“Red or Blue?”

TTNUApril 20, 20121min36439

“Red or Blue?”

စကားလုံးလေးတွေလှတာနဲ့ အသုံးဝင်မလားဆိုပြီး တင်လိုက်ပါတယ်။ ကျမတို့
ဗမာစကားထဲမှာ အသုံးအနှုံးတစ်ခုရှိတယ်။ “ သူပြောလိုက်တာ စကားထဲမှာ အရောင်
ပါတယ်နော၊ သတိထားကြ” ။ တဲ့။

ဒီမှာ အဓိပ္ပါယ် က သူ့စကားထဲမှာ ဘက်လိုက်မှုတစ်ခုခု ဆိုလိုချက်တစ်ခုခုပါတယ်လို့
ရည်ရွယ်မယ်ထင်ပါတယ်။

အခု ကျမ တင်လိုက်တဲ့ ဝေါဟာရလေးတွေကတော့ အရောင်အများကြီးမပါပါဘူး။
အနီရောင် နဲ့ အပြာရောင် နှစ်မျိုးထဲပါ။ အနီလားအပြာလား ပေါ်မှာမူတည်ပြီးတော့
အဓိပ္ပါယ်လည်းပြောင်းသွားတော့တာပါပဲ။ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာသာစကား
လေ့လာရတာဝါသနာပါမယ်ဆိုရင်ပြောတာပါ။

အကယ်၍ Language ဝါသနာမပါဘူး၊ ဖတ်ရတာပျင်းတယ်ဆိုရင်လည်း
တစ်ခေါက်ဖတ်ကြည့်လိုက်ပါ။ တစ်နေ့နေ့ သူများပြောသံကြားရင် ငါဖတ်ဖူးတယ်။သိတယ်
ဆိုတယ် ခံစားချက်ရယူပါ။ မိတ်ဆွေတို့ တစ်ခေါက်ဖတ်ရတာ မပင်ပန်းပါဘူး။ ကျမ ရေးထုတ်
ရတာ နည်းနည်းအားစိုက်ရပါတယ်။ အဘိဓါန်သုံးပြီး မမှားအောင် အကြိမ်ကြိမ် စစ်ရပါတယ်။

ဒါကြောင့် စာဖတ်ကြပါလို့ မေတ္တာ ဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ကွယ်။
ကဲ အရင်ဆုံး သိမသိဖြေကြည့်ပါ။ စိတ်ပျက်သွားမှာစိုးလို့ အဖြေတန်းပေးထားပါတယ်။

အောက်ဖော်ပြပါဝါကျတွေ၊ စာစုတွေထဲက ကွက်လပ်တွေထဲမှာ red or blue တစ်ခုခု
ထည့်ပေးရမှာဖြစ်ပါတယ်။

(1) They caught her ______ -handed.
သူမကို လက်ပူးလက်ကြပ်မိတယ်။
(red – handed)

(2) peacock ______
စိမ်းပြာပြာအရောင်တောက်တောက်
(peacock blue)

(3) a bank account that is in the _______
ဘဏ်ကိုငွေပေးချေစရာရှိသော ဘဏ်စာရင်း
( a bank account that is in the red)

(4) to feel ______
( စိတ်မပျော်ရွှင်၊ ငိုချင်ချင်)
( to feel blue)

(5) once in a ___________ moon
တစ်ခါတစ်လေလေးပါ။
(once in a blue moon)

(6) ______________ cheese
အပြာရောင်သန်းတဲ့ ဒိန်ခဲ
(blue cheese)

(7) a _____________ deer
နွေမှာ အညိုရောင် သို့မဟုတ် နီညိုရောင်ပြောင်းသောသမင်
(a red deer)

(8) a ________-chip share
အရှုံးမရှိနိုင်တဲ့ စိတ်ချရတဲ့ ရှယ်ယာ
(a blue-chip share)

(9) government ______________ tape
အစိုးရ ကြိုးနီ စံနစ်
( government red tape)

(10) a ______________ herring in a whodunit
အမှုမှန်ဖော်ထုတ်ရေးမှာ အရေးမပါတဲ့ အချက်အလက်များ
(a red herring in a whodunit)

(11) It was like a ______________ rag to a bull.
ဒေါသူပုန်ထတော့တာပါပဲ။
( It was like a red rag to a bull.)

(12) a ________ -eyed boy
မျက်နှာသာပေးခံရတဲ့ ကောင်လေး
(a blue-eyed boy)

(13) ________bells growing wild in a forest
တောထဲမှာ အစွမ်းကုန် ပွင့်လန်းနေကြတဲ့ ခေါင်းလောင်းပြာပန်းလေးတွေ
(bluebells growing wild in the forest )

(14) The offer came completely out of the __________.
ကမ်းလှမ်းချက်က လုံးဝ မမျှော်လင့်ဘဲ ပေါ်လာခဲ့တယ်။
The offer came completely out of the blue.

(15) a __________ -collar worker
ကာယလုပ်သား
(a blue-collar worker)

(16) _______ -sky research
စိတ်ကူးသာရှိသေးတဲ့သုတေသန
(blue-sky research)

(17) to see ______________
စိတ်အလွန်တိုတယ်။
(to see red)

(18) a _________ – letter day
တစ်သက်တာမမေ့ အလွန်ေပျော်ရတဲ့နေ့
(a red-letter day)

(19) He went as _____________ as beetroot.
သူရှက်လို့ မျက်နှာကိုနီရဲ သွားတာပဲ။
(He went as red as beetroot.)

(20) a _________print.
ဒီဇိုင်း ပုံကြမ်း
( a blueprint )

တစ်ခါတစ်လေမှာ အနီရောအပြာရော ထည့်လို့ရတဲ့ စကားလုံးရှိသေးတယ်။

ဥပမာ။ ။ Blue-blooded = describes someone who has been born
into a family which belongs to the highest social class.
အဆင့်မြင့်မြင့်မိသားစုထဲမှာ ပေါက်ဖွားလာသူ။

ဥပမာ။ ။ Red-blooded = describes someone who seems full
of confidence or sexual energy.
ကာယခွန်အားတွေများပြီး နေသူ ၊
ယုံကြည်ချက်တွေ ပြည့်နေသူ။

ဆိုတော့ အရောင်လေးတွေ ကွဲပြားအောင်သုံးနိုင်ကြပါစေ လို့မှာလိုက်ပါရစေ။

39 comments

  • သမိန်ဂီ့

    April 20, 2012 at 12:57 pm

    မင်ဂါပါ တီချာကြီးရယ်…

    ဟိုဆြာကြီးများ တော်ချက် ..
    Red Heat ကို ဘာသာပြန်သွားတာ…ရဲရဲနီ တဲ့ …လှထှာနော…
    😛

    စကားအတင်းစပ် ..
    မောင်ဂီ့ သိတဲ့ အနီနဲ့ အပြာလေး ..အားဖြည့်ခွင့်ပြုပါခင်ဗျား…
    Red Ocean Strategy တဲ့ … သိပ်လှတဲ့ တင်စားချက်လေး..
    ကိုယ်ရော ပြိုင်ဖက်ပါ သွေးပင်လယ်ဝေပြီးယှဉ်ပြိုင်ရတဲ့ အခါ သုံးရတဲ့
    မဟာဗျူဟာတွေကို တင်စားထားတာပါဗျာ…

    ဒါမျိုးတွေကို နာမည်နဲ့ ဒေသတွေ ထုတ်ပြောရရင်ဖြင့်…
    အချိုရည်လောက မှာဆို ကိုလာ နဲ့ ပပ္ပစီ ..
    ကင်မလာလောက မှာဆို ကနွန်း နဲ့ နိုက်ကွန်း…
    စပိုစ့် မှာ ဆို နိုက်ကီ နဲ့ အဲဒီးဒက်စ်
    တခြားဟာတွေလည်း အများကြီး ကျန်သေးရဲ့ဗျာ…
    အဲ့ .. အနှီ Red Ocean Strategy ကို ဇောက်ထီး လုပ်ပြီး
    ပြန်လည် ချေပထားတာကတော့ Blue Ocean Strategy တဲ့ …
    သူကတော့ ကိုယ်တိုင် အခြေကျပြီး… ဈေးကွက်ကို လွှမ်းမိုးဖြန့်ကျက်ထားနိုင်တဲ့
    မားကတ်လီဒါ တွေ သုံးရတဲ့ နည်းနိဿျ တွေခည…

    တော်သေးဘီ..
    ခင်တဲ့ဂီ…

    အာဟိ ..ဒက်ဂလောက်..

    • TTNU

      April 20, 2012 at 1:33 pm

      မောင်ဂီရေ…
      ကနဦးစာဖတ်သူအဖြစ် အလေးပြုပါတယ်။
      မောင်ရင် ပေးတဲ့ စကားလုံးနှစ်လုံးစလုံး
      (Red Ocean Strategy and Blue Ocean Strategy)
      တို့ကို red-hot vocab များအဖြစ်
      မှတ်တမ်းတင်မယ်နော်။ 😛

      မေတ္တာဖြင့်
      တီချာနု

  • windtalker

    April 20, 2012 at 1:03 pm

    I caught pooch red-handed at water-festival mandap ! She was dancing with her friends ! Oh oh hot tel !
    Hee hee !

    • TTNU

      April 20, 2012 at 1:36 pm

      ကိုမောင်ပေရေ…
      ဘာတွေလုပ်နေပါသလဲ။
      စာမလာ၊ သတင်းမကြားရတာကြာပြီကော။
      မပူချ်က သင်္ကြန်မှာကတာ once in a blue moon နေမှာပါအေဟဲ့။

      • pooch

        April 21, 2012 at 12:35 am

        တီချယ်ရေ အခါတွင်းတုန်းက ကုသိုလ်ယူပြီး နားအေးပါးအေး နေခဲ့တာပါ။ အိမ်ထဲက အိမ်ပြင်တောင် မထွက်ခဲ့ပါဘူး။ မောင်ပေက အမူးမပြေသေးလို့ သူထင်ချင်တာတွေ ထင်နေတာပါ။

        ဒါနဲ့ တီချယ်ရယ် red and blue ဆိုလို့ အနော်သိတာကတော့ Red Ocean က ထုတ်တဲ့ running man ရယ် CNBlue ရယ်ပဲ သိပါတယ် ။ big fan မို့ပါ။ ခုမှ ပိုပြီး ပြည့်ပြည့်စုံစုံသိသွားတယ် ။ 😀

        • TTNU

          April 21, 2012 at 10:45 am

          Pooch ရေ…
          GI Blues သိတယ်မဟုတ်လား။
          ဂျီတွေ အိုင်ထဲမှာ ဘဲလို လူးနေကြတာလေ။ 😆

    • Diamond Key

      April 21, 2012 at 11:00 am

      If so, She will fell to blue. But that was once in a blue moon. Anyway that will be a red herring in a whodunit. :mrgreen:

  • ရောင်ခြည်ခ

    April 20, 2012 at 1:58 pm

    ဆရာမကြီး သင်ခန်းစာကို သေချာဖတ်ပြီး ကူးသွားပါတယ်နော်၊

  • Moe Z

    April 20, 2012 at 2:31 pm

    တီချာရေ သမီးတော့ လောလောဆယ် စာတွေနဲ့ခဏရန်ဖြစ်ထားတယ်
    ၃ ရက်လောက်တော့ ဘယ်သင်ခန်းစာမှမဖတ်ဘူး 😀
    ဒါပေမယ့် တီချာ့အတန်းကို မပျက်မကွက်တက်သွားပါတယ်နော်
    အရင်ကူးထားပါလိုက်မယ်
    Let me be a blue-eyed girl for a moment!

    • သမိန်ဂီ့

      April 20, 2012 at 2:51 pm

      အောင်မယ်ငီး ..ပြန်လာတော့လည်း
      အက်ပီဖုံး ဂျီးနဲ့ပါလား ဂျေပီလေးရဲ့….
      ကအင်ဂျီး ကတော့ …အဲ့ဒလာ မကြိုက်ဘူး…
      ဂစ်ဘဆင် လက်စပေါလ် လည်း မကြိုက်တော့ဘူး…
      ဖန်ဒါ မှ ဖန်ဒါပဲ …
      😛

      တီချာကြီးရေ…
      bluestocking ဆိုတာလေး … သတိရသား. …
      ခစ်ခစ်…

      အာဟိ..ဒက်ဂလောက်..

  • TTNU

    April 20, 2012 at 2:54 pm

    ရောင်ခြည်ခ ရေ…
    သင်္ကြန်တွင်းမှာ ပျော်ရဲ ့လား။
    မတွေ့တာ ကြာပြီလားလို့။

    မိုးစက်ပွင့်သို့တမ်းချင်းဆိုရတော့မယ်။
    ဘယ်ဆီများသွားနေတာပါလိမ့်။
    A blue-eyed girl ဖြစ်ချင်သလား။ 🙂
    An eye catching girl ဖြစ်ချင်သလား။ 🙄
    Apple of somebody’s eye လေး ဖြစ်ချင်သလား။ 😛

    • Moe Z

      April 20, 2012 at 3:04 pm

      သင်္ကြန်တွင်း ရ ရက်တရားစခန်းဝင်နေတာပါတီချာ
      အခုတော့ the evil eye ဖြစ်ချင်သွားပြီ 🙁
      အလကားနေ နှိပ်ကွပ်ချင်တဲ့သူတွေကို အကြည့်တစ်ချက်တည်းနဲ့ဆုံးမချင်လို့ ..

  • အမတ်ဒိန်

    April 20, 2012 at 2:58 pm

    တီချယ်ရေ..
    သင်တန်းလာတက်သွားကြောင်း သတင်းပို့ပါတယ် နော်.. 🙂
    The day NLD won in by-elections was a red-letter day for me.

    • TTNU

      April 20, 2012 at 8:23 pm

      မောင်အမတ်ဒိန်ရေ…
      ကျုပ်နဲ့ မောင်ရင် အမြင်တူသကွဲ့။

      ဒေါ်စုကို ဒေါ်နုက red carpet treatment ပေးချင်တာပါဆို။ 😎

  • kai

    April 20, 2012 at 3:17 pm

    (6) ______________ cheese
    အပြာရောင်သန်းတဲ့ ဒိန်ခဲ
    (blue cheese)

    အဲဒါ.. ဆိုင်မှာပြီးခဲ့တဲ့လကပဲဝယ်စားလိုက်သေးတယ်..။
    တကယ်ကို.. အပြာရောင်မှိုတွေတက်နေတာ.. တီချာရေ…
    ငပိလိုပဲ.. ပုတ်သိုးနေတာတဲ့..။ ကြိုက်လို့ဝယ်စားတာ…။ 😆

    နောက်တခုက.. ခေါင်းစဉ်ကိစ္စ..
    ဖတ်ဖတ်ချင်း.. တီချာတော့.. အမေရိကနိုင်ငံရေးများရေးသလားလို့..
    ခုတလော.. ရွေးကောက်ပွဲအတွက်… အပြာအနီတွေချည်းကြားနေမြင်နေရလို့လေ..

    အဲဒါနဲ့.. လွန်ခဲ့တဲ့..၈နှစ်က.. အိုဘားမားရဲ့နာမယ်ကျော်မိန့်ခွန်းလေးကောက်နှုတ်ပြန်တင်လိုက်တယ်..
    Barack Obama’s Red State Blue State Speech, 2004 တဲ့..

    The pundits, the pundits like to slice and dice our country into red states and blue States: red states for Republicans, blue States for Democrats. But I’ve got news for them, too. We worship an awesome God in the blue states, and we don’t like federal agents poking around our libraries in the red states.

    We coach little league in the blue states and, yes, we’ve got some gay friends in the red states.

    • TTNU

      April 20, 2012 at 8:39 pm

      ကိုခိုင်ရေ…
      Blue cheese ကြီးကြည့်ပြီး သွားရည်ယိုသကွဲ့။
      Cheese ကြိုက်တယ်ဟဲ့။

      “Red states for Republicans,
      Blue States for Democrats.”
      ဆိုတဲ့ Speech လေးအတွက် ကျေးဇူးပဲ။
      နည်းနည်းပဲဖတ်ဖူးတာ။ ဒါပေမဲ့ သူက ဘာပြုလို့
      We’ve got some gay friends in the red states.
      လို့ ပြောတာတဲ့လဲ။ ဘယ်လို Context နဲ့ တဲ့လဲ။
      တစ်ခါတစ်လေ နားကိုမလည်ဘူးတော့။ ❓

      • kai

        April 20, 2012 at 11:13 pm

        သိပ်တော့မမှတ်မိတော့ဘူးတီချယ်..
        သူပြောချင်တာက.. အဲဒီအချိန်ကစပြီးလူအာရုံကျစိတ်ဝင်စားနေတဲ့.. လိင်တူလက်ထပ်တဲ့ကိစ္စကိုရည်ညွှန်းချင်တာလို့ထင်တယ်..

        ရီပါ့ဗလစ်ကန်ရဲ့ခေါင်းဆောင်သမီးတွေက.. ဂေးတွေအများစုပါနေတာကိုး..
        အဲဒီတုန်းက.. ဒုသမ္မတရဲ့သမီး Mary Cheney က ဂေးလေ..။ 🙂
        စည်းရုံးတဲ့စကားပြောရင်းနောက်ပြောင်လိုက်တာထင်ပါတယ်ခင်ဗျား…။

      • Khaing Khaing

        April 25, 2012 at 10:51 am

        တီချယ်နုရေ ……. ကျောင်းလာတက်သွားပါတယ်နော် ……. သမီးကတော့ တီချယ်သင်ခန်းစာ တွေကို လိုရင်သုံးလို့ရအောင်လို့ ဖိုင်တစ်ခုကိုဖွင့်ပြီး မှတ်စုလုပ်ထားပါတယ်ချင့် ….. တစ်ခုမေးပါရစေနော် စာသင်ခန်းထဲမှာ သူကြီးရဲ့ ချီးတုံးကြီးကို ခိုးစားလို့ရပါလားချင့် …… ချီးတုံး ကြီးက စားချင်စရာကြီးနော် ……….

        ပညာရွှေအိုးလူမခိုး တီချယ်ရဲ့ရွှေအိုးတွေကို မီးသိမ်းထားပါတယ်ချင့်
        Khaing Khaing

        • TTNU

          April 26, 2012 at 9:30 pm

          ခိုင်ခိုင်ရေ…
          ဒီနေ့မှ ခိုင်ခိုင်ရဲ ့ Comment ကိုဖတ်မိလို့
          Reply လုပ်တာနောက်ကျသွားတာပါ။
          ကိုခိုင်ရဲ ့ Cheese တုံးကြီးကတော့ တီချာ့ Class တွေထံမှာ
          လူကြိုက်များနေလေရဲ ့ကွယ်။ ဒီလို ပြာတောက်နေတဲ့ ချိတုံးမျိုးက
          သိပ်မတွေ့ဘူးကြဘူးလေ။ တီချာလည်းကိုခိုင်ကိုတော်တော်ကျေးဇူးတင်သွားတာ။

          ဖိုင်ဖွင့်ပြီးမှတ်စုထုတ်ထားတဲ့ ခိုင်ခိုင်ကိုလည်းချီးကျူးပါတယ်။ 😛

  • manawphyulay

    April 20, 2012 at 3:28 pm

    တီချယ်ရဲ့ Red or Blue ကို သေချာ လေ့လာမှတ်သားကျက်မှတ်ဖို့ အကုန်ယူသွားပါတယ်နော်။ နှစ်ခုစလုံးထည့်ရမှာလား တစ်ခုပဲ ထည့်ရမှာလားဟင် … ထပ်ပြီးလည်း ဒီပြင်အရောင်နဲ့ အသုံးပြုပုံလေးတွေ သင်ပေးဦးနော်… ကလောင် ကလောင် ကလောင်
    ဟော သင်နေရင်း အတန်းဆင်းပြီ
    မင်္ဂလာပါ တီချယ်…. ကျေးဇူးတင်ပါတယ် တီချယ်….

  • ဗိုက်ကလေး

    April 20, 2012 at 6:03 pm

    တီချယ်ကြီးသင်ပေးတဲ့အထဲ once in a blue moon ဆိုတာလေးပဲ သိထားတာရှိတယ်
    ကျန်တဲ့ ၁၉ ခုမှာ တစ်ခုမှ မသိ.အဟိ..
    အရင်က တီချယ်ကြီးသင်ပေးထားတဲ့ မှတ်စရာ၊ သင်စရာ အကြွေးတွေလဲ တစ်ပုံကြီးပဲ အဟိ..ဘိုလုပ်ရမှန်းကိုမသိ.အဟိ
    ရသလောက်တော့ ခေါင်းထဲ ရိုက်သွင်းထားပါ့မယ် တီချယ်ရေ…တင့်ခရုပါ

  • နေဝန်းနီ

    April 20, 2012 at 6:13 pm

    တီချာရေ့….. ကျွန်တော်ကတော့ တီချာခေါင်းစဉ်မြင်တော့ ငယ်ငယ်က ကျွန်တော်တို့ ဆရာမကြီးတစ်ယောက် သချင်္ာ သင်တဲ့ အချိန်ကျရင် ခဲတန် နီ-ပြာ တန် ထုတ်ပြီး အမှန်ခြစ်ပေးနေတာ ပြန်သတိရတယ်…။ ငယ်ငယ်က အာစရိယ ကို ပြန်သတိရစေတဲ့ အတွက် ကျေးဇူးပါ…..။

  • blackchaw

    April 20, 2012 at 6:29 pm

    အတန်းထဲ ဝင်ခွင့်ပြုပါ တီချယ်ကြီးခင်ဗျာ။
    သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် လို့ ပဲ ပြောရတော့မယ်ခင်ဗျ။
    ဂီဂီ ပြောတဲ့ Blue Ocean Strategy ကို ကျွန်တော် လည်း
    အလွန်နှစ်သက် ပါကြောင်း။
    သို့သော် ဘယ်လောက်ပဲ Blue Ocean နေပါစေ။
    ငါးပွက်ရာငါးစာချ နောက်ကလိုက်တုမယ့်လူတွေပေါ်လာစမြဲမို့
    အချိန်တန်တော့လည်း Red Ocean ထဲပဲ ပြန်ရောက်သွားနိုင်ပါကြောင်း။
    ကျွန်တော့်အမြင်မှာတော့
    ဂဇက်မှာ တီချယ်ကြီးသွားနေတဲ့ လမ်းကြောင်းက
    Blue Ocean လို့ထင်ပါကြောင်းနဲ့ တီချယ်ကြီးရဲ့
    Blue Ocean ကို အားကျလေးစားမိပါကြောင်း…။
    စကားမစပ် ဂီဂီ သွားနေတဲ့ Blue Ocean လေးကိုလည်း အားကျမိပါကြောင်း…။
    ကျွန်တော် ကိုယ်တိုင်လည်း Blue Ocean လေးထဲမှာ နေချင်စိတ်ဖြစ်နေမိပါကြောင်း…။
    တီချယ်ကြီးရဲ့ အနီနဲ့အပြာကို ဝင်ခံစားသွားပါတယ်ခင်ဗျာ။
    😛

  • အမေရိကန်ငတုံး

    April 20, 2012 at 8:51 pm

    လေ့လာမှတ်သားမှတ်သားသာွးပါတယ်တီချာကြီးခင်ဗျား။
    တစ်ခါမှမကြားဖူးတဲ့စကားလုံးအသစ်အဆန်းလေးတွေ.လိုက်ရလို.ကျေးဇူးပါ။

    • TTNU

      April 20, 2012 at 9:11 pm

      အမေရိကန်ရေ…
      မောင်ရင်နာမည်ကလည်း ချစ်စနိုးခေါ်ရခက်လိုက်တာအေ။
      လေ့လာမှတ်သားသွားတာကိုပဲ တီချာကကျေးဇူးတင်နေတာပါကွယ်။

  • TTNU

    April 20, 2012 at 9:05 pm

    မနောလေးရေ…
    သင်ခန်းစာထဲမှာရောင်စုံဘောလုံလေးတွေထည့်လိုက်မယ်လေ။ 🙂

    ဗိုက်ကလေးရေ…
    ခေါင်းထဲတော့ အတင်းရိုက်မထည့်ပါနဲ့ သားရယ်။
    လောလောဆယ် ပုလင်းထဲ ခဏထည့်ထားပါလားဟင်။

    ကိုနေရေ…
    တော်သေးတာပေါ့၊ ခဲတန်နီပြာကိုသာမြင်လို့၊
    တီချာ့မောင်လေးကပြောတယ်။
    Red label and Black label ပဲမြင်နေသတဲ့။ 👿

    ကိုချောရေ…
    ကျေးဇူးပါ။ Blue jeans ဝတ်တဲ့ ခေတ်ရဲ ့ကလေးတွေကို
    အမှီ မလိုက်နိုင်တဲ့ တီချာ Blue ribbon ဆုရဖို့ အားထုတ်ရဦးမှာပါနော။ 😛

  • Ko Hla Myo Swe

    April 20, 2012 at 9:34 pm

    တီချယ်ရဲ့ red & blue post အတွက် ကျေးဇူးတင်ပါတယ်။
    တခြား အရောင်လေးတွေရှိရင်လဲ ကျေးဇူးပြုပြီးတင်ပေးပါအုံးနော်။

    • TTNU

      April 20, 2012 at 9:46 pm

      ကိုလှမျိုးဆွေရေ…
      ပထမဆုံး comment one အနေနဲ့ တီချာရဲ ့ ပို့စ်လေးကို
      လာဖတ်ပေးတဲ့ အတွက် ကျေးဇူးပါသားရေ။
      အကျိုးရှိမယ်ဆိုရင် ဝမ်းသာပါတယ်ကွယ်။
      မေတ္တာဖြင့်
      တီချာနု

  • မာမီရေ bluemoon မြန်မာလို လရိပ်ပြာဆိုရင်တော့ ကိုပေါက် လို့သာမှတ်ထားပေးတော့။
    ဒါပေမယ့် ပုံဖော်ထားတက စတော်ဘယ်ရီသီးနီနီလေး။
    အဲတော့ ကိုပေါက်က အနီနဲ့အပြာ ရောယှက်နေသူလို့ပြောရင်ရပြီထင်ပါရဲ့…………………

    • Diamond Key

      April 21, 2012 at 11:05 am

      ဒါက ကြော်ငြာဝင်တာ …………… :mrgreen:

  • kyeemite

    April 21, 2012 at 9:32 am

    ထုံးစံအတိုင်း ကျောင်းတက်နောက်ကျပြန်ဘီ တီချယ်ကြီးရေ…
    one-way ticket to the blue…ဆိုတာလောက်ဘဲကြားဖူးတာ..
    အဓိပ်ပါယ်တော့ ကောင်းကောင်းမသိ…
    မသိသေးတာတွေချည်းဘဲမို့ မှတ်သားသွားပါတယ်တီချယ်..

  • ကြောင်ကြီး

    April 21, 2012 at 10:30 am

    ကြောင်ကြီး feels blue with broken heart when ကြေးမုံဂျီး appears as a red army general on CCTV. 😥

  • Diamond Key

    April 21, 2012 at 11:09 am

    ွွှှတီချယ်ရေ၊
    လေးလေးစားစားနဲ့ ဖတ်မှတ်သွားပါတယ်ခင်ဗျာ 😀

  • TTNU

    April 21, 2012 at 11:14 am

    ကိုပေါက်ရေ…
    ဂျပ်ဆင်ရိပ်ကလရိပ်ပြာရယ် စတော်ဘယ်ရီ နီနီရယ်ပေါင်းစပ်
    လိုက်သောအခါ ထူးအိမ်သင်နဲ့ ဟေမာနေဝင်းဖြစ်လာပါတယ်။ :mrgreen:

    ကိုကြီးမိုက်ရေ…
    one- way ticket to the blue ပြီးရင်
    round trip ticket to Mars ဝယ်ထားနော်။ 😛

    ကိုကြီးကြောင်ရေ…
    အဲဒီအခါ ဒီလိုဆိုလိုက်ပေါ့
    When I’m feeling blue, all I have to do is a take look at you.
    Then I’m not so blue, when you show me red card …I’m on the red alert
    against on that blue….. 😆

  • luu noutlay

    April 22, 2012 at 11:00 am

    ကျနော်တို့ရွှာမှာ လာသင်ပေးပါလား
    အဲဒီလို အသုံးအနှ ုန်းတွေကို တစ်ခါမှ
    မတွေ့ ဘူးတာ
    အမှန်ပါပဲ

  • Onyx

    April 22, 2012 at 5:49 pm

    မှတ်စရာတွေကြီးပဲမို့ ကျေးဇူးးပါနော် ။နောက်ထပ်လဲ အဲလို မျိုးတွေ တင်ပေး စေချင်ပါတယ် ခင်ဗျာ။

  • Khin Latt

    April 23, 2012 at 3:22 pm

    တီချယ်ကြီး
    အခု တမြေထဲ နေနေရချိန်မှာ ပိုဝေးနေတယ်။
    အားလုံးကို သတိရနေပါတယ်။

    အိမ်ရောက်မှ ထပ်ဝင်ပါရစေ ရှင့်။
    ခေါင်းက သိပ်အလုပ်မလုပ်ဘူး။
    အပျော်လွန်နေလို့ပါ။ 🙂

    ချစ်တဲ့
    မလတ်

  • TTNU

    April 23, 2012 at 9:30 pm

    Luu Noutlay ရေ…
    မောင်တို့ရွာကဘယ်မှာပါလိမ့်။

    Onyx ရေ…
    စာဖတ်ပေးတာကျေးဇူးနော်။

    မလတ်ရေ…
    Pooch ပြောလို့ ပြန်ရောက်နေတာသိရတယ်။
    ပျော်နေမှာပဲနော်။
    ချမ်းမြေ ့ပျော်ရွှင်ပါစေကွယ်။

    မေတ္တာများစွာဖြင့်
    တီချာနု

  • ကိုလတ်
    ဒီနေ့ည ကိုလတ်နဲ့တွေ့ခဲ့သူက ဝမ်းသာအားရပြန်ပြောကြတယ်။
    ကျနော်စိတ်ထဲမှာ မမြင်ဘူးတဲ့သူကိုလွမ်းလိုက်တာလို့ပြောရင် ရီစရာကြီးလို့ထင်ကြမယ်နော်.
    တွေ့ခွင်ကြုံလု့ိ ဆုံနိုင်ပါအုံးမလားလို့တွေးမိပါရဲ့
    ဝါသနာတူ မိတ်ဆွေကြီးရေ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Leave a Reply