လာမည့်ဇွန်လ ၂၆ ရက်နေ့၌ လတစ်စိတ်တစ်ပိုင်း ကြတ်မှုဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ပညာရှင် များထံမှ သိရှိရပါသည်။
အဆိုပါ ဖြစ်စဉ်သည် မြန်မာ နိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများ၊ သြစတြေးလျ၊ အမေရိက အနောက်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒ ရာတို့တွင် ဖြစ်ပေါ်မည်ဖြစ်ကာ နှစ် နာရီ ၄၄ မိနစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။ ဖြစ်ပေါ်မည့်အချိန်မှာ အဆိုပါနေ့ ညနေ ၄ နာရီ ၁၇ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ပြီး မြင်ကွင်း အကောင်းဆုံး အချိန် မှာညနေ ၅ နာရီ ၃၇ မိနစ်ဖြစ်ကာ ညနေ ၆ နာရီ ၁၁ မိနစ်တွင် လကြတ်မှု ဖြစ်စဉ် ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။
”အခုချိန်က မိုးရာသီကာလ ဖြစ်တဲ့အတွက် လကြတ်မယ့်နေ့မှာ တိမ်ထူထပ်တာ တွေရှိခဲ့ရင် ဖြစ်စဉ်ကို မြင်နိုင်မှာမဟုတ်ပါဘူး။ နက္ခတ် ပညာရပ်မှာ နေကြတ်လကြတ်တာ ကိုဟောကိန်းထုတ်တတ် ကြပေမယ့် အခုနောက်ပိုင်းမှာဆိုရင် နေကြတ်တာကိုပဲ အဓိကထားပြီး ဟောကိန်း ထုတ်ကြပါတယ်။ လကြတ်တာကို နိုင်ငံတော်တော်များများမှာ တွေ့မြင်ခွင့်ရှိပေမယ့် နေကြတ်တာကိုတော့  နိုင်ငံအနည်းစုပဲ မြင်တွေ့ရလို့ပါ” ဟု နက္ခတ်သိပံ္ပအသင်းမှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ဆိုပါသည်။
လကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင် ပုံမှန် နှစ်ကြိမ်ဖြစ်သော်လည်း ယခုနှစ်တွင်မူ သုံးကြိမ်ဖြစ်ပေါ်ကာ ဇွန်လ ၂၆ ရက်ဖြစ်စဉ်မှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

******

ထုံးစံအတိုင်း အလဲဗင်းမှာဖတ်ရတာပါ ။ ၂၆ ရက်နေ့ ကျ သတိထားကြည့်ကြရအောင်

About Shwemannmay

Shwe mann may has written 58 post in this Website..

သာမန်သူလိုကိုယ်လို မိန်းမတစ်ယောက်ပါပဲ