မျက်ကန်းများ (၁)

nigimi77April 18, 20121min17315

နှစ်ဆန်း  ၁ ရက်နေ ့

 

မင်္ဂလာရှိသော  အခါသမယ ဖြစ်သည်။  ဒီနေ ့ မနက်ခင်း စောစောထပြီး ဘုရားဖူးကြဖို ့

တိုင်ပင်ထားခဲ့သည် ။  သွားခါနီးမှ  မေလ်းပို  ့စရာ ကိစ္စ တခု ပေါ်လာသောကြောင့်

အဖွဲ  ့အား အရင်သွားနှင့်ရန်ပြောပြီး  လုပ်စရာရှိသည်ကို ဆက်လုပ်နေခဲ့သည် ။

မိနစ် ၃ဝ လောက် အကြာမှာ အားလုံးပြီးစီးသွားတာကြောင့်  အဖွဲ ့အား ဖုန်းခေါ်လိုက်သော အခါ

ဘုရားဖူး ကားတန်းမှာ များပြားလွန်းလှ သဖြင့်  ကျွန်တော်တို ့ အဖွဲ  ့၏ ကားမှာ  Camp သို ့ ပြန်လာ

မခေါ်နိုင်သောကြောင့် ရွာလမ်းမ အတိုင်း လမ်းလျှောက်ပြီး ကားရပ်ထားရာ နေရာသို ့ ထွက်လာခဲ့သည် ။

အပြင်သို ့ ရောက်လာသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းမှာ စိတ်ကြည်နူး စရာပင် ။

ဂုန်းချွိန် ကျေးရွာတွင် ကန် ့ကော်တော ဘုရား ရှိသည် ။ တန်ခိုးကြီး ဘုရားဟု လူသိများသည် ။

နှစ်ဆန်းတစ်ရက် နေ ့တွင် ဘုရားရေသပ္ပါယ်ပြီး ကုသိုလ် ကောင်းမှုများ လုပ်ကြရန် အနီးအနား ပါတ်ဝန်းကျင်မှ

ရွာပေါင်း ၁ရ ရွာ စုစည်းပြီး ရွာသူ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် အပျိုချောများ လှပစွာ ဝတ်ဆင်ပြီး ဦးခေါင်းပေါ်တွင်

၄ ဆင့်ချိုင့် ၊ ၅ ဆင့်ချိုင့် (ဆွမ်းချိုင့်) ရွက်ကာ နဘေးတွင် ကာလသားများ ကျေးရွာခေါင်းဆောင်များ ခြံရံပြီး စီတန်းပြီး ဘုရား

ရှိရာသို ့သွားနေသော မြင်ကွင်းမှာ ကျွန်တော့် အတွက် လွန်စွာ စိတ်ကြည်နှုးမိသည် ။  ရန်ကုန်တွင် ယခုလို မြင်ကွင်းမျိုးကို မမြင်ဖူးခဲ့ပါ ။

ရိုးရာမပျက် အစဉ်အလာမပျက် ထိမ်းသိမ်းလာခဲ့သည်မှာ ယခု အချိန်အထိဖြစ်သည် ။ များပြားလှသည့် လူတန်းကြီးသည် တရွေ  ့ရွေ  ့နှင့်

ဘုရားဝင်း အတွင်းသို ့ ဝင်ရောက်လာနေသည် ။  ရွာလမ်းရှည် မှသည်  လမ်းစုံထောင့်  ညာဖက် အခြမ်းသည် ဘုရားဝင်း ဖြစ်သည် ။

ကျွန်တော့် အဖွဲ  ့၏ ကားသည်  ဘယ်ဖက်  အခြမ်း လမ်းဆုံထောင့်တွင် ဖြစ်သည် ။  အဆိုပါ လူတန်းကြီး ဆုံးသွားသည်  အထိ စောင့်ဆိုင်းရန်

မလွယ်ပါ ။ ရွာပေါင်း ၁ရ ရွာ၏ အင်အားသည်  မသေးလှ ။

ထို ့ကြောင့် လူတန်းကြီး ကို ဖြတ်ပြီး ကျွန်တော်ရှိနေသော ညာဖက် အခြမ်းမှသည် ဘယ်ဖက် အခြမ်းသို ့ ကူးသွားရန် ဆုံးဖြတ်လိုက်ပြီး….

“အမ ရေ”  …ခဏလေး…ကျွန်တော် ဟိုဖက်ကို ဖြတ်ချင်လို ့ပါ……လို ့  ပြောပြီးနောက်  ဟိုဖက် အခြမ်းသို ့ ရောက်သွားသော အခါ…..

ချက်ချင်းပင်လျင်  လူတစ်ယောက်မှ  ကျွန်တော့် လည်ပင်းကို စပြီး ညှစ်လိုက်ပြီးနောက်တွင်…ဦးခေါင်းတွင် မိုက်ကနဲ ခံစားလိုက်ရပြီး…

စုစုပေါင်း (၈) ယောက်သော လူများမှ  ကျွန်တော့် အား ဝါးရင်းတုတ် နှင့် တဖုံ ၊ လက်သီးနှင့် တစ်မျိုး  ဝိုင်းပြီး ခွေးရိုက် နွားရိုက် ရိုက်နှက်ပါလေတော့သည်။

ကျွန်တော့်မှာ ဘာမှ ပြန်ခံ လုပ်နိုင်စွမ်း မရှိခဲ့ ။ ရိုက်နှက် ထိုးကြိတ်ခံရသည့် စုစုပေါင်း အချိန်သည် ၃ မိနစ်ခန် ့ကြာမြင့်မည်ဟု ထင်ပါသည် ။

ထွက်ပြေးရန်လည်း မစဉ်းစားမိခဲ့ပါ ။ ရိုက်နှက် ခံနေရင်းနဲ ့ပဲ ခေါင်းထဲမှာ တွေးမိသည်မှာ …” ငါ့ကို ဘာ အကြောင်းကြောင့် ရိုက်ကြသလဲ”…ဆိုတာပင် ။

မူးဝေလာရင်းနဲ ့ပဲ မျက်လုံးထဲမှာ မြင်နေရသည်မှာ…လူတစ်ယောက်ကို ပိုးစိုးပက်စက် ဝိုင်းဝန်း အားရပါးရ ရိုက်နှက်နေသည်ကို  ကုသိုလ်ယူရန် တန်းစီလာ

သော လူတန်းကြီးသည် ၎င်း ၊ နံဘေးနားမှာ ဝိုင်းအုံ ကြည့်နေသော လူများထဲမှသော် ၎င်း  မည်သူမှ  ဝင်ရောက် ဖြန်ဖြေခြင်း မရှိသလို မြင်နေကြ လမ်းဘေးမှ

ခွေးတကောင်အား ရိုက်နှက်နေတာကို မြင်ရသည့် အကြည့်မျိုးဖြင့် ကြည့်ပြီး လမ်းဆက်လျှောက်နေခဲ့ကြသလို မည်သူမျှက လုပ်ကြပါဦး ဆွဲကြပါဦးဟု

ပြောဆိုခြင်း မရှိကြပါ ။  ကျွန်တော့် ဦးခေါင်း နှင့် ကျော ၊ ရင်တို ့အား ပယ်ပယ်နယ်နယ် ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ကြသူ (၃) ယောက်မှာ  စွတ်စွတ်ဖြူ

တိုက်ပုံ ဝတ်ထားသည့် အသက် ၄ဝ ပိုင်း  ဘုရားလူကြီးများဖြစ်ကြပြီး ၊ ကျန်သူ (၅) ယောက်မှာ  ကျေးရွာ ကာလသားများ ဖြစ်ကြသည် ။

သည်လိုနှင့်….ရိုက်နှက်လာလိုက်သည်မှာ…နောက်ဆုံး…ရဲသား နှစ်ယောက်ပြေးလာပြီး ကျွန်တော့်အား ဆွဲထုတ်လိုက်သော အခါမှသာလျှင် ရပ်တန် ့တော့သည်။

အဆိုပါ ရဲသား နှစ်ယောက်ထဲမှ တစ်ယောက်သည်… ဒေါသသံ အပြည့်ဖြင့်…”မင်း..ငါတို ့ရောက်လာလို ့ မသေတာကံကောင်းတယ် ။ ဘာဖြစ်လို ့ ဒီလိုလုပ်ရတာလဲ…

မင်းနားမလည်ဘူးလား…ဟု ဆိုသော်  ကျွန်တော်က… ကျွန်တော် ဘာလုပ်မိလို ့လဲလို ့ ပြန်မေးသော အခါ…မင်း ဘာဖြစ်လို ့ လူတန်းကို ဖြတ်သလဲ မဖြတ်ရဘူးကွ..

မသိရင်မေးပါလား….ဟု  ဆိုသော စကားကို ကြားရသော် ကျွန်တော် အလွန် အံ့အားသင့်သွားပါသည် ။  လူတန်းကို ဖြတ်မိတာကြောင့် လူတစ်ယောက်ကို ခွေးလိုနွားလို

ရိုက်နှက်ကြတာလား……လားပေါင်းများစွာနှင့် တွေဝေနေခိုက် ကျွန်တော်တို ့အလုပ်ထဲမှ  ရခိုင်တိုင်းရင်းသားလေးမှ အကို လာလာ…ဆိုပြီး  ခါးမှ ဖက်ပြီး ကားရှိရာသို ့

ခေါ်ဆောင်သွားပါသည် ။

ကားဆီသို ့ ရောက်မှ အကျိုးအကြောင်း အစုံအလင် သိရတော့သည် ။

ဒီမှာ  ဒါကို ရိုးရာဟု ခေါ်သည်…… ရွာစဉ် အလိုက် တန်းစီ လှည့်လည်သော အခါ မိမိဖြတ်မိသည့်နေရာသည် မည်သည့် ကျေးရွာ အုပ်စုဖြစ်စေ အဆိုပါ ကျေးရွာမှ

ယောကျာင်္းများသည် သေသည် အထိ ရိုက်သတ်ကြသည်ဟု ဆိုသည် ။ အဆိုပါ ရိုက်နှက်မှုတွင် သေဆုံးခဲ့သော် မည့်သည့် တရားစီရင်မှုမျိုးမှ မရှိခဲ့ဟုဆိုသည် ။

ဘာကြောင့် ရိုက်ကြသလဲ…..အဖြေကတော့  အဆိုပါ လူဖြတ်ခံရသည့် ရွာတွင် လူအသေအပျောက်များသည် … ဆိုသောကြောင့် ဖြစ်သည်။

အတော်ပင် ဟုတ်လှသည်….တတ်လည်း တတ်နိုင်ကြသည်….မိမိကျေးရွာမှာ  လူအသေအပျောက်များတာ မများတာက နောက်မှ….လောလောဆယ် လူတစ်ယောက်

ကို တိရိစ္ဆာန် ရိုက်သကဲ့သို ့ ရိုက်ကြသည် ။ သူတို ့ရွာက လူတွေ မသေဖို ့ ကျွန်တော့်ကို ရိုက်သတ်ကြသည် ။

 

 

(ဆက်လက်ရေးပါမည် ။)

 

15 comments

  • ဦးဦးပါလေရာ

    April 18, 2012 at 3:08 pm

    နောက်တပိုင်းအထိမစောင့်နိုင်ဘူး…
    အခုပဲဖြတ်ပြောမယ်…

    အဲဒါ ဓလေ့တွေ ထုံးစံတွေ ခေါင်းစဉ်တပ်ပြီး
    ဥပဒေမဲ့ရမ်းကားတာ ဖြစ်တယ်။

    အဲလို ယုံကြည်မှု့မျိုးရှိရင် အစကတည်းက လူတန်းကိုမဖြတ်ဘို့ အလုံအလောက် သတိပေးတာ
    တားဆီးဘို့ စီစဉ်တာလုပ်သင့်တာပေါ့။
    ကိုယ်ယုံကြည်တာနဲ့ပဲ သူများအသက်ကိုသတ်ရမလား…။

  • ဗိုက်ကလေး

    April 18, 2012 at 3:20 pm

    ကြောင်တောင်တောင် အလှူတန်းပါလားဗျာ..
    ဘောက်ချာဘဲ..အဲလောက်တောင် ဂေါက်ကြသလား..ဟင် 🙄

  • htoosan

    April 18, 2012 at 3:20 pm

    တပ်မရေ နယ်တွေမှာက တော့ သတိထားနော် ။အမှတ်မထင် ကိုယ်အတွက် ဘာမှမဟုတ်ပေမဲ့ သူတို့ အယူအဆ ထိမိရင် ရှင်းရ အတော်ခက်တာ ။ တော်သေးတာပေါ့ ။ ရဲ ဝင်ဆွဲပေးလို့..
    ရှေး အယူတွေက အများကြီးကျန်သေးတာ။
    ှတပ်မတော့ ခံလိုက်ရပေမဲ့ အခုလိုရေးတင်တဲ့ အတွက် ကျွန်တော်တို့ ဗဟုသုတ တစ်ခုတော့ တိုးသွားတယ် ။ ကျေးကျေးပါ။

  • aungmyintmyat

    April 18, 2012 at 3:38 pm

    ကျေးဇူးပါဗျာ
    အသက်နဲ့ ရင်းပြီးရတဲ့ အတွေ့အကြုံကို အခုလို မျှဝေပေးတဲ့ အတွက်နော်
    ဟဲဟဲ နောက်နောင် လူအုပ်ကြီးမြင်ရင် မဖြတ်ရဲတော့ဘူး

  • TTNU

    April 18, 2012 at 3:45 pm

    အဲဒီတော့ အရင်ကကော လူဘယ်နှစ်ယောက်လောက်ကိုဒီအတိုင်း
    နှိပ်စက်ပြီးပြီတဲ့လဲ။ ရဲကကော ဥပဒေတွေဘာတွေ မရှိဘူးတဲ့လား။
    ဘာကြီးလဲ။

    တိုင်ပါ့လား။ နယ်မြေလုံခြုံရေးတို့ဘာတို့ ဘာလုပ်နေကြတာလဲ။
    ဒါဗုဒ္ဓဘာသာတွေတဲ့လား။ဘာကုသိုလ်မှရကြမှာမဟုတ်ဘူး။

    ကိုပါလေရာပြောသလို အစကတည်းက လူတန်းကိုမဖြတ်ဖို့
    အလုံအလောက် သတိပေးတာ
    တားဆီးဖို့ စီစဉ်တာလုပ်သင့်တာပေါ့။
    အယူတိမ်းနေကြပြီပဲ။

    • အိမ်လွမ်းသူ

      April 18, 2012 at 4:19 pm

      ” ကိုပါလေရာပြောသလို အစကတည်းက လူတန်းကိုမဖြတ်ဖို့
      အလုံအလောက် သတိပေးတာ
      တားဆီးဖို့ စီစဉ်တာလုပ်သင့်တာပေါ့။
      အယူတိမ်းနေကြပြီပဲ” Thumb up !!! absolutely nonsense superstitious !!

    • nigimi77

      April 19, 2012 at 10:37 am

      @ TTNU

      ဘယ်ကျေးရွာက ဘယ်သူတွေ ရိုက်ကြတာလဲ ဆိုတာ သေချာ စုံစမ်း သိထားပြီးပါပြီ ။

      တိုင်လို ့ တောလို ့ ပြီးပြတ်သွားမည့် ကိစ္စ မဟုတ်တာကြောင့် ဒီ ပို ့ကို ရေးတင်ဖြစ်

      သွားတာပါ ။ တိုင်လိုက်ခြင်း အားဖြင့် အခြေအနေက ပိုပြီး ရှုပ်ထွေးလာနိုင်ပါတယ် ။

      ကျွန်တော့် အမြင်ကို ပြောကြည့်ပါမယ် ။

      အုပ်ချုပ်ရေး အပိုင်း အနေနဲ ့ပါ ။ တချို ့ ကိစ္စတွေဟာ ဘာသာရေး လူမျိုးရေး

      အဓိကရုန်း ဖြစ်လာနိုင်စရာ ရှိတယ်လို ့ ယူဆမယ် ဆိုရင် ဒီကိစ္စကို တိုးတိုးတိတ်တိတ်ပဲ

      ပြီးပြတ်စေချင်တဲ့ အနေအထားမျိုးရှိပါလိမ့်မယ် ။ ဥပဒေ မခိုင်မာသေးတဲ့ အနေအထားမျိုး

      လို ့ပဲ ဆိုစေ၊ ဥပဒေကို အပြည့်အဝ လေးစားလိုက်နာမှု မရှိသေးတဲ့ အနေအထားမျိုးလို ့ဆိုစေ၊

      လောလောဆယ် အခုပြသာနာဟာ ဥပဒေ ဆိုတာနဲ ့ ဖြေရှင်းလို ့ မရနိုင်သေးဘူးလို ့

      မြင်ပါတယ် ။

      သာဓက အနေနဲ ့ ပြီးခဲ့တဲ့ နှစ်ကလည်း တပ်က ဗိုလ်မှုး တစ်ယောက်ရဲ ့ သားဖြစ်သူဟာ

      ကျွန်တော့်လိုပဲ ရိုက်နှက် ခံလိုက်ရတာ သွေးပွက်ပွက်ထွက်ပြီး ဆေးရုံရောက်တဲ့ အထိ

      သတိပြန်မလည်လာခဲ့ဘူးလို ့ အစောပိုင်းက ရောက်နေတဲ့ ရန်ကုန် အသိုင်းအဝိုင်းက

      ပြောပြကြပါတယ် ။ ဒါပေမဲ့ ဒီကိစ္စက ဒီလိုပဲ တိုးတိုးတိတ်တိတ် ပြီးသွားတယ်လို ့ ဆိုပါတယ်။

      ဒီတော့ မယောင်ရာကို ဆီလူးမည့် အစား ၊ ကျွန်တော်တို ့ရဲ ့ အတွေးအမြင်

      ကမ္ဘာကြီး ဖြစ်တဲ့ ဂေဇာတ်ကမှ တဆင့် အားလုံးသော သူတွေရဲ ့ အမြင်တွေ အတွေးတွေ

      တည့်မတ်လာစေဖို ့ ရေးသားတာဟာ ပိုပြီး ထိရောက်တဲ့ ဖြေရှင်းမှု ဖြစ်ပါလိမ့်မယ် ။

  • pooch

    April 18, 2012 at 4:16 pm

    ကိုနဂိမိရေ မင်္ဂလာရှိသော နှစ်သစ်ပါ။ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းပါစေ။

    နှစ်ဆန်းတရက်မှာ ဒီလိုအဖြစ်မျိုးကြုံရတာဆိုတော့ တော်တော်လေးတော့ စိတ်ထဲ ကသိကအောက်နိုင်မယ် ထင်ပါတယ်။

    အဲ့ဒီဒေသက ကျမတို့ မရောက်ဖြစ်တဲ့ အရပ်မို့ ဒီလိုဓလေ့တွေရှိတာကို ပြောပြတဲ့သူရှိမှသာ သိရမှာပါ။
    ဒါပေမဲ့ ဒီလို အစွန်းရောက်တာကတော့ မကောင်းလှပါဘူး။ ကျမတို့ မန်းလေးဘက်မှာလည်း ရှိပါတယ်။
    သခင်မတောင်ဘက် ပန်းကောက်ပွဲမှာ ပန်းအရင် မဆက်ပဲ ပန်ရင် လူသေတာမျိုးပါ။ တခါမှ ကိုယ်တိုင်တော့ မရောက်ဖူးပါဘူး။

    ဆက်ရန်တွေမျှော်နေပါတယ်။

  • Khaing Khaing

    April 18, 2012 at 9:39 pm

    စိတ်ညစ်စရာပါလားနော် တော်သေးတယ် မသေလို့ အခုလို့ရွာထဲကို ပို့စ်တင်နိုင်သေးတာ ………..ဒုတိယ ပိုင်းဆက်ဖတ်မယ်နော် …….

  • water-melon

    April 19, 2012 at 8:23 am

    တော်ပြီ ဒီနေ့က စပြီး
    ဝိတ်ကလပ် လက်ဝှေ့ တိုက်ကွမ်ဒို ဂျိုဒို ဗန်တိုဗန်ရှည် ရှိသမျှ သိုင်းတွေအကုန်သင်တော့မယ်

  • bigchef

    April 19, 2012 at 8:37 am

    ရခိုင်တွေ ကလူမျိုးရေးနဲ ့ပတ်သက်လာရင်သူများ ထက်ပို strong ဖြစ်သလိုဘဲ လို့ထင်တယ်.ဒါကတော့ အ ယူသည်းတာပါ. အ ကိုမဟုတ် ဘဲ တခြားသူ ဆိုလဲရိုက်မှာဆိုတော့ အဲဒီ မဖြတ်ရစည်းကမ်း ကို သူ.ဒေသခံ နဲ့ လူမျိုးတွေ ဘဲသိမှာပေါ့.တခြားသူတွေ ဘယ်လို သိနိုင်မှာလဲ. အမြင်ကျဉ်းလွန်းပါတယ်.အကို ့ အ တွက် စိတ်မကောင်းဘူး.ဒီခတ်ကြီးထဲ မှာဒါ မျိုးတွေ လဲရှိတာ အံ့ ပါ့.တော်တော်ဆိုးတဲ့ ပြီး ခတ်နောက်ကျ တဲ ့ အ ယူ အ ဆ ပါ.

  • htet way

    April 19, 2012 at 11:05 am

    အယူသီးတယ်ဆိုတာ ဘယ်မှာဖြစ်ဖြစ်မကောင်းဘူး
    ခုလို ဝိုင်းရိုက်လိုက်ကြတာ ရွာမှာ လူသေမှာစိုးလို့တဲ့
    ဒီလူတွေ တရားမရှိကြပါကလား။
    မဖြတ်ရ၊ မဖြတ်စေချင်ရင် ဦးဦးပါလေရာပြောသလို
    အလုံအလောက် အတိတလင်း ပြောထားတားထားလေ။
    ဥပဒေ အတိုင်း ဆောင်ရွက်ရမယ်လေ ရဲကလည်း ရိုက်သူကို ရိုးရာအရ မဖမ်းဘူးပေါ့
    ခက်ပြီ။

  • sugar sugar

    April 19, 2012 at 1:17 pm

    အင်း ဓလေ့ကကြောက်စရာကောင်းတယ်၊ အယူအဆ အမျိုးမျိုးပေါ့ဗျာ၊ တော်ပါသေးတယ်ဗျာ အသက်မသေ
    လို့၊ကံကြီး ပေလို့သာပေါ့

  • char too lan

    April 20, 2012 at 10:43 am

    ဒီလိုဆိုတော့ အခုရောဦးလေးဒဏ်ရာတွေသက်သာပီလား ??
    ဦးလေးမဟုတ်ပဲ အရင်ဒါမျိုးဝိုင်းရိုက်ခံရပီး ဘယ်နှစ်ယောက်လောက်သေပီးပီလဲမသိ… ???
    ဦးလေးသာ ဒီနိုင်ငံသားမဟုတ်ပဲ နိုင်ငံခြားသားဆိုရင် ဘယ်လိုဖြစ်မလဲ မသိ… ???
    သူတို့တွေက မျက်စိတွေတင်ကန်းနေကြတာမဟုတ်လောက်ဘူး
    ဦးနှောက်တွေလဲ ပျက်ချင်ပျက်နေကြမှာ ……….. 🙁

  • ster

    April 22, 2012 at 10:35 am

    တချို.မကောင်းတဲ. ရိုးရာတွေ၊ အစွဲအလမ်းတွေ ကို ပြင်သင်.ပါပြီ။ မသိတဲ. သူတွေ ဘယ်လိုလုပ် မလဲ။ 2012 လဲ ရောက်နေပါပြီ။ မပြင်ချင်လဲ မသိတဲ.သူတွေ အ န္တရာယ်မရှိအောင် ကြိုတင်စီစဉ် ထားပေါ.။ မဖြတ်ခင် တားပေါ.။

Leave a Reply