အမြင်မတော် တာလေးတွေ

OnyxApril 29, 20121min23619

ဒီပိုစ်ကို တင်မယ်တင်မယ်နဲ့ လုပ်နေတာ ကြာပါပြီ ။ ဒီကြားထဲ ခရီးပါ ထွက်လိုက်ရတော့ ပိုပြီး ကြာသွားပါလေရော

ဖြစ်ကြောင်းအစက ဂလိုပါ ………….

ရန်ကုန်မှာ နေပြီး ဘတ်စ်ကား စီးပြီး ရုံးတက်ရတဲ့ လူတွေ နေစဉ် လိုလိုကြုံတွေ့နေကြ ပါ ။ ရုံးတက်ရုံးဆင်း ဆို မီးပွိင့်တွေမှာ ကားတွေက ပိတ်တာ တော်ရုံနဲ့ မလွတ်နိုင်ပါဘူး

တစ်ခါတစ်ခါဆို မီးပွိင့်မှာ နှစ်ခါ သုံးခါ လောက်ကို ပြန်မိ နေတက်ပါတယ် ။သာမန် သူလိုကို လို ရုံးတက် မမှီတာတို့ ကားလမ်းပိတ်လို့ အိမ်ပြန်နောက်ကျ တာကတော့ ဘာမျှ မပြောလိုပါဘူး ။ဘာလို့ဆို ထွက်ချိန်ကို မိနစ် ၂ဝ နာရီဝက်လောက်စောထွက်ရင်လွတ်နိုင်သေးတယ်မဟုတ်ပါလား ။အဲဒါက ထားတော့ မီးပွိင့်မှာ ရှိနေတဲ့ ဘဲပုတွေ မရှင်းပေးလဲ ခဏကြာရင် အလိုလို နားလည်မှုနဲ့ လမ်းရှင်းသွားမှာဆိုတောလေ ။ သို့ပေမဲ့ အရေးပေါ် လူနာ တင်ရင်လာရင် ဒီလောက်အချက်ပေး သံ ဥဪ ဆွဲ ပါလက်နဲ့  လမ်းပေါ်ကားတွေကလဲ ဘေးကပ်ပေးဖို့ ဝေးဆွ သူတို့က ပိုလို့တောင် အရေးကြီးတဲ့ ပုံနဲ့ လမ်းလုမောင်း ကြတာတွေလဲ မြင်နေရတယ် ။

ဒီထက်ပိုဆိုးတာက လှည်းတန်းလို ဘဲဥ တွေ လေးငါယောက်လောက် ရှိတဲ့ ပွိင့်မှာပေါ့ အရေးပေါ် လူနာတင်ရင် လာနေတာကို ပလက်ကုလားထိုင်မှာ အခန့်သားထိုင်ကြည့် နေတာကတော့ မဖြစ်သင့်ပါဘူး သူတို့ တွေရဲ့ အရာရှိကားများလာမယ်ဆိုရင်တော့ လား လမ်းအလယ်မှာကို နှစ်ယောက်လောက်က မဆင်တော့ဘူး ဝီစီ သံကလဲ မပျက်မှုတ်လို့ တစ်ကယ်ပဲ တာဝန်တွေ ကျေနေတဲ့ ရဲဘော်တွေအလား လုပ်ပြနေလိုက်ကျတာ(ကြိုပြီးတော့ကိုရှင်းတာ) ။ အင်းအဲဒီ ကားတန်းများ ဖြတ်သွားပြီးရင်တော့လာ ကျန်တဲ့ ကားတွေ ဘယ်လိုပိတ်ပိတ် လေညှာကလူ အနေသာကြီး ဆိုသလို ခုန်နဲ့ ဖင်ကပ်တာ ခွာ မရဘူးတောင်ထင်ရတယ် ။

အတော် ကို စိတ်ပျက်ဖို့ကောင်းပါသကော်……….အော်အော် အမြင်မတော်တာလေးတွေ ပြောပါတယ်…

တရားမျှတ မှုကို လိုလားတဲ့ Onyx

 

19 comments

  • မဟာရာဇာ အံစာတုံး

    April 29, 2012 at 8:17 pm

    အင်း ….
    ကျနော်လည်း နေ့တိုင်းလောက် နီးပါး ဒါမျိုးတွေ တွေ့တွေ့နေရတဲ့ လူတစ်ယောက်ပါပဲ ..
    ကိုအိုအန် (ဒါပဲ ခေါ်ဒေါ့မယ်) ပြောသလိုပဲ အဲဒီကောင်တွေက သူ့အဖေတွေလာမှ ဖင်ပေါ့ပါးတဲ့ ကောင်တွေ …
    ကျန်တဲ့ အချိန် ကားတွေ ဘယ်လို ပိတ်ပိတ်၊ ဘာကားပဲ တစ်ဝီဝီ အော်နေအော်နေ .. လှုပ်တောင် လှုပ်ဘူးရယ် …
    အဲ … မီးသတ်ကားတွေတော့ ဘာဘူးဂျ ..
    (အဲဒီ .. မီးသတ်ကားတွေလည်း သူရို့ အဖေတွေပဲ ထင့်ပါရဲ့)
    ဒါနဲ့ ထမင်းစားချိန်လောက်၊ ညနေ နားတော့မယ့် အချိန်လောက်ဆို အလုပ်လုပ်ပါတယ်ဗျ ..
    ကားတွေ ကြပ်နေလို့ လမ်းကြောမဟုတ်ဘဲ ကျော်တက်ပြီး ဝင်လာတဲ့ ကားတွေဆီကို ပိုက်ပိုက် သွားတောင်းဖို့လေ … 😀
    ကျုပ်တို့ မြန်မာပြည်ကြီးမှာ အဲလို ကောင်မျိုးတွေ ဝန်ထမ်း အဖြစ် ရှိမနေသင့်ဘူး ..
    တကယ့် နိုင်ငံတော်အတွက် အလုပ်လုပ်မယ့် လူမျိုးတွေပဲ ရှိနေသင့်တာ …
    အင်း .. ဘယ်တော့များမှ … 🙄

  • Onyx

    April 29, 2012 at 8:29 pm

    ဟုတ်တယ်ကိုအံစာတုံးရေ သူတို့တွေက ဖအေလာမှ ဖင်ပေါ့တာ ထောက်ခံတယ် ။ ပိုက်ဆံတောင်းတာတော့ ပြောပြောချင်ဘူး မီးသတ်ကားမှ မရှင်းပေးရင်တော့ လမ်းပိတ်နေလို့ မီးမသတ်ပေးနိုင်တာပါလို့ ဟိုပါဒီပါ ပါနေမှာ ဆိုးလို့နေမှာ ဒါမှ မဟုတ် သူတို့ ပထွေးတွေ က တိုက်ရိုက်ခိုင်းလိုက် တာကြောင့်လဲ ဖြစ်နိုင်ပါဒလယ်လို့
    အော်ဒါနဲ့ မဟူရာလို့ လဲ ခေါ်နိုင်ပါတယ် ခင်ဗျာ

  • htet way

    April 29, 2012 at 8:54 pm

    အားပေးပါတယ် ဆရာလေး
    ဆက်ရေးပါ

  • Onyx

    April 29, 2012 at 9:00 pm

    ဟုတ်ကဲ့ပါ ကိုထက် ကြိုးစားပါ့မယ် ခင်ဗျာ

  • may flowers

    April 29, 2012 at 9:25 pm

    အင်း…မှန်တာတွေသိပ်ပြောတာပဲ…လူဆိုး

  • ster

    April 29, 2012 at 10:07 pm

    တော်ရုံပဲကောင်းပါတယ်။ ယာဉ်အသွားအလာ များတဲ.အချိန်တွေမှာ အစောကြီး လမ်းကြို ပိတ်ထားတာတွေ တတ်နိုင်သလောက် ရှောင်သင်.ပါပြီဗျာ။

  • mgwalone

    April 29, 2012 at 11:45 pm

    ပိုက်ဆံတောင်းလို့ ရတဲ့ နေရာတွေမှာ ညမအိပ်ပဲ သွားစောင့်ပြီး ပိုက်ဆံတောင်းတယ်။ နေ့ခင်း အလုပ်လုပ်ရမဲ့ အချိန်မှာ အိပ်နေတယ်။
    တာဝန်ချိန်ပြည့် ဘယ်တော့မှ တာဝန်ကျတဲ့ နေရာမှာ မရှိ။ အဲ သူတို့ အဘတွေ လာမယ့်နေ့ဆိုရင်တော့ အမြဲ ရှိတယ်။ အမြင်မတော်တာလေးတွေ ရှိရင် ပြောပါဗျာ။ အားပေးပါတယ်။

  • blackchaw

    April 30, 2012 at 8:53 am

    စကားမစပ်ဗျာ
    Onyx ကို ဘယ်လို အသံထွက်ရမလဲဗျာ။
    အဲဒါလေး ကျွန်တော် အခက်တွေ့နေတာပါ။
    ခင်ဗျားလိုလားတဲ့ တရားမျှတမှုဆိုတာကြီးက
    မကြာခင်ရောက်လာတော့မှာပါ…။
    စောင့်ရလှ ၁ဝ နှစ် ၁၅ နှစ်ပေါ့နော့။
    အပျော်ဝင်နောက်သွားပါတယ်ဗျာ။
    😀

  • kaung kin pyar

    April 30, 2012 at 9:13 am

    မနက်ပိုင်းရုံးတက်ရတဲ့သူတွေ အတော်ကို ဒုက္ခရောက်ပါတယ်…။ ခုလို နေပူတဲ့ရာသီဆိုပိုဆိုး..။ ကားပေါ်မှာ လူနံ့၊ ချွေးနံ့တွေနဲ့ ။ ဒီကြားထဲ မီးပွိုင့်မှာ စိမ်းတဲ့ထိ စောင့်ရ၊ လမ်းကြောင်းကားလာရင် စောင့်တော့ တစ်မုန်းပဲ…။ လှည်းတန်းပွိုင့်ကတော့ စိတ်ပျက်စရာအကောင်းဆုံးပွိုင့်ပါပဲ….။ ရန်ကုန်အင်းစိန်လမ်းမှာ ဆင်ရေတွင်းလောက်ကတည်းက ပိတ်ပြီ..။ ရုံးသွားချိန်ဆို။ ဪ..ဒုက္ခ..ဒုက္ခ..။

  • Onyx

    April 30, 2012 at 9:14 am

    ဟုတ်ကဲ့ပါ ကိုဝလုံးရေ အခုလိုပြောတဲ့ အတွက် အမြင်မတော်တာတွေကို ဆက်ရေးကို ရေးပါအုန်းမယ် ။
    ဘဘလက် ရေ အဲဒါက အသံထွက် နှစ်မျိုးထွက်တယ်ဗျ ။Onyx ကို ကောနစ် လို့ထွက်သလို အိုးနစ်လို့လဲ ထွက်ပါဒလယ်လို့ အားပေးကြလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ

  • mg mg

    April 30, 2012 at 9:45 am

    နောက်များကြုံလျင် ဓာတ်ပုံရိုက်ပြီးအချိန်နာရီလေးများပါထည့်တင်ပေးနိုင်လျင်
    ပြုပြင်ရေးအတွက်ပိုအကျိုးရှိနို်င်မည်ထင်ပါသည်။

  • ဆူး

    April 30, 2012 at 10:19 am

    လူ့ အသက်ထက် အရာရှိ က ပို အရေးကြီးတယ်ဟဲ့..
    ဘာမှ မလုပ်ပေးလိုက်လို့ သေသွားလည်း သူ့ ကို ဘာမှ မပြောဘူး။
    အရာရှိ လာလို့ မလုပ်ပေးရင် အီလုပ်ပုတ်သွားမယ်ဟဲ့.. သိရဲ့လားဟဲ့.. ဟိဟိ.. ဘဲပုတွေ အား ပြောကြည့်တာ။

    တော်တော် ဆိုးတဲ့ ဘဲပုတွေ.. သူတို့ကို လိုင်းကြေးပေးရင် မီးပွိုင့်ကို အမြန်လွတ်ပေးတာတွေ ရှိသေးတယ်။

  • Onyx

    April 30, 2012 at 10:23 am

    ဟုတ်ကဲ့ ကြိုးစား ကြည့်ပါအုးန်မယ် ခင်ဗျာ ။ဓါတ်ပုံတွေပါ တွဲ တင်ချင်ပေမဲ့ ကိုယ်တိုင်က ဘစ်ပေါ်မှာ ဆိုတော့ သိပ်မလွယ်လှ ဘူးလေ ဒါပေမဲ့ ကြိုးစားကြည့်ပါမယ် ရုံးဆင်းချိန်ဆိုရင်တော့ အဆင်ပြေပါဒလယ်

  • laypai

    April 30, 2012 at 12:13 pm

    ဘဲ ဥတိုင်း မဖြူပါဘူး ဗျ။
    လင့်လမ်း ပွိုင့် မှာ တာဝန်ကျတဲ့ ဘဲဥ ကတော့ တာဝန်ကျေတဲ့ အကြောင်း မန်းဂေဖက်မှာ လား မသိဘူး ရေးတင်ထားတာ ဖတ်ခဲ့ ဖူးတယ်။
    နာမည်က ခင်မောင်တင့် လား ခင်မောင်မြင့် လား သေသေ ချာချာ တော့ မမှတ် မိတော့ဘူး။
    ဖတ်ပြီး မှ ဘဲ ကို လဲ သတိထားမိတယ်၊
    အမြဲ တပြုံး ပြုံး နဲ့ လက်ပြ ပြီး အလုပ်လုပ်နေတာ တွေ့ ရတယ်။

  • Onyx

    April 30, 2012 at 1:25 pm

    ဟုတ်ပါတယ် လင့်လမ်းပွိုင့်မှာ ကျတဲ့ ရဲဘော်လေးက တော့ တာဝန်ကျေပါတယ်
    နာမည်က ခင်မောင်မြင့် ပါခင်ဗျာ ။ရှာမှ ရှား တကယ့် မြန်မာ့ သားကောင်း ပီသသူ လို့ ကို မြင်ပါဒလယ်လို့

  • ဗိုက်ကလေး

    April 30, 2012 at 1:25 pm

    လှည်းတန်းက ဘဲဥတွေကို ပြုတ်စားပစ်..ကင်စားပစ်..ဖုတ်စားပစ်..

  • kaung kin pyar

    April 30, 2012 at 2:33 pm

    သူတို့က အဆီများတယ်နော်…။ Side effect တွေ များနေမှဖြင့်..။ ကောင်းကင်ပြာတော့ စားရဲပေါင်တော်…။ အကုသိုလ်တွေ ကိုယ့်ဆီဝင်လာဦးမယ်…။

  • Onyx

    April 30, 2012 at 2:44 pm

    စားနဲ့ ကောင်းကင်ပြာလေး တိုတို လှည်းတန်းက ဘာဂါ ဝယ်ကြွေးမယ် အဲ့ ဘဲဥတွေက အပုပ်တွေလေ
    အကွဲ ဘဲနဲ့တောင် အပုပ်နံတွေက ထွက်နေတာ ဟောဟော ပြောရင်းနံလာပြီ။လစ်စ်စ်စ်….ဟ……..

Leave a Reply