ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ

zaylayJune 14, 20101min804

လူတိုင်းကိုယ့်ချစ်သူနဲ့အတူနေချင်ကြတယ်..အကြောင်းအမျိူးမျိူးကြောင့်မနေနိူင်တဲ့သူတွေအတွက်ချစ်သူတို့
ချစ်သက်တမ်းပိုရှည်ကြာအောင်နေနိုူင်မဲ့နည်းလေးတွေရေးလိုက်ပါတယ်…..ဖတ်ပြီးသားသူတွေလည်းရှိမှာပါ
မဖတ်ရသေးတဲ့သူတွေအတွက်အသစ်ပေါ့….

1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်

2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို မလှောင်ပါနှင့်

3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်

4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်

5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်

6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်

7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ

8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်

9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်

10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ

11. ဒေါသနဲ့ စကားမပြောပါနှင့်

12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ

13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်

14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်

15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်

16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ

17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ

18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ

19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်

20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ

21. ဖြစ်နိုင်လျှှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို
မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)

22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ

23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ

24. အခွင့်အရေးရတိုင်း မယူပါနှင့်

25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။

သူငယ်ချင်းများအားလုံးကိုယ်ချစ်တဲ့လူနဲ့အေးချမ်းစွာအတူနေနိူင်ကြပါစေ……

4 comments

  • နွေးနွေး

    January 13, 2012 at 9:37 pm

    ကြိုက်တယ်

  • windtalker

    January 13, 2012 at 9:51 pm

    ယောက်ျားများအတွက်
    ကိုယ့်ထက် ၅ နှစ်လောက် ငယ်တဲ့ ချစ်သူမျိုး နဲ ့ဆုံခွင့်ရလို ့ထပ်မဝေးချင်ဘူးဆိုရင်
    ၁ ။ သူ ဘာပြောပြော ခေါင်းငြိမ့်ပါ ။ မှားမှား မှန်မှန် ။ ဂျစ်လျှင်လည်း မကြားချင်ဟန်ဆောင်ပြီးနေ
    ၂ ။ သူ ့စိတ်ထဲရှိသမျှ အားလုံး လိုက်လျှောပါ ။ သူမ စိတ်ထဲ မပါ၊မရှိ တာ ကို ဇွတ်မလုပ်ပါနဲ ့
    ၃ ။ ချစ်သူသက်တမ်း တစ်လပြည့်တိုင်း သတိတရ နဲ ့အထိမ်းအမှတ်ပွဲ သော်လည်းကောင်း လက်ဆောင် သော်လည်းကောင်း ပေးဖို ့မမေ့ပါနဲ ့
    ၄ ။ သူမ အတွက် အင်းကျီ ၊ အသုံးအဆောင် တစ်ခုခု ဝယ်ပေးမည် ဆိုလျှင် ၊ သူမ ကို ခေါ်ပြီး သူမ စိတ်တိုင်းကျ ရွေးခြယ်ခိုင်းပါ
    ၅ ။ သူမ ကို ကိုယ့်ထက်ငယ်တယ် ၊ ကလေး ဆန်တယ် ဆိုပြီး အိမ်မွှေးတိရစ္ဆာန် လုံးဝ ဝယ်မပေးပါနဲ ့၊ အဲ့အကောင် နဲ ့လုနေရမယ် ။
    ၆ ။ ကိုယ်က သူမထက် အသက်ကြီးတဲ့အတွက် ၊ သူမ အခြားကောင်လေးများ အကြောင်းပြောလာလျှင် မသိချင်ဟန်ဆောင်ပေးပါ ။ ကိုယ့်လက်ထဲမှာ သူမ ရှိတဲ့အတွက် ပြီးမှ နားပန်ကျင်းကျင်း….ဟဲဟဲ
    ရ ။ တစ်ခါတစ်လေ သူမ က လူကြီးပုံမျိုးနဲ ့စီးပွားရေး ဘယ်လို လုပ်ပါလို ့ပြောဆိုအကြံပြုလာလျှင် ၊ သူမ ပြောတဲ့အတိုင်း တစ်ကယ်လုပ်တော့မည် ပုံမျိုး နှင့် လက်ခံပေးပါ ။ ပြီးမှ မလုပ်လဲ ဘာမှ မဖြစ် ။
    ၈ ။ သူမ သည် ကိုယ့်ထက် ငယ်သည့်အတွက် ၊ ကိုယ့်လို လက်ထပ်ချင်စိတ် ရှိချင်မှ ရှိဦးမည် ကို ဇွတ်မပူဆာပါနဲ ့။ သင့်ဘက်က ပိုင်နေလျှင် သူမ သင့်ကို လက်ထပ်မှာပါ ။
    ၉ ။ အဲဒါတွေ လုပ်ပေးခဲ့ပြီးတာတောင် ၊ ဂျစ်ကန်နေသေးရင်တော့ ဖင်ကို သာ ကန်ချလိုက်တော့

Leave a Reply