင် တပ်ဆင်ထားသော တာဘိုင်များအား တွန်းတိုက်ခြင်းဖြင့် လျှပ်စစ်ဓါတ်အားများကို ထုတ်ယူရရှိပါတယ်။

 

ရေအားလျှပ်စစ်တည်ဆောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုး နှင့် အပြစ်များ

အကျိုးကျေးဇူးများ

၁။ ရေကတာတစ်ခုတည်ဆောက်ပြီးစီးသည်နှင့်တစ်ပြိုင်တည်း တည်ငြိမ်သော လျှပ်စစ်ဓါတ်အားကို ထုတ်ယူရရှိနိုင်ပါသည်။

၂။ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု့ကို မလိုအပ်တော့ပါက ရေထွက်ဂိတ်များကို ပိတ်ပစ်နိုင်ပါတယ်။ လျှစ်စစ်ဓါတ်အား ထုတ်လုပ်မှု့ လိုအပ်ချက် မြင့်မားလာသည့်အခါတွင်လည်း ရေများအား နောက်တစ်ချိန်သုံးနိုင်ရန် သိုလှောင်ထားနိုင်ပါတယ်။

၃။ ရေကာတာများကို နှစ်ပေါင်းများစွာ ရပ်တည်နိုင်အောင်အတွက် ပုံစံရေးဆွဲပြီး နှစ်အတော်ကြာအထိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု့ကို လုပ်ဆောင်နိုင်ပါတယ်။

၄။ ရေကာတာနောက်မှာရှိသော ရေကန်မှာလည်း ရေနှင့်ပက်သက်သော အားကစားများ၊ အပန်းဖြေမှုများများနှင့် သာယာမှု့များကို ပေးနိုင်ပါတယ်။ ကြီးမားသော ရေကာတာများသို့ ကမာ္ဘလှည့်ခရီးသွားများလည်း လာရောက်လေ့လာနိုင်ပါတယ်။

၅။ ရေကာတာနောက်ဘက်မှာ ရှိသော ရေကန်မှ ဆည်ရေမြောင်းရေ လုပ်ငန်းများအတွက်လည်း အသုံးဝင်နိုင်ပါတယ်။

၆။ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ရေတွေ လွှတ်သည့်အခါတွင်လည်း ကန်တွင်းမှ ရေ၏ဖွဲ့စည်းပုံမှာ စွမ်းအင်ကို လိုအပ်ချက်တိုင်အောင် သိမ်းဆည်းထားနိုင်ပါတယ်။

၇။ ရေကာတာများမှရေအားလျှပ်စစ်ထုတ်ယူသည့်အခါတွင်လည်း ဖန်လုံအိမ်အာနိသင်ကို ထိခိုက်စေမှု့ နှင့် လေထုကို ညစ်ညမ်းမှု့နည်းပါးပါတယ်။

 

ထိခိုက်စေသော အြဝစ်များ

၁။ ရေကာတများအား တည်ဆောက်ရာတွင် တည်ဆောက်မှု့ ကုန်ကျစရိတ် မြင့်မားခြင်း နှင့် အလွန်ကောင်းမွန်သော နည်းပညာအဆင့်အတန်းဖြင့်တည်ဆောက်ရန် အမှန်လိုအပ်ပါတယ်။

၂။ ကုန်ကျစရိတ်မြင့်မားသော ရေကာတာများကြောင့် အကျိုးများစွာရရှိနိုင်ရန် နှစ်ပေါင်းများစွာအတွက် လုပ်ငန်းလည်ပတ်နိုင်ရပါမယ်။

၃။ ရေကာတာနောက်ဘက်တွင် ကြီးမားသော ရေသွင်း ရေကန်မြေဧရိယာကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်ပါတယ်။

၄။ လူများနေထိုင်နေသော ရွာများ နှင့်မြို့များမှာလည်း တောင်ကြားတွင် ရေကြီး ရေလျှံနိုင်သောကြောင့် ရွှေ့ပြောင်းပေးရပါမယ်။ ဒါကြောင့် ထိုဒေသရှိနေထိုင်သူများ၏ လယ်ယာမြေများနှင့် လုပ်ငန်းများ ဆုံးရူံးမှု့ ဖြစ်ပေါ်ပါမယ်။ (တစ်ချို့နိုင်ငံများတွင် နေထိုင်သူများကို အဓမ္မ ပြောင်းရွှေ့ခိုင်းပြီး ရေအားလျှပ်စစ်ရေကာတာများကို ဆက်လက်တည်ဆောက် ကြပါတယ်။)

၅။ ကြီးမားသော ရေကာတာများကို တည်ဆောက်ခြင်းသည် မြေသားတည်ဆောက်မှု ထိခိုက်ပျက်စီးမှု့ အများဆုံးဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံမှ Hoover Dam တည်ဆောက်ခြင်းဟာ မြေငလျှင်ဖြစ်ပေါ်မှု့တစ်ခု တိုင်းတာရရှိခဲ့သည့်အပြင် ထိုနေရာရှိ မြေသားဖိသိပ်မှု့များ ဖြစ်ပေါ်စေခဲ့ပါတယ်။

၆။ ရေကာတာ တသည်ဆောက်မှု့ပုံနှင့် အစီအစဉ်များမှာ နောက်ဆုံးပေါ်နည်းပညာများဖြစ်သည့် တိုင်အောင်လည်း အတိတ်မှ ရေကာတာဟောင်းများမှ ရေကာတာ ပေါက်ပြဲ ပျက်စီမှု့မှာ ရေကာတာ၏နောက်ဘက်မှ ရေကန်တွင်း ရေ၏အလေးချိန်အောက်တွင်တည်ဆောက်ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ ထိုသို့ ရေကာတာ ယိုယွင်းပျက်စီးပါက လူအများသေကြေခြင်း နှင့် ရေကြီးမှု့တို့ ဖြစ်ပေါ်လေ့ရှိပါတယ်။

၇။ ရေကာတာများမှာ တိုင်းပြည်တစ်ခုမှ တားဆီးတည်ဆောက်ခြင်းကြောင့် ထိုရေကာတာ၏အောက်ဖက်တွင် ရှိသော တိုင်းပြည်များ၏ မြစ်ကြောင်းတစ်ခု အတွင်း ရေရရှိမှု ၊ရေစီးဆင်းမှု့ကို ထိန်းချုပ်ရာရောက်သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကြီးမားသော ပြသာနာများကို ဦးတည်လေ့ရှိပါတယ်။

၈။ ရေကာတာကြီးများ တည်ဆောက်ခြင်းဟာ ရေ၏ သဘာဝပျော်ဝင်သတိများကို ထိခိုက်စေပါတယ်။ ဥပမာအားဖြင့် အီဂျစ်နိုင်ငံ၏ Aswan Dam ကြီး တည်ဆောက်ခြင်းကြောင့် ရေ၏သဘာဝပျော်ဝင်သတိများ ထိခိုက်သွားခဲ့ပါတယ်။ ထိုအကြောင်းအရာမှာ ပျက်စီးစေတတ်သော ဆား နှင့် သတ္တုဆားဓါတ်ငွေ့များ ပျော်ဝင်နေသော ရေသည် ကျောက်တုံးကြီးများကို ထိခိုက်စေခဲ့သောကြောင့် အီဂျစ်နိုင်ငံ၏ ရှေးဟောင်း ကျေက်စာတိုင်များ၏ အတော်များများနေရာများကို ထိခိုက်စေမှု့အား ဖြည်းဖြည်းခြင်း ဦးတည်ဖြစ်ပေါ်စေခဲ့ပါတယ်။

မှတ်ချက်။ ။ အဆိုးဝါးဆုံးမှာ ရေစီးကြောင်းအား မူလထက် ပိုမိုနှေးကွေးသွားခြင်းကြောင့် ကမ်းဘားများ ပြိုကျခြင်း၊ ရေကာတာ၏အနောက်ဘက် ရေကန်တွင်းတွင် မြစ်တွင်းငါးများ ထက်အောက် စုန်ဆန် သွားလာခြင်း မရှိတော့ခြင်း (ရေနေငါးများ၏ သဘောသဘာဝမှာ ရာသီဥတုအပြောင်းအလဲပေါ်မူတည်ကာ ပြောင်းရွှေ့နေထိုင်တတ်ခြင်း အလေ့အထကို ဆိုလိုမည်ထင်ပါသည်) ဖြစ်ပေါ်စေသည့်အပြင် ကန်တွင်း အနည်ကျမှု့များကြောင့် ရေနေသတ္တဝါများအတွက် ထိခိုက်စေနိုင်သော ဂစ်ပမာဏ မြင့်မားလာမှု့ကြောင့် ရေကာတာအောက်ပိုင်းသို့လည်း ညစ်ညမ်းမှု့ ဖြစ်ပေါ်လာစေပါတယ်။ ကန်ရေပြင် ဧရိယာ အကျယ်အဝန်းယူရသဖြင့် သဘာဝပတ်ဝန်ကျင်များ၊ သံယံဇာတများ ထိခိုက်ပျက်စီးစေခြင်း၊ ကန်ဖြစ်ပေါ်မည့် ရေဝေဧရိယာအတွင်းနေထိုင်သော ပြည်သူများကို ရွှေ့ပြောင်းနေရာချထားပေးရခြင်းကြောင့် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်း အစရှိ့သည့် ရိုးရာလုပ်ငန်းများ ထိခိုက်စေခြင်းများ ဖြစ်ပေါ်လာပါတယ်။ ထို့ကြောင့် နည်းပညာအချို့မှာ တစ်ခုရယူလျှင် တစ်ခုပေးဆပ်ရမည်ဖြစ်သောကြောင့် မြစ်ကြောင်းတစ်ခုတွင် ရေကာတာများ အများအပြားတည်ဆောက်ခြင်းကို ကန့်ကွက်ကြခြင်းဖြစ်ပါမည်။ မြစ်ရေကြီးခြင်း (မိုးများစွာ ရွာသွန်းပါက ရေကာတာ၏ ခံနိုင်ရေအားလျှော့နည်းကာ ရေကာတာပျက်စီးမှု့အား ကာကွယ်ရန် ရေများ ဖောက်ထုတ်ပေးရခြင်းကို ဆိုလိုမည်ထင်ပါတယ်) ငလျှင်ဖြစ်ပေါ်စေခြင်း ( မြေသားများကို ပြုပြင်ရသဖြင့် မြေသားပြောင်းလဲမှု့ ဖြစ်ခြင်းကို ဆိုလိုမည်ထင်တယ်) ဖြစ်ပေါ်ခြင်းအပြင် ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် တည်ဆောက်သော သရီးဂျော့်ရှ်ရေကာတာကြောင့် လူပေါင်း ၁.၂၄သန်းခန့် ဘုံပျောက်သွားခဲ့ဖူးပါတယ်။

 

မှတ်ချက်။  ။ ကျွန်တော့်အတွေးမှာ ဘာကြောင့် ရေကာတာအမှီပြု ရေအားလျှပ်စစ် စီမံကိန်းတွေကို လူတွေ ခါးခါးသီးသီး ညင်းနေကြလည်း မထောက်ခံကြလည်း အရမ်းသိချင်လာမိပါတယ်.. ဒါနဲ့ ဆိုက်ဒ်အချို့ကို ဖတ်ကြည့်ပြီး ကိုယ့်လိုဘဲ သိချင်တဲ့ ညီငယ်၊ ညီမငယ်များလည်း ရှိမယ်၊ သိပြီးလည်း မှတ်တမ်းလေး တစ်ခုအဖြစ် မြန်မာလို အကြိမ်ကြိမ် ပြန်ဖတ်နိုင်အောင် ဘာသာပြန်တင်ပေးလိုက်ပါတယ်… အမှားပါရင် ခွင့်လွှတ်ပါဗျာ…

 

23 comments

  • water-melon

    April 19, 2012 at 7:51 am

    အားပေးပါတယ်ဗျို့
    ဒါနဲ့ ချောင်းအမှီပြု ရေအားလျှပ်စစ်အကြောင်းလေး ပြောပြပါအုန်းနော်
    လျှပ်စစ်နဲ့ပက်သက်တဲ့ဟာ မှန်သမျှပြောပြပါဗျို့

  • ဗိုက်ကလေး

    April 19, 2012 at 12:39 pm

    ဟုတ်တယ်ဗျ..
    အကြမ်းဖျင်းသာ သိထားတာ
    ခုလို အသေးစိတ် မသိကြောင်း ဝန်ခံပြီးသကာလ မှတ်သင့်သလောက် မှတ်သွားပါကြောင်းပါခင်ဗျား
    လက်မလေးထောင်သွားပါတယ်

  • sugar sugar

    April 19, 2012 at 12:48 pm

    ကျေးဇူးတင်ပါတယ် ခင်ဗျာ ၊အခုလို တင်ပြပေးတဲ့အတွက်ပါ ၊ဖတ်မှတ်လေ့လာသွားပါကြောင်း

  • kai

    April 19, 2012 at 4:13 pm

    ရေအားလျှပ်စစ်က.. ကမ္ဘာမှာ.. အသုံးအများဆုံးတခုပဲ..။ အန္တရယ်လည်း အနည်းဆုံး…
    ကမ္ဘာမြစ်ကြီးတွေအကုန်လိုလိုလည်း..ရေသွားရေလာကို.. ဆည်ကြီးတွေနဲ့…ထိမ်းချုပ်ပြီး… ရေအားလျှပ်စစ်တွေထုတ်နေကြတာပါ…

    ဆိုတော့..
    မြစ်ဆုံကိစ္စဘာလို့ တတိုင်းပြည်လုံး လှုပ်လှုပ်ရှားရှားဖြစ်ကြသလည်းဆိုရင်…
    ၁) ချိုင်းနားကလုပ်လို့..
    ၂) အမေရိကားက မြန်မာပြည်ကို ဝင်လာဖို့ရာ… စိတ်ဝင်စားလာလို့..။
    ၃) ကေအိုင်အေ-ချိုင်းနား- မြန်မာစစ်တပ်ကြား.. သုံးပွင့်ဆိုင်အပေးအယူ ဟန်ချက်ပျက်သွားလို့..

    အဲလိုပြောချင်တယ်..
    ကျန်တာကတော့…ဦးဆောင် ဆွေးနွေးတဲ့သူရှိရင်.. ဆွေးနွေးရင်း.. ပြောမယ်..။ :mrgreen:

    • Foreign Resident

      April 19, 2012 at 6:58 pm

      ” ကျန်တာကတော့…ဦးဆောင် ဆွေးနွေးတဲ့သူရှိရင်.. ဆွေးနွေးရင်း.. ပြောမယ် ”

      သူကြီးကတော့ လုပ်ပြီ ။ ဦးဆောင် ဆွေးနွေး လိုက်ရမလား ။
      ဒီတစ်ခါ ဆိုရင်တော့ သူကြီးကိုပဲ ဝိုင်းဆဲကြတော့ ။

      အခုလေးတင် New York Time ကဆောင်းပါး ဖတ်ပြီး စဉ်းစားခန်း ဝင်နေတာ ။

      Landslide Risk at Reservoir Cited in China
      —http://www.nytimes.com/2012/04/19/world/asia/landslide-peril-near-chinese-reservoir-grows-official-says.html?_r=2—

      ကမာ္ဘကျော် တရုတ်ပြည်က Three Gorges Dam reservoir ပေါ့ ။
      အင်း အန္တရာယ်ရှိလာလို့ လူ ၄၆ ဝ၀ဝ ကိုရွှေ့ပြီးပြီ ၊
      မလုံလောက်သေးလို့ နောက်ထပ် လူတစ်သိန်းကို
      ထပ်ရွှေ့ဘို့စီစဉ်နေတယ် ဆိုပဲ ။

      မြေပြိုမှု အကြိမ် ၄၃ဝ ဖြစ်ခဲ့ပြီး
      တစ်ကြိမ်မှာ ဆူနာမီ ဆန်ဆန် ၆၅ ပေ မြင့်တဲ့
      လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တယ်တဲ့ ။ အင်း ။ ဒုက္ခ ။ ဒုက္ခ ။

      အကောင်းဖက်က မြင်ရမယ် ဆိုရင်တော့ ၊
      တရုတ်တွေဟာ မြန်မာပြည်ကိုမှ ရွေးပြီး
      သက်သက် ဒုက္ခ လာပေးတာ ဟုတ်ပုံ မရဘူး ။
      သူ့တိုင်းပြည်ထဲမှာတင်ကို ချာလပတ်ရမ်းနေပုံ ရတယ် ။
      အင်း ။ ဒုက္ခ ။ ဒုက္ခ ။

      Trial & Error Method ဆိုတာ အဲ့ဒါပေါ့ ။

  • blackchaw

    April 19, 2012 at 7:38 pm

    အကောင်းမြင်စိတ်နဲ့ ကြည့်ရင်
    အဲဒီ ဧရာဝတီဆည်ကိစ္စက
    အစိုးရနဲ့ ပြည်သူအားစမ်းပွဲတစ်ခုဖြစ်ခဲ့တာပါ။
    အစိုးရလုပ်ချင်တိုင်းလုပ်လို့မရဘူးဆိုတဲ့ အဖြေထုတ်ပေးခဲ့တဲ့
    ဧရာဝတီဆည်ကိစ္စဟာ တန်ဘိုးကြီးပါတယ်။
    ဒီလောက်ပဲ နားလည်ပါတယ် သူကြီးရေ။
    :mrgreen:
    ရေအားလျှပ်စစ်အကြောင်းရှင်းပြပေးတာ ကျေးဇူးပါ သခင်သူရိန်ခင်ဗျား။

  • windtalker

    April 20, 2012 at 12:55 pm

    ရဲဘော်သူရိန် ရေးပြထားတဲ့ ရေအားလျှပ်စစ်အကြောင်းကို ဖတ်ပြီးတော့ မသိသေးတာတွေ သိရပါတယ် ။
    “ကျွန်တော့်အတွေးမှာ ဘာကြောင့် ရေကာတာအမှီပြု ရေအားလျှပ်စစ် စီမံကိန်းတွေကို လူတွေ ခါးခါးသီးသီး ညင်းနေကြလည်း မထောက်ခံကြလည်း အရမ်းသိချင်လာမိပါတယ်….”
    ဆိုတာနဲ ့ပတ်သက်ပြီး ပြောချင်မိတာကတော့ ၊ အပေါ်မှာ ရဲဘော်ရေးခဲ့တဲ့ “ထိခိုက်စေနိုင်တဲ့အပြစ်များ” ဆိုတာတွေတင်မက ၊ မြန်မာနိုင်ငံရဲ ့မြစ်ဆုံစီမံကိန်းဆောက်မယ့်နေရာဟာ သဘာဝသံယံဇာတ တွေ ပေါကြွယ်ဝတဲ့နေရာဖြစ်ပါတယ် ။ ဆောက်မယ့်သူဟာ မြန်မာနိုင်ငံသားမဟုတ်ပါဘူး ။ နိုင်ငံခြားသားပညာတတ်တွေ ဆိုတာတောင်မှ စိတ်ချရတဲ့ ပညာတတ်များမဟုတ်ပါဘူး ( ဘာလို ့ဒီစကားပြောလဲဆိုရင် အဲဒီပညာတတ်တွေဆောက်ခဲ့တဲ့ သူတို ့ရဲ ့ နိုင်ငံက အကြီးဆုံးရေကာတာကြီးတောင် အခုဆိုရင် စိတ်မချရမှုတွေနဲ ့စိုးရိမ်မှတ်များနေရပါတယ် ။ ) ။ ဒီစီမံကိန်းကြီးပြီးသွားရင်လဲ ထွက်ရှိသမျှ လျှပ်စစ်အားလုံးနီးပါးဟာ သူတို ့ဘဲ ယူကြမှာပါ ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ ့က အဲဒီ့စီမံကိန်းနေရာက ထွက်တဲ့ ရွှေ ကျောက်စိမ်း အခြားအဖိုးတန်ရှားပါးသတ္တု တောတိရစ္ဆာန်များကို ဆုံးရှုံးရမှာပါ ။ အခုကို တော်တော်ပြောင်နေလောက်ပါပြီ ။ ဟိုဘက်ကလဲ မပိုင်ဘဲ လာမလုပ်လောက်ဘူး ။ “ဧရာဝတီ” ဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတော်တော်များများ ကို သမိုင်းတစ်လျှောက် လုပ်ကျွေးပြုစုလာတဲ့ တန်ဖိုးဖြတ်မရတဲ့ အရင်းအမြစ် ရတနာသိုက်ကြီးပါ ။
    ပိုက်ဆံတတ်နိုင် ၊ ပညာလဲတတ်တယ် ၊ ခေတ်မှီတဲ့ လူ ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ နေနေတဲ့ ရဲဘော်သူရိန် အနေနဲ ့ ၊ လူတွေ ဘာကြောင့်ခါးသီးနေသလဲ ဆိုတာ ၊ ကိုယ်ချင်းမစာမိလို ့ပါ ။ ဧရာဝတီ မြစ်ဘေးမှာ တစ်သက်လုံးနေထိုင်ကြီးပြင်း ပြီး ဧရာဝတီမြစ်ထဲက ငါးဖမ်းဝမ်းရှာနေတဲ့သူတွေ ၊ သယ်ယူပို ့ဆောင်ရေးတွေ ၊ ဧရာဝတီမြစ်ထဲမှာ မြေနုကျွန်းလေးတွေပေါ်လာတဲ့အချိန် မြေနုကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ပြီး အသက်မွေးဝမ်းကြောင်းနေရတဲ့ ဆင်းရဲနွမ်းပါးတဲ့ တောသူတောင်သား တို ့ရဲ ့ဘဝတွေ ဟာ ဧရာဝတီ ရှိမှ အဆင်ပြေမှာပါ ။ နောက်ပြီး မြန်မာနိုင်ငံရဲ ့ရာသီဥတု ဆိုတာကလဲ ဧရာဝတီ နဲ ့သက်ဆိုင်မှု ရှိပါတယ် ။ အင်း ထပ်ရေးရရင် အရှည်ကြီးဘဲ ။ တော်ဘီ
    ရဲဘော်သူရိန် ကို ပြောချင်တာကတော့ နေလို ့ကောင်းတဲ့ နေရာမှာ နေပြီး ပျော်ချင်တိုင်းပျော်လို ့ရပေမယ့် အောက်ခြေ နဲ ့တစ်နိုင်ငံလုံးရဲ ့ဘဝတွေ မှီခိုနေကြရတဲ့ ဧရာဝတီ ပျက်စီးမယ့် စီမံကိန်းကိစ္စ ကို ဆန် ့ကျင် တာ ကို နားလည်နိုင်ပါစေဗျား ။

    • laypai

      April 21, 2012 at 2:54 pm

      Wintalker ရေးသားချက် ဘာကို မကြိုက်လို့ ( – ) ပေးရတာလဲ။

      ရေကာတာ တည်ဆောက် လို့ ရရှိ လာ အကျိုးအပစ် မျှ တယ် ထား တည်ဆောက် နိုင်တယ်။

      ရရှိလာမဲ့ ရေ သယံဇာတ လျှပ်စစ် အားကို တရုတ် ၇၀၊ မြန်မာက ၂၀၊ ပွဲစား က ၁ဝ တဲ့။
      အဲဒါ က လည်း ၁ နှစ် လား မဖြစ်နိုင် လို့ ထားပါ။ ၁ဝ နှစ် လား မက ဘူး၊ အနှစ် ၅ဝ ကြီး များတောင် နော်။
      အဲဒါ ကို အဓိက သဘော မကျလို့ ကန့်ကွက်တာ။

  • MTY

    April 20, 2012 at 1:38 pm

    နိုင့်ငံအရေးလို့သတ်မှတ်မိလို့ရေးမိတာပါ။ကျွန်တော်စိတ်အဝင်စားဆုံးက
    လျှပ်စစ်ဓါတ်ရရှိရေးကိုဘယ်လိုလုပ်ယူကြမလဲဆိုတာအဓိကပါ။တိုင်းပြည်အတွက်နဲ့
    တိုင်းပြည်တိုးတက်ဖို့အခြေခံအကျဆုံးလိုအပ်အချက်တွေထဲမှာလျှပ်စစ်ဟာ
    အလိုအပ်ဆုံးထဲမှာပါနေပါတယ်။
    “မြစ်ဆုံကိစ္စဘာလို့ တတိုင်းပြည်လုံး လှုပ်လှုပ်ရှားရှားဖြစ်ကြသလည်းဆိုရင်
    ၁) ချိုင်းနားကလုပ်လို့..
    ၂) အမေရိကားက မြန်မာပြည်ကို ဝင်လာဖို့ရာ… စိတ်ဝင်စားလာလို့..။
    ၃) ကေအိုင်အေ-ချိုင်းနား- မြန်မာစစ်တပ်ကြား.. သုံးပွင့်ဆိုင်အပေးအယူ ဟန်ချက်ပျက်သွားလို့.”
    ဒီအချက်တွေကတော့Politics(နိုင်ငံရေး)လို့ထင်ပါတယ်။
    (၁)နဲ(၂)အရ အမေရိကားကလုပ်ပေးမယ်ဆိုရင်..မြစ်ဆုံကိစ္စသဘောတူကြမလား?
    (၃)အရ ဒီအစိုးရမဟုတ်သော..ဥပမာ..NLDအစိုးရဆိုရင်…ပြေလည်သွားမလား ?
    (နိုင်ငံရေးမဆွေးနွေးလိုပါ..)စိတ်ဝင်စားသူများဆွေးနွေးကြပါ။

    ကျွန်တော်စိတ်အဝင်စားဆုံးက…….
    လျှပ်စစ်ဓါတ်ရရှိရေးကိုဘယ်လိုလုပ်ယူကြမလဲဆိုတာအဓိကပါ။
    ဘာမှမဆွေးနွေးခင်မိမိကိုယ်ကိုမိမိဆင်းရဲသောမိသားစုကိုရှာဖွေကျွေးမွေးဖခင်အဖြစ်
    စဉ်းကြည့်မိတယ်။ဟိုဘက်အိမ်ကမီးထိန်ထိန်၊ဒီဘက်အိမ်ကမီးထိန်ထိန်ကြားထဲကတဲစုတ်လေးပေါ့။
    ဖခင်တစ်ယောက်အနေနဲ့ကလေးတွေပညာရေးစါကြည့်ဖို့အတွက်ညဘက်မီးလဲရချင်၊TVလဲကြည့်ချင်.
    .ပြောချင်တာက လျှပ်စစ်ရရင်အကျီုးရှိမဲ့ကိစ္စတွေကိုလုပ်ပေးချင်မိ၊ မီတာလျှေက်ဖို့ကလဲငွေမရှိ ၊ငွေချေးရအောင်လဲအာလုံး ဘယ်ကမှငွေမချေးကြ၊ ဘိုးဘွားပိုင်ရေတွင်းထဲကရေကိုဘေးအိမ်ကိုခပ်ပေးပြီး
    ဘေးအိမ်က မီးတစ်ပွင့်လောက်ဆွဲရင်ကောင်းမလား။ စဉ်းစားရတော့မှာပေါ့နော်။
    နည်းလမ်း… ဘာနည်းလမ်းသုံးမလဲ… နည်းပညာမရှိ၊ငွေကုန်များမဲ့… အနုမြူစွမ်းအင်သုံးမလား?ဘယ်သူကလုပ်ပေးမလဲ။
    မရှိဘူးထင်တယ် ။ကောင်းကျီုးဆိုးကျီုးဒွန်တွဲနေတဲ့.. .ရေကာတာတည်ဆောက်မလား?လုပ်ပေးမဲ့သူတေါ့ရှိပါရဲ့။ရွေးချယ်ဖို့
    ဘဲလိုမယ်။ဘယ်သူ့ကိုရွေးပါကျွန်တော်မပြောပါ။ အာဏာလဲမရှိပါ၊ဖခင်နဲ့တူသောအစိုးရကရွေးပေါ့။
    ဒီနေရာမှာစဉ်စားမိတာတစ်ချက်တော့ပြောချင်မိတယ် ။လောပီတရေအားလျှပ်စစ်ဆောက်ထားတာနှစ်၅ဝလောက်ရှိပြီ
    ထင်ပါတယ်။ နဂိုရှိပြီးသားသဘာဝရေတံခွန်မှာဆောက်ခဲ့လို့လား။ ဘာဘေးအန္တရယ်မှကြရောက်တယ်လို့မကြားမိ။
    .မြစ်ကိုဖြတ်ပြီးဆောက်တာနဲ့နဂိုရှိပြီးသားသဘာဝရေတံခွန်မှာဆောက်တာ. .နှိုင်းယှဉ်ချက်ကို
    ပညာရှင်များဆွေးနွေးပေးရင်ကောင်းမှာ… တစ်ခုခုတော့လုပ်မှဖြစ်မှာလေ… ဒီအတိုင်းနေနေလို့တော့မရတော့ပြီ၊
    ဘယ်နည်းလမ်းရွေးရွေးအန္တရယ်ကတော့ရှိမှာပါ ။ဖွံဖြိုးပြီးနိုင်ငံများကလုပ်ပြီးနေကြပြီးမှဟိုဟာအန္တရယ်၊ဒီဟာအန္တရယ်
    ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာတွေပြောနေတာပါ။ ဖန်လုံအိမ်ကိစ္စဖွံဖြိုးပြီးနိုင်ငံများအားလုံးကလက်မှတ်ထိုးသလား?
    ကနေဒါဆိုအဖွဲ့ဝင်အဖြစ်ကနေပြန်တောင်နှုတ်ထွက်သွားသေး၊လျှော်ရမှာစိုးလို့…. မိမိတိုင်းပြည်အတွက်အဓိကပါ။
    အဲဒီတော့.. .ပညာရှင်များမှများများဆွေးနွေးတာကိုပြည်သူ/သားများသိရှိကြပြီး ဒီမိုကရေစီနည်းအရအများကြိုက်တာကို
    မှန်မှန်ကန်ကန်ဆုံးဖြတ်ရွှေးချယ်နိုင်ကြမယ်ထင်ပါတယ်။

    ရေကာတာအမှီပြု ရေအားလျှပ်စစ်ဆိုတာ (hydropower)ဆိုတဲ့ဒီPost တင်သူကို
    မိမိတစ်ဦးတည်းအနေဖြင့်လွန်စွာကျေးဇူးတင်ပါကြောင်းနှင့်အခြာသောသူများ၊ အထူသဖြင့်ပညာရှင်များကိုလဲ
    လျှပ်စစ်စွမ်းအားရရှိနိုင်သောပညာပေးအသိပေးအား၊များများရေးကြဖို့(ဒီဆိုဒ်မှမဟုတ်ပါ၊
    ရှိသမျှမီဒီယာမှာ)တိုက်တွန်းအပ်ပါတယ်။

    • Swal Taw Ywet

      April 23, 2012 at 2:44 am

      Dear Brother, MTY,
      Please let me explain some-
      1>။လောပီတရေအားလျှပ်စစ်ဆောက်ထားတာနှစ်၅ဝလောက်ရှိပြီ
      ထင်ပါတယ်။ နဂိုရှိပြီးသားသဘာဝရေတံခွန်မှာဆောက်ခဲ့လို့လား။ ဘာဘေးအန္တရယ်မှကြရောက်တယ်လို့မကြားမိ။.
      Yes, you are correct, Law Pi Ta hydro electric project are constructed on Water falls.
      So step by step of water falls, we can run Turbines and can get Electricity.
      We called Law Pi Ta 1 and Law Pi Ta 2 like that as per step of water Falls.
      BUT because of Moe Byal Dam, Inn Lay lake was silt up and smaller in size.

      2>.မြစ်ကိုဖြတ်ပြီးဆောက်တာနဲ့နဂိုရှိပြီးသားသဘာဝရေတံခွန်မှာဆောက်တာ. .နှိုင်းယှဉ်ချက်>
      Constructing on Water Fall is better than on River.( Water level different )
      Because > to run the Turbine, Need pressure of water.
      To get high pressure, need different level of water ( we called Water-Head ).
      At water fall, it is high, we can easily get enough water head to run the turbine.
      If construct on river, to get high water head, Dam must be higher and collect more water in the dam.
      Latest turbine are placed at the base / floor of Dam to get highest water head.
      OK?
      I hoped this answers can give you some knowledge on Hydro power.
      By the way, Just for your info-
      Qatar is one of Gas rich countries on the world. World’s Top Gas seller.
      Now they have many projects on Atomic energy and Solar energy. They are preparing for their future called ” Carbon free or Fossil fuel free environment “.

      Let’s try our best for our country.
      Thanks for your post asking How to get the power for Myanmar.
      With respect,
      Swal Taw Ywet. ( A.G.T. I – Electrical Power )

  • MTY

    April 20, 2012 at 1:55 pm

    နားလည်မှုလွဲမှာစိုးလို့ထပ်ကွန့်တာပါ။ဧရာဝတီ ပျက်စီးမယ့် စီမံကိန်းကိစ္စထောက်ခံခြင်းမဟုတ်ပါ။
    လျှပ်စစ်ဓါတ်ရအောင်ဘယ်လိုလုပ်ကြမလဲ..ဒါကိုအဓိကဆွးနွေးလိုခြင်းဖြစ်ပါတယ်။
    အကျီုးအပြစ်များ၊…များများသိရလေပိုကောင်းလေ..

  • kai

    April 20, 2012 at 2:43 pm

    ကျုပ်စိတ်ထဲရှိတာဆိုရင်တော့.. အဲဒီနေရာမဟုတ်တောင်.. နည်းနည်းပါးပါးနေရာပြောင်း.ပြီး.. အနောက်နိုင်ငံတနိုင်နိုင်ငံကို.. ရေအားလျှပ်စစ်လုပ်ခိုင်းတယ်..။
    ပြောသာပြောတာ… အဲဒီနေရာမှာ.. ချိုင်းနားကလုပ်သွားမှာပါ..။
    အခုမြစ်ဆုံနေရာကလေးပဲ..ကွက်ပြီးချန်ကောင်းချန်သွားပါလိမ့်မယ်..။

    ဆိုတော့..
    ပညာရှင်မဟုတ်ပါဘူး.. သတင်းတွေစုံအောင်လိုက်ဖတ်သူတယောက်အနေနဲ့ပဲ.. ရေးပါမယ်..။
    ကမ္ဘာကပူနွေးလာတယ်လို့.. သိပ္ပံပညာရှင်အများစုကဆိုတယ်..
    ဆိုတော့..
    ဧရာဝတီရဲ့..အဓိကအသက်သွေးကြောဖြစ်တဲ့..ရေရရာ.. မြန်မာပြည်မြောက်ဖျားရေခဲတောင်တွေ.. သာမန်နှစ်တွေထက်.. ပိုပျော်ကျလာပါလိမ့်မယ်..။
    ဒီအကျိုးဆက်တွေကြောင့်.. ပြီးခဲ့တဲ့.. ၁ဝစုနှစ်ထဲ.. မြန်မာပြည်မှာမကြားဖူးတဲ့.. ရေကြီးတာတွေဖြစ်လာတာလို့.. ထင်မိပါတယ်..။
    သတင်းအချက်အလက်တွေပဲကြည့်တာပါ..
    ဒီလိုကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို.. အမေရိကန်တွေလည်း ခံနေရတယ်လို့.. သတင်းတွေကဆိုပါတယ်.။
    Poll: Most Americans Now Link Extreme Weather To Climate Change

    Forbes – 13 hours ago
    … the public is viewing these events as side effects of global warming and climate change. A poll released today shows that the majority of Americans …
    http://www.forbes.com/sites/eco-nomics/2012/04/19/poll-most-americans-now-link-extreme-weather-to-climate-change/2/
    ဆိုတော့..
    တချိန်ချိန်မှာ.. ဧရာဝတီမြစ်ရေခန်းခြောက်လာမှု..တနိုင်ငံလုံးမျက်မြင် ကြုံရကောင်းကြုံရမှာပါ..။
    မြောက်ဖက်က..ရေဝေရေလဲတောကြီးတွေပါ.. ပြုတ်ကုန်တာမျိုးနဲ့ဆို.. သိပ်တောင်ကြာမယ်မထင်မိတော့ဘူး..။
    ပျက်ဆီးလာတဲ့.. ဂေဟနဲ့..သဘာဝကို .. လက်လွတ်စပယ်ပစ်ထား… သဘာဝအတိုင်းထားတာထက်.. လူကထိမ်းချုပ်ထားနိုင်ရင်.. မကောင်းဘူးလား..

    တိုတိုပဲဆိုပါစို့…
    ဧရာဝတီတနေရာရာမှာ.. . ရေကာတာလုပ်ပြီး ရေအားလျှပ်စစ်ထုတ်သင့်ပါတယ်..။
    ၁ဝဘီလီယန်လောက်ကုန်ကျမဲ့ငွေ.. မြန်မာပြည်တွင်းကမတတ်နိုင်တာမို့.. နိုင်ငံခြားကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရပါမယ်..။
    ဖြစ်နိုင်ရင်.. ပါတ်ဝန်းကျင်ဂေဟစံနစ်ကိုဦးစားပေးနားလည်စာနာတတ်တဲ့.. အနောက်နိုင်ငံ..ဒါမှမဟုတ်.. ဂျပန်ကို.. ရင်းနှီးမြုတ်နှံစေလိုပါတယ်..။

    တိုင်းပြည်တွေဟာ.. ချမ်းသာတိုးတက်ချင်ရင်.. စတေးရတာတွေရှိရတတ်တယ်..။
    စတေးတာမှာ.. နောင်လာနောက်သားတွေအတွက်.. ချိန်ဆပြီး.. လက်ငင်းသူများနိုင်ငံတွေလုပ်တာမျိုးလိုက်လုပ်တာ. .ကောင်းတယ်ထင်ပါကြောင်း..

    စကားအတင်းစပ်..
    အောက်ကသတင်းဆောင်းပါးလေးဖတ်ကြည့်ပါ..
    မျက်ရည်တောင်လည်မိတယ်..။
    တောက်စ်..
    http://in.reuters.com/article/2012/04/16/myanmar-energy-power-electricity-idINDEE83F03X20120416?feedType=RSS&feedName=globalCoverage2
    INSIGHT – Myanmar’s power struggle endangers economic boom
    By a Reuters staff reporter

    KYA-OH, Myanmar | Mon Apr 16, 2012 10:35am IST

    (Reuters) – The banging of Win Maung’s hammer echoes across the farming village of Kya-oh in parched central Myanmar, as twilight descends upon its thatched-roof homes.

    ..

    For the multinational companies descending on one of Asia’s last frontier markets, the shortages are both a curse and a blessing: some say the erratic power could lead them to delay investments. Others see opportunity in expanding power supplies.

    In Kya-oh, Win Maung charges each household 3,000 kyat a month for 2 1/2 hours of electricity a night, and an extra 1,500 kyat if they own a television. That translates into nearly a week’s wage for some villagers, who, like a third of the country’s 60 million people, live on less than a dollar a day.

    “We do not believe the government will give us power, so we have to do it ourselves,” said Win Maung, shirtless and sweating as he hovers over his broken engine. “We can only hope foreign companies will come in and help us.

    The unprecedented reforms over the past year have raised expectations of a wave of foreign investment that could help improve power supplies if the government gives priority to fixing the sector.

    But even if reform and capacity building progress quickly, gains will take time. Western energy firms say that once sanctions are lifted it will take at least two years to significantly boost Myanmar’s power capacity due to decades of neglect and mismanagement.

    “The power infrastructure is extremely important. That is one of the main questions you hear from people looking to set up manufacturing,” said Jeremy Kloiser-Jones, chief executive of Bagan Capital, a new private equity firm dedicated to investing in Myanmar. Billions of dollars of investment in the power sector would be needed, he said.

    The government announced nationwide rolling blackouts on April 2, the day after the historic landslide victory for pro-democracy leader Suu Kyi and her other party members in by-elections.

    “Things are not going to change overnight. We have plans on paper but implementing them in a country where we haven’t operated will obviously take some time,” said a senior official with a major Western company, who asked not to be identified because sanctions are still in place.

    Concern over power supply and future investment have been exacerbated by the scrapping of two major electricity projects, the China-led Myitsone dam and Thailand’s Dawei coal-fired power plant, by Myanmar’s government, in an apparent response to public concern over damage to the environment.

    LEFT IN THE DARK

    Power consumption in Myanmar, where only 25 percent of the population has access to the national grid, is one of the lowest in the world, averaging 104 kilowatts an hour per person, near the same level as the Democratic Republic of Congo and Nepal, according to the World Bank and Asian Development Bank.

    Government officials believe demand would be at least double if supply was available.

    Neighboring Thailand, with a similar population of about 65 million, consumes 20 times more electricity per capita with access available to more than 99 percent of its population, thanks in part to natural gas imported from Myanmar.

    “Needless to say, for a developing country, energy demand is always a problem. We are always facing the big challenges with demand and supply,” Htin Aung, director general of the Ministry of Energy’s planning department, told an oil conference in Yangon on March 28.

    For those lucky enough to have access to the national grid, the price of electricity varies sharply from one region to another. In the commercial capital of Yangon, electricity costs 35 kyat per kilowatt hour but surges more than 12 times that amount in the western city of Sittwe.

    The government has embraced hydropower as the main source of electricity for the immediate future, allowing the country to continue exporting most of its natural gas output to Thailand, rather than burn it. Myanmar will also pipe gas to China from next year.

    Hydroelectricity represents nearly 70 percent of Myanmar’s power generation, while natural gas fuels more than 20 percent and coal 9 percent, according to the state-run Central Statistical Organisation.

    Installed power capacity for fiscal 2011-12 was estimated at 2,544 megawatts, up from 1,717 four years ago.

    “The policy for the electric power sector is to employ gas turbine power generation only for the short term and rely on hydroelectric power as the vital source of energy sufficiency,” Kyaw Sar Soe Naing, executive engineer for the Ministry of Electric Power, told the same oil conference.

    Relying on limited water resources for power, however, has forced Myanmar to ration its electricity supplies, especially during the dry season, which can last for half the year.

    To keep the power on, businesses use their own generators that run on diesel. The oil is purchased at fuel stations that typically smuggle in supplies from Thailand and China due to Myanmar’s limited refining capacity.

    At the Myanmar Treasure Resort in Bagan, for instance, the 94-room hotel spends the equivalent of about $100 an hour to run both of its generators during a blackout, a heavy financial burden in the dry season, said its deputy manager Myo Myo Latt.

    Myanmar diesel imports are on the rise since the government reformed the sector to facilitate imports by private companies, surging to $1.39 billion in fiscal 2010-11 from $673 million the year before.

    FOREIGN HELP

    Myanmar’s government is optimistic that it will be able to meet domestic power demand within a few years with help from foreign investors.

    A senior official with a Western energy firm said his company could increase Myanmar’s power capacity by more than 15 percent, or an additional 400 megawatts, within a 26-month period by simply upgrading the current infrastructure.

    Much more could also be done with billions of dollars of credit support and loans from multinational organisations such as the Asian Development Bank, industry officials said.

    “If the world is now going to be serious about welcoming Myanmar into the fold, then multinational institutions are going to have to open up funding opportunities,” said Bagan Capital’s Kloiser-Jones.

    POWER AND CHINA

    The country – the biggest in mainland Southeast Asia – has more than 48 planned power projects, 45 of which are for hydropower stations, that would boost installed capacity more than 14 times to 36,635 megawatts, the ministry said.

    But many of those projects have come under question following September’s unexpected scrapping of the Chinese-led $3.6 billion Myitsone dam, Myanmar’s largest hydropower project. Myanmar said it canceled the project because of environmental worries, but the decision was also seen as an attempt by its government to distance itself from Beijing.

    China’s ties with Myanmar have since been strained, raising concern over future investment from its second biggest trade partner. Chinese firms, including state-owned China Power Investment Corp and China Datang Corp, were due to build at least 33 of the 45 planned hydropower stations, the ministry said.

    Myanmar could also help increase its power capacity by tapping more into its natural gas reserves, estimated at between 11 trillion and 23 trillion cubic feet. An energy official said a gas-fired power plant would likely be built at the multibillion-dollar Dawei Special Industrial Zone after the government halted construction of a 4,000 megawatt coal plant in January due to environmental worries.

    Myanmar’s energy minister in January promised to keep gas from new projects beyond 2013 for the country’s fast-growing energy needs, but would not use natural gas to power Dawei.

    The country produces about 1.47 billion cubic feet of gas per day (cfd), but exports 1.2 billion cfd to Thailand. The 270 million cfd kept at home met only 48 percent of domestic demand, according to Zaw Aung, director of planning for the state-run Myanma Oil & Gas Enterprise.

    “We are now very much deficient in natural gas for our domestic utilisation,” said the Ministry of Energy’s Htin Aung. “Natural gas to the private sector is negligible with just 1 percent of our supply. In the future, we plan to give the private sector more gas.”

    Back in Kya-oh, promises and plans mean little for Kyaw Soe Khaing, who faces a night without light if his friend, Win Maung, doesn’t fix the village engine before sunset.

    “Electricity for us is a luxury,” the snack seller said with a smile. “We can manage without it, we have to make do with what we have.”

    (Additional reporting by Aung Hla Tun in Yangon; Editing by Jason Szep and Robert Birsel)

  • moe moe

    April 20, 2012 at 5:52 pm

    ပို့(စ်)ကလည်းကောင်း ကွန်းမန့် တွေကလည်းကောင်းပါတယ် ဗဟုသုတတွေလည်း အများကြီးရလိုက်ပါတယ်။ မသိသေးတာတွေ သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

  • unclegyi1974

    April 20, 2012 at 9:52 pm

    ရေးသုူကရေးသွားပြီးနောက်ပိုင်းဆက်ဆွေးနွေးကြတာတယ်ကောင်း
    MTYရေးတာကိုနဲနဲပြောချင်ပါတယ်
    လောပီတနဲမြစ်ဆုံကိုနှိုင်းပြောတာမသိလို့ပြောတာလားသိသိကြီးနဲ့တမင်ပြောတာလာကွယ်
    ပထမဆုံးအရွယ်ပမာဏကစရရင်ဆင်နဲ့ဆိတ်ဆိုတာကြားဖူးတယ်ဟုတ်
    ဒုတိယရေဝေရေလဲဆိုတာရှိတယ်လေအခုကိုမြစ်ကြီးဧရာဝတီကချောင်းကြီးဧရာဝတီဖြစ်တော့
    မယ်အခုလုပ်မဲ့စီမံကိန်းကဧရာဝတီရဲ့အသက်သွေးလိုဖြစ်နေတဲ့ရေဝေရေလဲရပ်ဝန်းကိုပျက်စီး
    စေတော့မှာ
    တတိယကသခင်လေးရေးသလိုရေကာတာတခုနောက်ကွယ်မှာကောင်းကြိုးတွေရရှိ
    သလိုဆိုးကြိုးတွေကအဆင်သင့်ရှိပါတယ်အဲလိုရှိနေတဲ့ဆိုးကြိုးတွေကိုမကြည့်ပဲကိုယ်သုံးရမှာ
    ကဆင့်ပါးစပ်နှမ်းပက်သလို သူများစားသွားမှာကဆင်စာဆိုတော့လည်း…

    အခုကိုမြန်မာနိုင်ငံမှာရေအားလျှပ်စစ်တွေစာရင်းဇယားအရထွက်နေတာတွေနိုင်ငံထဲဘယ်
    လောက်သုံးပြီးပြင်ပကိုဘယ်လောက်ရောင်းစားနေတယ်ဆိုတာသိနေတာ
    အခုလည်းအဓိကကကိုယ်သုံးဖို့မဟုတ်ပဲရောင်းစားဖို့ဆိုတာသိတယ်ဟုတ်
    အားလုံးပြောနေကြသလိုအရင်းအနှီးကတော့ရှိရမယ်
    ကိုယ်သုံးဖို့ဆိုထိုက်သင့်တဲ့ပေးဆပ်မှုနဲ့ရင်းရမယ်မှန်တာပ
    အခုကကိုယ်သုံးဖို့မဟုတ်
    သူများရယ်ဖို့ကိုယ်ငိုမယ်…

    • Swal Taw Ywet

      April 23, 2012 at 2:51 am

      Totally agreed.
      ကိုယ်သုံးဖို့ဆိုထိုက်သင့်တဲ့ပေးဆပ်မှုနဲ့ရင်းရမယ်မှန်တာပ
      အခုကကိုယ်သုံးဖို့မဟုတ်……..
      Please think for the future especially for NEXT GENERATION.
      Dear Uncle Gyi,
      Bravo.

      With respect,
      Swal Taw Ywet.

  • သခင်သူရိန်က သခင်ပေါက်စပေါ့နော်။
    ဪ—ဟီးးး. နောက်တာနော်
    ကျနော်တို ့ဆီက သူဌေးချောင်းရေအားစီမံကိန်းကတော့
    လုပ်နေလိုက်တာ ကြာပီ။ဖောက်လိုက်တဲ့ tunnel ကလဲ
    ပြိုလိုက်၊ဖေါက်လိုက်နဲ ့လုံးချာကိုလိုက်နေပါရောလား။
    တရုတ်ကတော့ မပေါက်ရင် ပြန်လျော်ရမှာမို ့ဆက်ဖောက်
    နေတုန်းပါဘဲ။

  • MTY

    April 21, 2012 at 1:48 pm

    အားလုံးရောထွေနေတာကအခုဆွေးနွေးနေတာက”ရေကာတာအမှီပြု ရေအားလျှပ်စစ် hydropower”
    အကြောင်းပါ။မြစ်ဆုံကိစ္စမဟုတ်ပါ။Postမှာလဲရေးသူကရေးတာ”ဘာကြောင့် ရေကာတာအမှီပြု ရေအားလျှပ်စစ်
    စီမံကိန်းတွေကို လူတွေ ခါးခါးသီးသီး ညင်းနေကြလည်း မထောက်ခံကြလည်း အရမ်းသိချင်လာမိပါတယ်.”တဲ့
    Post တင်သူကငြိမ်နေတော့….မပြောတော့ပါ။မြစ်ဆုံလို့ရေးမထားဘူးလို့ထင်ကြောင်းပါ။
    ကျွန်တော်ပြောတာကလဲ@unclegyi1974 ပြောသလိုပါ၊လိုချင်နေတာလဲဒီအချက်” ဒုတိယရေဝေရေလဲဆိုတာရှိတယ်လေ”
    ဒါဆိုဒီနည်းလမ်း hydropowerဖြစ်နိုင်တယ်လို့ဆိုလိုတာလား..စဉ်းစားရအောင်ပါ.။ဒါကိုလူတွေသိစေချင်တာ..
    မြစ်ကြီးကိုမဟုတ်ဘဲမြစ်ငယ်လေးတွေ၊ချောင်းကြီးတွေလုပ်ရင်လက်ခံမလား..လုပ်ဖို့ပြောနေတာမဟုတ်သေးပါ။
    .မြစ်ဆုံကိစ္စပြင်းထန်နေတုံးကညွှန်ကြားရေးမှုး(အငြိမ်းစားလျှပ်စစ်ဆိုသူက)မြန်မာပြည်မှာ
    ဘာhydropowerမှမလိုဘူးတဲ့..ဟုတ်မဟုတ်ကာယရှင်ကိုယ်တိုင်သိပါစေ..ဒီဆိုဒ်ကမဟုတ်ပါ။
    အဲဒီလိုမျီုးကတော့မဟုတ်ဘူးထင်တယ်။hydropowerကမယူရင်…ဒါဆိုလျှပ်စစ်ကိုဘယ်အရင်းအမြစ်ကယူကြမလဲ။
    @kai က”အဲဒီနေရာမဟုတ်တောင်.. နည်းနည်းပါးပါးနေရာပြောင်း.ပြီး.. အနောက်နိုင်ငံတနိုင်နိုင်ငံကို..
    ရေအားလျှပ်စစ်လုပ်ခိုင်းတယ်..။ဒါဆို.မြစ်ကိုဖြတ်ပြီးဆောက်တာလေ.ဘယ်မြစ်လဲ….?
    ဒါကြောင့်လဲဒီလိုရေးခဲ့တာလေ”.မြစ်ကိုဖြတ်ပြီးဆောက်တာနဲ့နဂိုရှိပြီးသားသဘာဝရေတံခွန်မှာဆောက်တာ.
    .နှိုင်းယှဉ်ချက်ကိုပညာရှင်များဆွေးနွေးပေးရင်ကောင်းမှာ…”

    ရေးစေချင်တာ..လျှပ်စစ်ရမဲ့ပင်မအရင်းအမြစ်ကိုဘယ်ကယူကြမလဲ..ရေအားလျှပ်စစ်ကိုလက်မခံရင်
    အနုမြူစွမ်းအင်လား ?သဘာဝဓါတ်ငွေ့လား?လေအားလား?ကျောက်မီးသွေးလား?လျှပ်စစ်ရမဲ့အရင်းအမြစ်
    မှန်သမျှလူထုသိအောင်ပညားပေးအသိပေးဖြန်စေချင်တာ…ဒါမှတစ်ကယ်လုပ်မယ်ဆိုရင်အကျီုးအပြစ်ဆင်ခြင်ပြီး
    မှန်တဲ့ဆုံးဖြတ်ချက်ဘက်ကလိုက်နိုင်မယ်လို့ထင်ပါတယ်။ရင်းနှီးမြုပ်နှံမှုတွေကလာပါတော့မယ်၊လျှပ်စစ်ကဘယ်မလဲမသိ။

    အမှောင်ထဲမှာထိုင်မနေချင်လို့ပါ။အလင်းမရှိတာတစ်ခုတည်းကြောင့်မဟုတ်ပါ။မျက်စေ့ပိတ်၊နားပိတ်တိုင်းပြည်က
    သူများနောက်ပါဆိုနေတဲ့ကြားထဲအမှိုက်ထဲကနေတောင်ကောက်စားစရာမရှိဖြစ်မှာစိုးလွန်းလို့ပါ။

  • ရဲစည်

    April 21, 2012 at 4:59 pm

    “ဟင်း…ဟင်း ငတုံးတွေ ဒီဇာတ်လမ်းကို မစခင်ကတည်းက တို့၄ယောက်*က တိုင်ပင်ပီး လက်ဝါးချင်းရိုက်ထားတာ ဒီလိုဖြစ်မယ်ဆို တာလဲ တို့ဗေဒင်ဆရာနဲ့ အကြားအမြင်ဆရာက ဟောပြီးသား…။စီပီအိုင်ဆိုလား စီအန်ပီဆိုလား တို့တွေလဲနာမည် ကောင်းကောင်း သိတာမဟုတ်ဘူး ဒင်းတို့က ချိုင်းနားမှာ ချီးကန်တောင် မတူးဖူးဘူး။ရေကာတာကြီး ဆောက်ဖို့က အဓိကမဟုတ်ဘူး အရင်ကတည်းက ချီဗွေဘက်မှာ သူများတွေ ဆန်ပို့နေတာ သရေယိုမနာလို ဖြစ်တာရယ်၊ ကိုယ်တွေလည်း ကို့ဘာသာဂွင်တည့်အောင် ဆော်ရတာ ဒို့ထဲကတစ်ယောက်က တို့သူကြီးကိုပီးတယ်လေ သူကတဆင့် ပွဲစားတွေ ခေါ်ပီး ဂွင်ဖန်လိုက်ရတာ အကြားအမြင်ဆရာဟောတဲ့အတိုင်း ကွက်တိဘဲ သစ်၊သတ္ထု၊ရွှေ၊ကြိမ်၊ဝါး၊ဆေးပင်ကနေ တီကောင်တောင် မချန်ဘူး အကုန်ကုန်မှာဘဲ ထအော်တဲ့အချိန်ရောက်နေပီ ဘာတဲ့”အမိဧရာဝတီကို ကယ်ပါ”တဲ့ ညှင်းညှင်း…..သနားလိုက်ထှာ။ လုပ်စားလာတာ အန်တိုနေပီ။ ဒါနဲ့ဘဲ တိုးတိုးလေးဖုန်းဆက်ပီး ချက်ချင်းကြီးတော့မလျော့နဲ့အုံး သံသယတွေဝင်နေအုံးမယ် တစ်ယောက်က တင်းထားပေးအုံးဆိုပီး အဲဒီနောက်ပိုင်း ဝေစုအနည်းဆုံးတယောက်က နည်းနည်းဖောက်ပေး….ဒီလိုနဲ့ ဇာတ်လမ်းကြီးကို ကန့်လန့်ကာချပေးလိုက်တာ မယုံသွားကြည့်လေ ရေကာတာနဲ့ ပတ်သတ်တာ ဘာမှမလုပ်ဘူး ကျန်တာတော့..ဒန့်တန့်တန့်… ။

    ရည်ညွှန်း *တို့၄ယောက် (သစ်ဖြုန်း၊ဓာတ်မီး၊စက်မှုစုတ်၊တွင်းတူးဝန်)

    မှတ်ချက် ။ ။ သားပြောတာမဟုတ်ဘူးနော် သူတို့တွေ ဂေါက်ကွင်းမှာ သေးပေါက်နေတုန်း တဟီးဟီး..တဟားဟား ပြောနေတာကို သားကကြားလို့ ပြန်ပြောတာ ….သားကိုမဆူနဲ့နော်……..မုန့်ဖိုး အနီလေးပေးအုံး….။
    ပြန်ပီ …..ပကျိ..ပကျိ..

  • Onyx

    April 22, 2012 at 6:06 pm

    ရေအားလျှပ်စစ်တွေက ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးများတယ်လို့ မြင်ပါကြောင်း။
    သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာက ရေရှည်မှာ အဆိုးဘက်ကိုသာပို အလေးပေးပါကြောင်း။
    အမြင်လေးတွေပါ။

    • kai

      April 23, 2012 at 10:51 am

      ကျုပ်သိသလောက်တော့..
      ရေအားလျှပ်စစ်က..ကမ္ဘာမှာ..ထုတ်လုပ်မှုစရိပ်အသက်သာဆုံး.. အသုံးအများဆုံးနဲ့.. အန္တရာယ်အနည်းဆုံးဖြစ်ပါတယ်..
      ကမ္ဘာ့မြစ်ကြီးတွေအကုန်လိုလိုမှာ.. လုပ်ထားပြီးကြပြီ..။

      တလောကပဲ.. မဂ္ဂဇင်းတခုထဲ.. အဲဒီစွမ်းအင်တွေအကြောင်းကုန်ကျစရိပ်တွေနဲ့.. ရေးထားတာဖတ်လိုက်ရတယ်..
      ရေအား.။ နှူ၊ လေ၊ နေ(ဆိုလာ)၊ ဘက်ထရီ၊ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့. စတာတွေကထုတ်တဲ့..စွမ်းအင်တွေအကြောင်းပါ..
      ရေအားကဦးဆောင်ဆဲပါပဲ..။

      ညှူကထုတ်တဲ့လျှပ်စစ်က.. ဟုတ်မလိုလိုနဲ့.. ဖုကူရှီးမားပြသနာတက်ပြီး.. လူကြိုက်အင်မတန်နည်းသွားတယ်..
      သိတော်မူကြတဲ့အတိုင်း.. စိမ့်ထွက်လာရင်.. ပရုပ်ဆီလူးပြီးကုလို့မရ.. ဘာမှလုပ်လို့မရဘူးလေ..။ 😕

      အယ်လ်အေ..ဆန်ဖရမ်အပါအဝင်.. ကယ်လီဖိုးနီးယားရဲ့.. အဓိကလျှပ်စစ်စွမ်အင်ကလည်း.. ရေအားကရတာပါ..
      ကိုရိုရာဒိုမြစ်ကြီးအပါအဝင်..ရှိသမျှမြစ်တွေပိတ်ပြီးဆည်တွေဆောက်.. အဲဒီကနေ.. လျှပ်စစ်ထုတ်ကြတာ..
      ကျုပ်တောင်.. တလောကဆန်ဖရန်ဖက်သွားရင်း..အဲဒီရေကာတာကြီးတွေကို.. ဓါတ်ပုံတွေရိုက်ထားသေးတယ်..။
      အဲဒီဆည်ဖို့ထားတဲ့..ရေတွေက..ရေချိုတွေဖြစ်တာမို့.. လူသန်းချီနေတဲ့..မြို့ကြီးတွေအတွက်..သောက်သုံးရေကိုလည်း.. ပေးနေနိုင်တာပါ..

      အမှီအစွဲကင်းကင်းပြောရရင်..
      ဧရာဝတီမြစ်ကို.. လူတွေက..မြန်မာတွေကိုယ်တိုင်က.. ထိမ်းချုပ်ပြီး ဘိုးဘွားအမွေအနှစ်ကို ရယူသင့်တယ်..။
      မြန်မာတွေ.. ယူအက်စ်နဲ့..ချိုင်းနားရဲ့.. ကစားကွက်အတိုင်း လိုက်မက, စေချင်ပါဘူး..

      ဒီလောက်ပဲ..။ :mrgreen:

  • MTY

    April 23, 2012 at 3:09 pm

    အခုထိနိဂုံးချုပ်ကြည့်ရရင်..Post တင်သူတစ်ဦး+Comment ပေးသူ(၁၅)ဦးရှိတာတွေ့ပါတယ်။
    ကျွန်တော်တစ်ဦးတည်းရဲ့သဘောကလဲယနေ့လက်ရှိအနေအထားတွေအရရေအားလျှပ်စစ်ပါဘဲ။
    မြန်မာနိုင်ငံအနေနဲ့လဲရေအားလျှပ်စစ်ကိုဘက်ပေါင်းစုံကစဉ်းစားကြည့်ကြပါ…ရေအားလျှပ်စစ်ကို
    လက်လွတ်လို့မရနိုင်တဲ့အနေအထားမှာတွေ့ရှိရမှာပါ။ဒီPostနဲ့Commentများလေ့လာကြည့်ပါ။နောက်ပြီး
    ရေအားလျှပ်စစ်ကိုကန့်ကွက်သူတစ်ဦးနဲ့ကျန်တဲ့သူများကနိုင်ငံရးကိစ္စများ၊
    မိမိနိုင်ငံရမဲ့အကျီုးအမြတ်နည်းပါးမှုများသာဖြစ်တယ်လို့တွေ့ရှိရမယ်ထင်ပါတယ်။
    ကိစ္စရပ်တိုင်းမှာအကျီုး၊အပြစ်အရှုံးအမြတ်ရှိပါတယ်။အကျီုးဖြစ်ထွန်းမှုအများဆုံးကိုရွှေးချယ်ရမှာပါ။
    ကျန်တဲ့နိုင်ငံရေးပိုင်းတွေတော့ကြိုက်သလိုသာဆုံးဖြတ်ကြပါ။

    ယနေ့မြန်မာနိုင်ငံမှာလျှပ်စစ်စွမ်အားရရှိရေးအတွက် ရေအားလျှပ်စစ် (hydropower)ဟာမရှိမဖြစ်ပါ။
    (ဆက်လက်ဆွေးနွေးနိုင်ပါတယါ)

  • maungmoenyo

    April 24, 2012 at 8:05 am

    hydro နဲ့ nuclear based ရေအားလျှပ်စစ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကွာခြားချက်တွေကိုပညာရှင်များက ရှုဒေါင့်မျိုးစုံကသုံသပ်ကြပါတယ်။ သေခြာကြည့်ရင် တိုးတက်တဲ့ အမေရိက၊ ဂျပန်၊ နဲ့ ဥရောပနိုင်ငံအချို့မှာ ရှိနေရတာဟာ နည်းပညာပိုင်းအရ အပေါ်စီးမှာရှိလို့ လုပ်နိုင်တာပါ။ သေသေခြာခြာကြည့်ရင် nu-based က စတင်ထုလုပ်တဲ့အဆင့်မှာ နင့်နေအောင်ကုန်ပေမဲ့၊ အဆင့်အတိုင်းအတာတခုကိုရယူပြီးချိန်မှာ စရိတ်သက်သာပြီးနည်းပညာပိုင်းအရ နိုင်နင်းအောင်ထိန်းနိုင်ဘို့ဘဲ လိုပါတယ်။ နေရာသိပ်မယူတဲ့အပြင်၊ geo condition ကိုသိပ်လိုက်နာစရာမလိုပါဘူး။
    ဒါပေမဲ့ အန္တရာယ်ထူပြောပြီး ကိုယ်ဇာတ်ကိုယ်မနိုင်တဲ့ technology နဲ့ဆိုရင် ဒေသခံတွေခံရမှာမို့ မသင့်လျော်ပါဘူး။
    ဘာဖြစ်လို့နိုင်ငံတိုင်းမှာ မလုပ်နိုင်သေးလဲလို့မေးရင် လွယ်ပါတယ်။ technology မရှိလို့၊ နားမလည်းလို့ စတင်ကုန်ကျစရိတ်မတတ်နိုင်လို့ nu-based ကိုမလုပ်နိုင်တာပါ။
    နောက်တခုကတော့ စစ်ရေးအရ အသွင်ပြောင်းလို့ရတဲ့technology ကိုထဲ့သွင်းဖန်တီးလို့ရတာလဲပါပါတယ်။

  • maungmoenyo

    April 24, 2012 at 8:08 am

    မြန်မာပြည်အတွက်ရော – ရှင်းပါတယ်။ နောင်ရာစုတခုလောက်အတွင်းမှ nu-based ဖြစ်လာနိုင်စရာမမြင်သလို၊ မလိုအပ်ပါဘူး။ အစိုးရက သဘောထားမှန်ခဲ့မယ်ဆိုရင် ဘက်စုံနည်းပညာစနစ်ကိုအခြေခံတဲ့ ရေအားလျှပ်စစ်စနစ်ပေးမှာဘဲ အားကိုးနေကြရပါအုံးမယ်။

Leave a Reply