မိတ်ဆွေတို့ရေ……..
*မိဘကျေးဇူးဆိုတာ မြတ်စွာဘုရားပင်လျှင် နို့တစ်လုံးဖိုးသာကျေအောင်
ဆပ်နိုင်ခဲ့ပါတယ်*…….မိဘကျေးဇူးဘယ်လောက်ကြီးမားတယ်ဆိုတာတော့လူတိုင်းသိမှာပါ……..အထူးသဖြင့်
ဗုဒ္ဓဘာသာဝင်တိုင်းလဲ သိကြမှာပါ… ဒါကိုတော့ အထူးတလည်မပြောတော့ပါဘူး…….
အခု ပြောချင်တာက ဗုဒ္ဓဘာသာဝင် *နာမည်ကြီး*ဗေဒင်ဆရာတစ်ယောက် ၊
အခုတော်တော်လဲနာမည်ကျော်ရေပန်းစားနေပြီး နှစ်စဉ် အဆင့်မြင့်ရောင်စုံ
လက်ဆောင်ဗေဒင်စာအုပ်လှလှလေးတွေထုတ်ဝေရောင်းချနေတယ် ၊* အင်္ဂလိပ်စကားလုံးတွေကိုလဲ
အလျဉ်းမသင့်သင့်အောင်ထည့်ရေးတတ်တယ*်လို့ပြောရင်
လူတိုင်းရိပ်မိမှာပါ……နာမည်တော့မဖော်ပြတော့ပါဘူး…..
အဲဒီ ဗေဒင်ဆရာမှာ ဇနီး ၊ သား နဲ့ သမီးရှိတယ်…..ဇနီးကလဲ အမြဲလိုလို လှလှပပ
ဝတ်စားဆင်ယင်နေထိုင်တတ်တယ်…. သားကတော့ ခမ်းနားကြီးကျယ်လှတဲ့ ပညာတွေသင်ယူဖို့
ရေမြေရပ်ခြားကို သွားပါတယ်…. သမီးကတော့ မြန်မာနိုင်ငံရဲ့ ရခဲလှစွာသော
တက္ကသိုလ် မှာ ပညာသင်ရင်း ကြင်ယာရှာနေပါတယ်(စာရေးသူ၏
သေချာသောသတင်းဖြစ်ပါတယ်….လျှာရိုးမရှိတိုင်း
လျှောက်ပြောနေခြင်းမဟုတ်ပါ)……အဲဒီလိုအရာရာ ပြည့်စုံချမ်းသာနေတဲ့ မိသားစုမှာ
ငွေရေးကြေးရေးကလဲ ဘာမှပြောနေဖို့လိုမယ်မထင်ပါဘူး…
အတိုင်းထက်အလွန်ပေါ့……*.မြန်မာနိုင်ငံမှာ
“ဒါဘာကားပဲဟေ့”လို့ အမည်မတပ်နိုင်တဲ့ ကားကောင်းကြီး ၃ စီးလဲ ပိုင်သေးတယ်*…
ဒါပေမယ့် အဲဒီမိသားစုမှာ *ဘယ်သူမှမယုံနိုင်တဲ့ ၊
ဘယ်ဗုဒ္ဓဘာသာဝင်မျှလုပ်ဖို့မပြောနဲ့…စိတ်နဲ့တင်မတွေးဆနိုင်တဲ့
လူမဆန်တဲ့လုပ်ရပ်*ကို တစ်မိသားစုလုံး လုပ်နေကြတယ်…… အဲဒီမိသားစုမှာ *အသက်
၉၄ နှစ်ခန့်ရှိတဲ့ မိခင်အိုကြီး*ရှိတယ်… မိခင်အိုဆိုတာလဲ
ပေါ့သေးသေးမထင်လိုက်ပါနဲ့…..ယခင်အရွယ်ကောင်းစဉ်တုန်းက
အင်္ဂလိပ်စာအထက်တန်းပြဆရာမပါ….. ယခုထက်တိုင်သတိကောင်းတုန်း..အင်္ဂလိပ်စကားကို
သွက်သွက်လက်လက် မှန်ကန်မြန်ဆန်စွာ ပြောနိုင်နေတုန်းပါ….အသက်ကြီးလို့
မျက်စေ့ကတော့ တော်တော်မကောင်းတော့ပါဘူး…. ထိုကျေးဇူးရှင်မိခင်ကြီးကို
ကျေးဇူးဆပ်သည့်အနေနှင့်လားမသိ…*ကားဂိုဒေါင်အပေါ်ထပ်က
ကော်ဇောအစုတ်အပြတ်ခင်းထားတဲ့ အခန်းဟုပင်သတ်မှတ်ရခက်တဲ့ နေရာ*မှာ
တစ်ယောက်တည်းနေခိုင်းတယ်တဲ့…..မိတ်ဆွေစဉ်းစားကြည့်…အသက် ၉၄
နှစ်အမေအိုကြီးနေတဲ့နေရာကို *သားလုပ်တဲ့သူက
တစ်လနေမှတစ်ခါမလာဘူး*…..နေခိုင်းတော့လဲ
*အိမ်ဖော်တွေနဲ့တူတူ*…စားရတဲ့ ထမင်းကျတော့လဲ အိမ်ဖော်တွေနဲ့တန်းတူ
*ဆန်ကြမ်း*…..
*ဟင်းကျတော့လဲ တစ်လမှ ငါးရက်ပေးတယ်*တဲ့….ကြားလို့မှကောင်းကြရဲ့လား…ပေးရင်လဲ
တစ်နေ့လုံးအတွက် ဘဲဥတစ်ခြမ်း…. အမေအိုကြီးက အဲဒီဘဲဥတစ်ခြမ်းကို
မနက်လေးပုံတစ်ပုံ ၊ ညလေးပုံတစ်ပုံ ခွဲစားရတယ်….အသားဟင်း ၊
ဟင်းရွက်ကြော်နဲ့စားရဖို့နေနေသာသာ…တစ်လကိုဟင်း ၅ ကြိမ်ပေးဖို့ပင်
ဝန်လေးနေကြတယ်….ဒီ ၉၄ နှစ်ရှိတဲ့ အဖွားအိုကြီးက
ဘယ်လောက်စားနိုင်မှာလဲ….*တစ်ခါတစ်ခါ
အကြွင်းအကျန် ဟင်းသိုးဟင်းကျန်တွေကို အိမ်ဖော်တွေကိုချကျွေးမှ
အမေအိုကြီးကစားခွင့်ရတယ်*…. ဟင်းရတဲ့ ၅ ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာ
အမေအိုကြီးကသူ့ပိုက်ဆံနဲ့သူ ဟင်းဝယ်စားရတယ်…အသက်ကကြီးပြီဆိုတော့ ထမင်းဆိုင်က
ဟင်းတွေဘယ်စားနိုင်မလဲ….. ဟင်းဝယ်စားတဲ့ပိုက်ဆံကိုလဲ
သူတို့ပေးတယ်မထင်လိုက်နဲ့…. သူတို့ခွေးကျင့်ခွေးကြံကြံနေတာကို မကြည့်နိုင်တဲ့
ဆွေမျိုးတွေကန်တော့ထားတဲ့ပိုက်ဆံတွေပါ….အမေအိုကြီးက
အိမ်ဖော်တွေနဲ့တူတူနေရလို့ အိမ်ဖော်တွေက
ပြုစုတယ်မထင်ကြပါနဲ့…*အိမ်ဖော်တွေစားဖို့ဆန်ကြမ်းကို
Rice* *Cooker နဲ့ချက်ပေးရတယ်*…မျက်စေ့မမြင်ရတဲ့ကြားထဲ
အိမ်ဖော်တွေစားဖို့အတွက်ပါချက်ရတယ်ဆိုတော့…..

ဒီလိုဒဏ်တွေကိုခံရလို့ အမေအိုကြီးမှာလဲ
တဖြည်းဖြည်းပိန်လာပါတယ်….ဒီအကြောင်းတွေကိုသိတဲ့ဆွေမျိုးတွေကတော့….
တစ်လတစ်ခါ အမေအိုကြီးအတွက် အသားဟင်း ၊ အခြောက်အခြမ်း ၊
သုံးဖို့ငွေပေးကြတယ်လို့ကြားရပါတယ်…..
အမျိုးတွေကပေးလို့ဒီလိုလုပ်နေလေသလားတော့မသိ ၊ ဒါပေမယ့်… ဒီလိုလုပ်ရပ်က
ရိုင်းရိုင်းပြောရရင် သူတောင်းစား ၊ ခွေး ၊ တိရစ္ဆာန်တွေတောင်လုပ်မယ့်
လုပ်ရပ်မဟုတ်ပါဘူး…..ဘယ်လောက်ပဲဆင်းရဲမွဲတေပါစေ ၊
မိဘကိုဒီလိုလုပ်ကြမှာမဟုတ်ပါဘူး….*
ကံကြီးထိုက်မှာမကြောက်ကြဘူးလားမသိဘူး…..မြေမြိုကြပါစေ*…….

စာရေးသူ ရေးထားတာကိုတော်တော်နဲ့ယုံကြမှာမဟုတ်ပါဘူး…… စာရေးသူတောင်
မယုံနိုင်လောက်အောင် ရွံရှာစက်ဆုပ်မုန်းတီးခဲ့ရပါတယ်……
ဒီအကြောင်းကို လူအများသိအောင် ဒီ Mail ကို Forward လုပ်ကြပါ….
ဒီဗေဒင်ဆရာကိုလဲ ဘယ်သူလဲသိရင် ဝေးဝေးကရှောင်ကြပေါ့…….
*”မိဘကျေးဇူးသိသူတိုင်း မိဘကျေးဇူးဆပ်နိုင်ကြပါစေ”*ဟုဆုတောင်းရင်း………….

About zaylay

Zar Lay has written 225 post in this Website..

I am simple girl. I like raining season.